တိုယိုတာမော်တော်ကား ကော်ပိုရေးရှင်းက စီစဉ်ထားသည်ထက် ငါးနှစ်စောပြီး ၂၀၂၅ ခုနှစ်မတိုင်မီ ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ရောင်းချမှုထက်ဝက်ကို လျှပ်စစ်ကားရောင်းချမှုမှ ရရှိရန် မျှော်မှန်းထားသည်။ လျှပ်စစ်စွမ်းအင်သုံးကားများဆီသို့ တစ်ရှိန်ထိုးမြင့်တက်လာသည့် ကမ္ဘာအနှံ့ ပြောင်းလဲမှုကို ဖြည့်ဆည်းပေးရန် တိုယိုတာသည် ဘက်ထရီထုတ်လုပ်သည့် တရုတ်ကုမ္ပဏီနှင့် တွဲဖက်လုပ်ဆောင်မည်ဖြစ်သည်။
ယင်းပြောင်းလဲမှုက မော်တော်ကားလုပ်ငန်းတွင် ပြောင်းလဲလာသည့် လျှပ်စစ်ကားစျေးကွက် (EV) ၌ ဖြစ်ထွန်းမှု အရှိန်အဟုန်မြင့်တက်လာမှုကို ပြသမှုနှင့် ဂျပန်၏ ကားထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီသည် ဘက်ထရီများအတွက် ဝယ်လိုအား ဖြည့်ဆည်းပေးနိုင်စွမ်းမရှိသည်ကို အသိအမှတ် ပြုမှုတစ်ခုလည်းဖြစ်သည်။
တိုယိုတာသည် လောင်စာဆီထက် ဘက်ထရီများအသုံးပြုသည့် ကားများအတွက် မျှော်မှန်းထားသည်ထက် ပိုမိုမြင့်မားသည့် ဝယ်လိုအားနှင့် ကြုံတွေ့နေရသည်ဟု ဒုတိယဥက္ကဋ္ဌ Shigeki Terashi က ဇွန် ၇ ရက်တွင် ပြောကြားခဲ့သည်။
ဓာတ်ငွေ့ထုတ်လွှတ်မှု စည်းမျဉ်းများ ပိုမိုတင်းကျပ်လာမှုသည်လည်း လာမည့်ငါးနှစ်တွင် Lithium-ion ဘက်ထရီကားများကို စီစဉ်ထားသည်ထက် ပိုမိုထုတ်လုပ်ရန်အတွက် တွန်းအားဖြစ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“လျှပ်စစ်ကားဘက်ထရီထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် စဉ်းစားတဲ့အခါမှာ Prius အတွက် ဘက်ထရီထုတ်လုပ်တဲ့အချိန်ကို ပြန်ရောက်သွားတယ်။ ကျွန်တော်တို့ ထုတ်လုပ်နိုင်တဲ့ ဘက်ထရီပမာဏနဲ့ လိုအပ်တဲ့ ဘက်ထရီပမာဏအကြား ကွာဟချက်တွေ ရှိတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
စွမ်းအင်ရောစပ်သုံးနှင့် Hybird plugins ကားများအတွက် ဘက်ထရီများ ထုတ်လုပ်ခဲ့သည့် တိုယိုတာက ဘက်ထရီဝယ်ယူမှုအတွက် တရုတ်၏ Contemporary Amperex Technology Co Ltd (CATL)နှင့် လျှပ်စစ်ကားထုတ်လုပ်သည့် BYD Co Ltd တို့နှင့် လက်တွဲလုပ်ဆောင်မည်ဟု ထုတ်ပြန်ခဲ့သည်။
တိုယိုတာသည် ကိုယ်ပိုင် lithium- ion လျှပ်စစ်ကားဘက်ထရီနည်းပညာကို တီထွင်ခဲ့သည့်မှာ ဆယ်စုနှစ်များစွာရှိပြီဖြစ်ပြီး ထောင့်မှန်စတုဂံပုံ ပရစ်ဇမ်ပါသော ဘက်ထရီများထီထွင်ထုတ်လုပ်ရန် Panasonic နှင့် လက်တွဲခဲ့သည်။
ခရီးတိုများအတွက် အားတစ်ကြိမ်သွင်းလျှင် တစ်နာရီ ၆၀ ကီလိုမီတာနှင့် ၁၀၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်မည့် နှစ်ယောက်စီးကား ဒီဇိုင်းတစ်ခုကိုလည်း တိုယိုတာက ကြေညာခဲ့သည်။ လျှပ်စစ်ကားများအတွက် ဝယ်လိုအားမြင့်တက်လာသော်လည်း အမြတ်အစွန်း ပိုမိုနည်းပါးသွားမည်ဟု Terashi က ပြောကြားခဲ့သည်။
-
တေးသံရှင်မျိုးကျော့မြိုင်၏ Mini Concert ကို မေ ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ M Cube Music Bar ၌ ပြုလုပ်မည်
-
ဂျန်ဒေါင်ဂန်းနှင့် ဆောင်ဂျွန်ကီတို့ အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ထားသည့် Arthdal Chronicles ဇာတ်လမ်းတွဲကို ဇွန် ၁ ရက်တွင် စတင်ထုတ်လွှင့်မည်
-
ပရော်ဖက်ရှင်နယ်မော်ဒယ်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေ အများကြီးဆက်လုပ်သွားဖို့ရှိတဲ့ Mဆိုင်းလူရဲ့ ငယ်စဉ်ဘဝ အမှတ်တရ ဖြတ်သန်းရာ
-
1 MDB အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်သည့် ဂျိုလိုနှင့် ညစာစားပွဲတက်ဖူးသည်ဟု PSY ပြောကြား
-
U2 အဖွဲ့က စင်ကာပူတွင် ပထမဆုံးအကြိမ် ဖျော်ဖြေပွဲ ပြုလုပ်မည်