ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ တွင် ကုန်စျေးနှုန်းများ မြင့်တက်နေပြီး စားဖို ဆောင်သီးနှံနှင့် ဝက်သားစျေး စံချိန်တင်မြင့် တက်နေကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၂၅ ရက် တောင်ကြီးစျေးနေ့တွင် ဝက်သားတစ်ပိဿာ ကျပ်လေးသောင်း အထိ ဖြစ်ပေါ်ခဲ့ကာ ဝက် ရှားပါးခြင်းကြောင့် စျေးတက်ခြင်းဖြစ်ကြောင်း ဝက်သားရောင်း ချသည့်စျေးသည်တစ်ဦးက ပြောကြားသည်။
“အရင်တုန်းက သုံးသောင်းခွဲလေ။ အခု တစ်ပိဿာ ကျပ်လေးသောင်းဖြစ်တာ နှစ်ရက် ရှိပြီ ။ ဝက်ရှားနေလို့ စျေးတက်တာလည်းပါ တယ်။ ဝက်သားစျေးတက်နေလို့ နည်းနည်း လေး ပစ္စည်းလျော့ပြီး လုပ်နေရတယ်။ အသား သီးသန့်စျေးဆိုရင် ပိုတက်တာပေါ့” ဟု ၎င်းင်းက ပြောကြားသည်။
ကြက်သားစျေးမှာ အမာသား တစ်ပိဿာ လျှင် ကျပ် ၁၈၀၀၀၊ ၂၀၀၀၀၊ CP ကြက် တစ် ပိဿာ ကျပ် ၂၃၀၀၀ ပေါက်စျေးရှိကြောင်း သိရသည်။
“အသားတွေ စျေးတက်တော့ စားသုံးသူ နည်းလာတယ်။ လူတွေက ထမင်းဟင်းစားဖို့ လောက်ပဲ ကြိုးစားရှာနေရတာပေါ့။ သရေ စာတွေ သိပ်မစားနိုင်တော့ဘူး။ ဝက်သားကို အသားသီးသန့်ယူရင်က ပိုစျေးကြီးတယ်” ဟု အသားပေါင်းလုပ်ရောင်းသူတစ်ဦးက ပြော ကြားသည်။
တောင်ကြီးမြို့တွင် နိုဝင်ဘာလလယ်မှ စတင်၍ စားဖိုဆောင်သီးနှံများဖြစ်သော ခ ရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာ လူး၊ ငရုတ်သီးစိမ်း၊ ချင်းတို့ စျေးအဆမတန် မြင့်တက်လာနေကြောင်း ကုန်သည်များထံမှ သိရသည်။
နိုဝင်ဘာ ၂၅ ရက် တောင်ကြီးစျေးနေ့ တွင် အာလူးတစ်ပိဿာ ကျပ်တစ်သောင်းမှ ကျပ် ၁၂၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ကျပ် တစ်သောင်းငါးထောင်၊ ခရမ်းချဉ်သီး တစ်ပိ ဿာ ကျပ် ၈၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၅၅၀၀၊ ငရုတ်သီး တစ်ပိဿာလျှင် ကျပ် ၁၇၀၀၀ အထိ ပေါက်စျေးဖြစ်ပေါ်နေကာ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိ ရသည်။
