Top News

ဆော်ဒီနှင့် ဟူသီတို့အကြား ]ခံစား}ရသော ပြည်သူများ
24htopnews | November 27, 2024 3:12 AM CST

ဆော်ဒီဦးဆောင်သော မဟာမိတ်များ က ယီမင်နိုင်ငံအတွင်း ဟူသီသူပုန်တို့ ထိန်း ချုပ်ထားသော နေရာများကို ၂၀၂၂ခု ဇန်နဝါ ရီ ၂၁ ရက် သောကြာနေ့တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံရသူ အနည်းဆုံး ၇၀ ဦး သေဆုံးခဲ့ပြီး အများ အပြား ဒဏ်ရာရခဲ့၏။ အာရပ်ကမ္ဘာ၏အ ဆင်းရဲဆုံးနိုင်ငံ ယီမင်ကို အင်တာနက် အ ဆက်အသွယ်များပါ ပြတ်တောက်စေခဲ့သော ဆော်ဒီမဟာမိတ်အုပ်စုက လေကြောင်းတိုက် ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

ဤတိုက်ခိုက်မှုသည် ယခုသီတင်းပတ် အစောပိုင်း၌ အီရန်တို့ကျောထောက်နောက် ခံပြုပေးထားသော ယီမင်နိုင်ငံအခြေစိုက် ဟူ သီများက အာရပ်စော်ဘွားများနိုင်ငံ (United Arab Emirates-UAE)  မြို့တော် အဘူဒါ ဘီကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်ရာမှ စတင်ခဲ့သည်။ (UAE အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်သော) ဆော်ဒီအာရေဗျ ဦးဆောင်သည့် မဟာမိတ်အဖွဲ့နှင့် ဟူသီလက်နက်ကိုင်အုပ်စု အကြား ၂၀၁၅ ခုနှစ်မှ စတင်ခဲ့သော တိုက်ပွဲ များကြောင့် ယီမင်နိုင်ငံတွင်း ပဋိပက္ခများမှာ တစ်စထက်တစ်စ ပိုမိုကျယ်ပြန့်လာနေခဲ့ သည်။

ယီမင်နိုင်ငံအရေး စွက်ဖက်နေသည့် ဆော်ဒီ ဦးဆောင်သော မဟာမိတ်အဖွဲ့တွင် UAE၊ ဆူဒန် (၂၀၁၅-၁၉)၊ ဘာရိန်း၊ ကာတာ (၂၀၁၅-၁၇)၊ အီဂျစ်၊ ဂျော်ဒန်၊ မော်ရိုကို (၂၀၁၅-၁၉) နှင့် ဆီနီဂေါတို့ ပါဝင်သည်။ အကူအပ့ံပေးနေသောအဖွဲ့အစည်းများမှာ အမေရိကန်ရေတပ်၊ အမေရိကန် အထူးတပ် ဖွဲ့၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အယ်လ်ကေဒါတို့ ဖြစ်ကြသည်။

မဟာမိတ်အဖွဲ့နှင့် ဆန့်ကျင်တိုက်ခိုက် နေသော အုပ်စုများမှာ ယီမင် တော်လှန်ရေး ကော်မတီ၊ နိုင်ငံရေးဦးဆောင်ကောင်စီ၊ ဟူသီများ၊ ယီမင်တပ်မတော် (၂၀၁၅-၁၇)၊ ယီမင်ရီပက်ဘလီကင်တပ်ဖွဲ့များ (၂၀၁၅-၁၇) တို့ဖြစ်သည်။ ယီမင်နိုင်ငံတွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်းဖြစ်သည့် ဥပဒေ နှင့် အခွင့်အရေးဖွံ့ဖြိုးမှု ဗဟိုဌာန (Leagal Centers for Rights & Development-LCRD) ၏ ၂၀၂၁ ခုနှစ် စာရင်းအချက်အလက်များအရ  နှစ်ဘက်ဆုံးရှုံးထိခိုက်မှုများအဖြစ် စုစုပေါင်း ၁၂,၉၀၇ ဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။ ထိုကိန်းဂဏန်း၌ အမျိုးသမီး ၁,၉၈၀ ဦးနှင့် ကလေးသူငယ် ၂,၇၆၈ ဦး ပါဝင်သည်။

ယီမင်နိုင်ငံမြောက်ပိုင်းကို ထိန်းချုပ်ထားသော ဟူသီအစိုးရ၊ ကျန်းမာရေးဝန်ကြီး တာဟာ အယ်လ်-မိုတာဝါကယ်က သေဆုံးခဲ့ သူ ၇၀ ကျော်မှာ အကျဉ်းထောင်အတွင်းမှဖြစ်ကြောင်း၊ နောက်ထပ် သေဆုံးသူရော ဒဏ်ရာ ရသူအရေအတွက်ပါ ယခုထက် ပိုမိုတိုးပွားလာမည်မှာ သေချာပေါက်ဖြစ်ကြောင်း AP သတင်းဌာနသို့  ပြောကြားခဲ့၏။ ဟူသီကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သေဆုံးသူ ၈၂ ဦးနှင့် ဒဏ်ရာရသူ ၂၆၆ ဦး ရှိသွားပြီဖြစ်ကြောင်း သတင်းဌာနက ဖော်ပြပါ သည်။

“အခုရင်ဆိုင်နေရတဲ့ ရာဇဝတ်မှုတွေကို ကမ္ဘာကြီးက နှုတ်ဆိတ်မနေကြပါနဲ့” ဟု အယ်လ်-မိုတာဝါကယ်က ပြောခဲ့သည်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ စေလွှတ်ပေးရန် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့များထံ ပန်ကြားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရ၍ အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရသူများကို ပြုစုကယ်တင်ရာတွင် ယီမင်နိုင်ငံ အတွင်းရှိ ကျန်းမာရေးလုပ်သားအင်အားမှာ ဝန်နှင့်အား မမျှမတဖြစ်နေကြောင်း၊ ကပ်ရောဂါကာလကပင် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု အရင်းအမြစ်များ ရှားပါးခဲ့ ကြောင်း ပြောပြသည်။

တိုက်ခိုက်မှုအပြီး နောက်တစ်ရက်ဖြစ်သော စနေနေ့နံနက် အစောပိုင်း၌ ဆော်ဒီ မဟာမိတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် တာကီအယ်လ်-မာလ်ကီက အဆိုပါ ဗုံးဒဏ်သင့်ခဲ့သောနေရာနှင့်ပတ်သက်၍ ပစ်မှတ်အဖြစ်မှ ရှောင်ကွင်းနိုင်ရန်အတွက် သတင်းပေးပို့ရန် လိုအပ်သည့်အဖွဲ့အစည်းများဖြစ်သော ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (International Committee of the red Cross –ICRC) တို့ထံ ဟူသီတို့ သတင်းမပို့ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့၏။ တစ်ဖန် ပဋိပက္ခဖြစ်ပွား၍ အရှုံး နှင့်ရင်ဆိုင်ရသည့်အခါတိုင်း ဟူသီစစ်အုပ်စုများ ပြောဆိုနေကျ “မျက်ရည်ချူသော ဓာတ် ပြားဟောင်းကြီး” ဖြစ်ကြောင်း သူက အခိုင်အမာဆိုပါသည်။ အယ်လ်-မာလ်ကီပြောခဲ့သလို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများထံ သတင်းပို့မပို့ကိစ္စမှာ စစ်ဆေးအတည်ပြုနိုင်ခြင်း မရှိသေးပါ။

သောကြာနေ့၌ပင် နောက်ထပ်တိုက်ခိုက်မှုတစ်ခုအဖြစ် ဟိုဒစ်ဒါ ဆိပ်ကမ်းမြို့ကြီးကို ဆော်ဒီတို့  လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း AP သတင်းဌာနက ဂြိုဟ်တုဓာတ်ပုံများကိုစိစစ်ကာ အတည်ပြုပေးခဲ့သည်။ ထို တိုက်ခိုက်မှုကြောင့် ယီမင်တစ်နိုင်ငံလုံးကို အင်တာနက်ချိတ်ဆက်ပေးနေသော ဆက် သွယ်ရေးဗဟိုဌာနတစ်ခုလုံး ပျက်စီးသွားခဲ့ရသည်။ ၂၀၁၄ ခုနှစ်ကတည်းက ဟူသီတို့၏မြို့တော်အဖြစ် သတ်မှတ်ခဲ့ရာ ဆန်နာအနီး တစ်ဝိုက်တွင်လည်း လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရသည်။