“တောင်ကြီးမှာ လူဦးရေများလာတာ လည်းပါတယ်။ ဒီတစ်လအတွင်း ကုန်စျေးနှုန်း က သိသိသာသာကို မြင့်တက်လာတာပဲ။ အ ရင်က တစ်သောင်း နှစ်သောင်းနဲ့ စျေးဝယ်လို့ ရသေးတယ်။ အခုက အိမ်ပြင်ထွက်တာနဲ့ ဓာတ်ဆီဖိုးက တစ်သောင်း ၊ စျေးနေ့ဝယ်ရင် လေးငါးသောင်းကုန်တယ်လို့ ပြောနေကြတယ်။ ဒါတောင် ဘာမှမရဘူး။ အသားငါးတောင် မရဘူး။ အသီးအရွက်ကိုပဲ ငါးရက်စာတောင် မရတော့ဘူး။ အပြင်စာ ထွက်စားမယ်ဆိုရင် ပိုလို့ တောင် ကုန်ကျစရိတ်များသေးတယ်။ စားဝတ်နေရေး ပိုပြီးကျပ်တည်းလာတဲ့ သ ဘောပဲ” ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြော ကြားသည်။
ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် အသီးရှားပါးခြင်းကြောင့် ခရမ်းချဉ်သီး တစ် ပိဿာ ကျပ် ၈၀၀၀ အထိ ဖြစ်ခဲ့ကာ ပြည်မ မြေပြန့်သီးများ မထွက်မချင်း စျေးနှုန်းများမြင့် တက်နိုင်ကြောင်း အင်းလေးခရမ်းချဉ်သီးစိုက် တောင်သူများ၏ ပြောကြားချက်အရ သိရ သည်။
အင်းလေး ခရမ်းချဉ်သီးစျေးနှုန်းသည် အမြင့်စျေးရောက်ရှိနေသည်မှာ တစ်လကျော် ခန့် ကြာမြင့်နေပြီဖြစ်ပြီး အသီးရှားပါးခြင်း ကြောင့် မကြုံစဖူး အမြင့်ဆုံးစျေးကို ရောက်ရှိ ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ပန်းကုန်စိမ်းပွဲရုံ၏ နိုဝင်ဘာ ၂၃ ရက် ဖော်ပြချက်အရ ရှမ်းကြက်သွန်နီ တစ် ပိဿာ ကျပ် ၅၅၀၀ အထိ ပေါက်စျေးရှိခဲ့ကာ ချင်းအတက်ကြီး တစ်ပိဿာ ကျပ် ၄၅၀၀၊ အာလူးအသစ် မားကစ် တစ်ပိဿာ ကျပ် ၈၅၀၀၊ ကြက်သွန်ဖြူ ထူး ၅ တစ်ပိဿာ ကျပ်တစ် သောင်းငါးထောင်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀၊ ဥတစ်လုံး ကြက် သွန်ဖြူ တစ်ပိဿာ ကျပ် ၂၅၀၀၀ အထိ ပေါက် စျေးရှိနေကြောင်း သိရသည်။
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ နယ်တွင် လားရှိုးနှင့် လွိုင်ကော်ဘက်မှ နေရပ် ရှောင် ပြည်သူများ ခိုလှုံရောက်ရှိနေသဖြင့် ဝယ်လိုအား မြင့်တက်ခြင်းမှာလည်း ကုန်စျေး နှုန်းတက်နေရသည့် အကြောင်းရင်းတစ်ခုဖြစ် ကြောင်း သိရသည်။
အခြေခံစားသောက်ကုန် စျေးနှုန်းမြင့် တက်နေခြင်း၊ ဝက်သား ၊ အာလူးနှင့် ဆက်စပ် စားသောက်ကုန်များဖြစ်သော ပေါက်စီ၊ အ သားပေါင်း၊ ဒင်းဆမ်း၊ စမူဆာ၊ အာလူးကြော်၊ ကြက်သွန်ကင်ပေါင်းကြော်အစရှိသော စား သောက်ကုန်များလည်း စျေးနှုန်းများ မြင့်တက် လာကြောင်း သိရသည်။
တောင်ကြီးမြို့တွင် ပေါက်စီတစ်လုံးလျှင် ကျပ် ၂၀၀၀ မှ ၂၅၀၀၊ ခေါက်ဆွဲတစ်ပွဲ ၄၀၀၀ မှ ၆၀၀၀ ကျပ်၊ တိ့ုဟူးနွေးတစ်ပွဲ ကျပ် ၂၅၀၀ မှ ကျပ် ၃၀၀၀ အထိ စျေးနှုန်းမြင့်တက်နေ ကြောင်း သိရသည်။