၂၀၁၈ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုနှင့် ကုလသမဂ္ဂတို့ ကမကထပြုခဲ့သော နှစ်ဦးနှစ်ဘက် စားပွဲဝိုင်းဆွေးနွေးပွဲများ ပျက်ပြယ်သွားပြီးနောက်ပိုင်း ဟိုဒစ်ဒါကို ဦးတည်တိုက်ခိုက်မှုများမှာ ပိုမိုကျယ်ပြန့်ပြင်း ထန်လာခဲ့သည်။

ယီမင် ICRC ၏ ပြောခွင့်ရပုဂ္ဂိုလ် ဘာရှီယာအိုမာက မြောက်ပိုင်းမြို့တော် ဆာဒါတွင် သူပုန်တို့၏ အကျဉ်းထောင်များအတွင်း အသက်ရှင်ကျန်ရစ်သူများ ကျန်ရှိပါက ဆက်လက်ကယ်တင်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။ ကြက်ခြေနီ အဖွဲ့သည် ဒဏ်ရာရသူများကို သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေကြောင်းနှင့် ကြက်ခြေနီအဖွဲ့၏ ကောက်ယူထားသော စာရင်းအရ သေဆုံးသူရော၊ ဒဏ်ရာရသူပါ ၁၀၀ ကျော်ပြီဖြစ်ကြောင်း ပြောပြသည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ၏ အဆိုအရ ဒဏ်ရာရသူမှာ “၂၀၀ ဝန်းကျင်” ရှိသည်။ MSF ခေါင်းဆောင်ဖြစ်သူ အမ္မဒ်မဟက်က “လေကြောင်းတိုက်ခိုက်ခံရပြီးတဲ့ နေရာတွေမှာ အလောင်းတွေအများကြီး ခုထိ ရှိသေးတယ်။ လူတွေအများကြီးလည်း ပျောက်နေကြတယ်”ဟု ပြောဆိုသည်။

ဆာဒါအကျဉ်းထောင်၌ ပြည်တွင်းရွှေ့ ပြောင်းနေထိုင်သူများကို ထိန်းသိမ်းထားကြောင်း Save the Children က ပြောသည်။ ယီမင်နိုင်ငံ Save the Children ၏ ဒါရိုက်တာ ဂီလီယန်မွိုက်စ်က “ရွှေ့ပြောင်းနေထိုင် သူတွေဟာ သူတို့ကိုယ်တိုင်နဲ့ သူတို့မိသားစုတွေအတွက် ပိုအသက်ရှူချောင်မလားလို့ နေရာလိုက်ရှာနေကြတာပါ။ ယီမင်မှာ အရပ် သူအရပ်သားတွေ ဒါဇင်နဲ့ချီပြီး ထိခိုက်ခဲ့ရပြီ။ ယီမင်အတွက် ကျွန်တော်တို့ မျှော်လင့်နိုင်တဲ့ အရုဏ်ဦးဆိုတာ မြင်မှမြင်ရပါတော့မလား”ဟု ညည်းညူခဲ့သည်။

ဟိုဒစ်ဒါကို လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နံနက် ၁ နာရီခန့်၌ တစ်နိုင်ငံလုံး အင်တာနက် ပြတ်တောက်သွားပြီဖြစ်ကြောင်း NetBlocks က ပြောခဲ့သည်။ ထိုအချိန်တွင် ယခင်က အစိုးရလက်ဝါးကြီးအုပ်ထားခဲ့သော TeleYemen  အဆောက်အအုံ တိုက်ခိုက် ခံရပြီး ဖြစ်သည်။ ၂၀၁၄ ခုနှစ်နောက်ပိုင်းမှစ၍ ဆာနာတွင် TeleTemen ကို ဟူသီတို့ ဦး ဆောင်ကိုင်တွယ်ထားခဲ့သည်။

စနေနေ့နံနက် အစောပိုင်းတွင် အင်တာနက် ပြတ်တောက်သွားခဲ့အပြီး ဟူသီတို့၏  Al-Masirah ဂြိုဟ်တုသတင်း ထုတ်လွှင့်ချက်အရ ဆက်သွယ်ရေးအဆောက်အအုံအပေါ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အမည်ဖော်ပြနိုင်ခြင်း မရှိသေးသော ပြည်သူအများအပြားကို သေဆုံးစေခဲ့သည်ဟု ဆိုပါသည်။ သတင်းထဲတွင် ဖရိုဖရဲဖြစ်နေသော အုတ်ကျိုးအုတ်ပဲ့များ အကြားမှ အလောင်းတစ်လောင်းနှင့် သွေးထွက်သံယို အသက်ရှင်လျက် ကျန်နေသူများကို ကူညီရေးဝန်ထမ်းများက ကယ်ဆယ်နေပုံကို တွေ့ရ၏။

Save the Children က ပြောသည်မှာ ဟိုဒစ်ဒါမြို့ တိုက်ခိုက်မှုကြောင့် ဘောလုံးကစားနေသော ကလေးသုံးယောက် သေဆုံးခဲ့ရသည်။ ဂြိုဟ်တုပုံရိပ်များအရရော၊ လူမှုကွန်ရက်၌ တက်လာသော ဓာတ်ပုံများအရပါ စိစစ်ကြည့်ခဲ့ရာ လေကြောင်းစစ်ဆင်ရေးအပြီး ဆက်သွယ်ရေးအဆောက်အအုံမှာ ပြား ပြားဝပ်သွားခဲ့သည်။

ဆော်ဒီမဟာမိတ်တပ်ဖွဲ့များ အနေနှင့် ဟူသီစစ်အုပ်စု၏ “စွမ်းဆောင်ရည်ကို ပျက်စီးစေမည့် တိကျသော လေကြောင်းတိုက်စစ်ဆင်မှု”ကို အကောင်အထည်ဖော်ခဲ့ကြောင်း ထုတ်ဖော်ခဲ့၏။ သို့သော် ဆက်သွယ်ရေးရုံး ပစ်မှတ်အား တိုက်ခိုက်ခဲ့ခြင်းကို အလျင်စလို အတည်မပြုခဲ့ဘဲ ဟိုဒစ်ဒါကို ပင်လယ်ဓားပြတို့ ကျက် စားရာဒေသ၊ ဟူသီတို့ထံ အီရန်လက်နက် မှောင်ခိုများ ခိုးဝင်ရာဒေသအဖြစ် ကင်ပွန်း တပ်ခဲ့သည်။

ကုလသမဂ္ဂမှ ကျွမ်းကျင်သူများ၊ လွတ်လပ်သော ပိုင်းခြားစိတ်ဖြာ သုံးသပ်သူများနှင့် အနောက်အုပ်စုက တီဟီရန်၏ လက်နက် ထောက်ပ့ံရေးလမ်းကြောင်း အထောက်အထားများ ဖော်ထုတ်ထားသည့်တိုင် အီရန်အ နေနှင့် ဟူသီတို့ကို လက်နက်တပ်ဆင်ပေးခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

သောကြာနေ့ လေကြောင်းတိုက်ခိုက်မှု နှင့်ပတ်သက်၍ ဟူသီထောက်ခံသူများက “အမေရိကန် လက်မည်းကြီး”ဟု လှုံ့ဆော်ခဲ့ကြ သည်။ ဟူသီမီဒီယာက လမ်းပေါ်တွင် ဗီဒီယိုများ ထောင်ချီ၍ ဖြန့်ခဲ့ကြသည်။ ဟူသီတို့ သည် ဆော်ဒီမဟာမိတ်အဖွဲ့ကို အမေရိကန်ဟု ညီမျှခြင်းချကာ မုန်းတီးရေးမီးကို မွှေးပေးလိုက်သည်။

ဆော်ဒီဦးဆောင်သော မဟာမိတ်တပ် ဖွဲ့သည် ၂၀၁၅ ခုနှစ်ကတည်းက ယီမင်ပြည်တွင်းစစ်၌ ဝင်ရောက်စွက်ဖက်ကာ ဟူသီတို့က ဖယ်ရှားခဲ့သော နိုင်ငံတကာ အသိအမှတ် ပြုအစိုးရအဖွဲ့ကို ထိန်းသိမ်းလိုသော ဆန္ဒရှိခဲ့၏။ ထိုအကျပ်အတည်းမှာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုကင်းမဲ့သော ပဋိပက္ခ အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီး ဆော်ဒီမဟာ မိတ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများသည် တိုင်းသူပြည်သားရာထောင်ချီ၍ သေဆုံးစေသည်သာမက အခြေခံအဆောက်အအုံများလည်း ပြိုလဲခဲ့ရသည်။ တစ်ချိန်တည်းတွင် ဟူသီတို့က ကလေးစစ်သားများ အသုုံးပြုခြင်း၊ နိုင်ငံအနှံ့ မြေမြှုပ်မိုင်းများ လက်လွတ်စပယ် ထောင်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့လေသည်။

ယီမင်နိုင်ငံပြည်တွင်းစစ် ကာလတစ်လျှောက် လူပေါင်း ၁၃၀ç၀၀၀ ခန့် သေကြေ ပျက်စီးခဲ့ရာ အရပ်သား ၁၃,၀၀၀ ကျော် အသတ်ခံခဲ့ကြရသည်။ ပြီးခဲ့သော တနင်္လာ နေ့ ဇန်နဝါရီ ၁၇ ရက်တွင် ဆော်ဒီ၏ မဟာ မိတ်အဖွဲ့ဝင် UAE နိုင်ငံ၊ အဘူဒါဘီကို ဟူသီတို့ ဒရုန်းလက်နက်၊ ဒုံးကျည်တို့ဖြင့် ပစ်ခတ်ခဲ့၍ သုံးဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့သည်။ UAE အနေနှင့် ပဋိပက္ခဒေသ အတွင်းမှ သူ့တပ်များကို ဆုတ်ခွာခဲ့သည့်တိုင် စစ်ပွဲနှင့် ဆက်လက်ပတ်သက်နေဆဲဖြစ်ပြီး ယီမင်နိုင်ငံအတွင်းရှိ ဟူသီဆန့်ကျင်ရေး လက်နက်ကိုင်များအား ထောက်ပ့ံမှုကူညီမှုများ ပြုလုပ်ခဲ့သည်။

မျှော်မှန်းရခက်သော ခြိမ်းခြောက်ချက် တစ်ရပ်မှာ ဟူသီစစ်ဘက်ရေးရာ ပြောရေးဆို ခွင့်ရှိသူ ယဟိယာဆာရီက UAE ရှိ ပြည်ပကုမ္ပဏီများ အမြန်ဆုံးထွက်ခွာသွားသင့်ကြောင်း၊ “ဤနိုင်ငံ (UAE) မှ အုပ်စိုးသူများ က ကျွန်ုပ်တို့နိုင်ငံ (ယီမင်/ဟူသီ) ကို ဆက်လက်တိုက်ခိုက်နေသမျှ ကာလပတ်လုံး” လုံခြုံစိတ်ချရသော အခြေအနေမရှိကြောင်း တွစ်တာပေါ်၌ ရေးတင်ခဲ့သည်။

UAE နှင့် ဆော်ဒီအာရေဗျနိုင်ငံအတွင်း ဟူသီတို့၏ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ သောကြာနေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက “ကောက်ကျစ်ယုတ်မာသော အကြမ်းဖက်တိုက်ခိုက်မှု”အဖြစ် ရှုတ်ချလိုက် သည်။ လက်သည်တရားခံများကို “တာဝန်ယူ ဖော်ထုတ်၍ တရားခွင်သို့ အရောက်ပို့ရန်”လိုအပ်ကြောင်း မီးမောင်းထိုးပြခဲ့၏။

ဟူသီတို့ UAE ကို တိုက်ခိုက်မှုနှင့်ပတ်သက်၍ အမေရိကန်၏ ထုတ်ပြန်ကြေငြာချက်ကို နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဇယ်ဘင်ဖာဟန်သို့ ပြောကြားကာ ရှုတ်ချ မှုပြုခဲ့ပါသည်။

သို့သော် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ ကြားခံနေ၍လော မသိ။ ယီမင်နိုင်ငံအတွင်း လူရာချီပြီး သေဆုံးခဲ့ရသော သောကြာနေ့က ဆော်ဒီ၏ လေကြောင်းတိုက်ခိုက်မှုအတွက် ပြစ်တင်ရှုတ်ချသော စကားတစ်ခွန်း၊ ကန့် ကွက်အရေးယူမှု တစ်စုံတစ်ရာသော်မှ ကြား သိတွေ့မြင်ရခြင်း မရှိသေးပါ။


READ NEXT
Cancel OK