တေးသံရှင်မျိုးကျော့မြိုင် တစ်ကိုယ်တော်ဖျော်ဖြေတင်ဆက်မည့် Mini Concert ကို မေ ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ M Cube Music Bar ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဂီတဖျော်ဖြေ ပွဲတွင် တေးသံရှင်မျိုးကျော့မြိုင်က လတ်တလောထွက်ရှိထားသည့် ‘လူငယ်တွေ Sorry ပါ’ တေးအယ်လ်ဘမ်အတွင်းမှ တေးသီချင်းများနှင့် အခြားထင်ရှားသည့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။ လက်မှတ်များကိုလည်း ရောင်းချလျက်ရှိပြီး လက်မှတ်စျေးနှုန်းများအား ကျပ်သုံးသောင်း၊ နှစ်သောင်းဟု အသီးသီးသတ်မှတ်ထားကြောင်း သိရသည်။ လက်မှတ်ဝယ်ယူလိုသူများအနေဖြင့် M Cube Waizayandar Branch နှင့် မြန်မာပလာဇာ မှ SNW Music Store တွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော့်ရဲ့အယ်လ်ဘမ်သစ်ဖြစ်တဲ့ လူငယ်တွေ Sorry ပါကိုမေ ၂၅ မှာ စတင်ဖြန့်ချိထားပါတယ်။ ဒီအယ်လ်ဘမ်ထွက်တဲ့ အမှတ်တရအနေနဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သီချင်းလေးတွေဆိုဖို့အတွက် Mini Concert စီစဉ်ဖြစ်တာပါ။ ဒီပွဲမှာက လတ်တလောထွက်ထားတဲ့ အယ်လ်ဘမ်ထဲကသီချင်းလေးတွေလည်း ဆိုမယ်။ မကြာခင်က ထွက်ရှိထားတဲ့ သီချင်းဟောင်းတွေ စုစည်းထားတဲ့ Memories 1,Memories 2 အယ်လ်ဘမ်တွေထဲက သီချင်းတွေလည်းဆိုပါမယ်။ ကျွန်တော်နဲ့အတူ သီချင်းတွေဆိုရင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု တေးသံရှင်မျိုးကျော့မြိုင်က ဆိုသည်။
တေးသံရှင်မျိုးကျော့မြိုင်၏ Mini Concert ကို ည ၇ နာရီတွင် စတင်မည်ဖြစ်ကာ တေးသီချင်းများစွာဖြင့် ဖျော်ဖြေတင်ဆက်ရန်စီစဉ်ထားခြင်းဖြစ်သည်။ ကြိုတင်လက်မှတ်များ ဝယ်ယူကာ အားပေးကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
တေးသံရှင်မျိုး ကျော့မြိုင်သည် ‘လူငယ်တွေ Sorry ပါ’ တေးအယ်လ်ဘမ်သစ်ကို မေ ၂၅ ရက်တွင် စတင်ထွက်ရှိထားပြီး ၎င်းကိုယ်တိုင် ရေးသားဖန်တီးထားသည့်တေးသီချင်း ၁၁ ပုဒ်ပါဝင်ထားကြောင်း သိရသည်။ ယင်းတေးသီချင်းများတွင် လူငယ်များအတွက် လက်ဆင့်ကမ်းပေးလိုသည့် သတင်းစကားများ၊ လက်ရှိခေတ်ကာလ အခြေအနေများအပေါ် ထင်မြင်ယူဆမှုများ၊ အချစ်ခံစားမှုသီချင်းကောင်းများစွာ ပါဝင်ထားပြီး အတွေး အမြင်ကို ဦးစားပေးရေးဖွဲ့ထားသည့် တေးသီချင်းအများစု ပါဝင်ထားကာ ပရိသတ်များကြားတွင် ပျံ့နှံ့လျက်ရှိသည်။
-
နွေရာသီတွင် အစ်ဆွစ်ချ်အသင်း ကစားသမားတစ်ဦးခေါ်ယူနိုင်ရန် ရှယ်ယာရှင်နှင့် စပွန်ဆာတစ်ဦးဖြစ်သူ နာမည်ကြီး အင်္ဂလိပ်ပေါ့ပ် အဆိုတော် အက်ဒ်ရှီးရန် ကူညီပေးခဲ့
-
ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကာကွယ်ရေး စည်းကမ်းများ လိုက်နာမှုရှိစေရေး တိုင်းအစိုးရအဖွဲ့က တင်းကျပ်စွာ ဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
-
ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ကူးစက်မှုနှုန်းနည်းသည့် မြို့နယ်၊ ရပ်ကွက်များကို Stay at Home အစီအစဉ် ဖြေလျှော့ရန် ကျန်းမာရေး ဝန်ကြီးဌာန စီစဉ်နေ
-
နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပထမကျောင်းသားသပိတ် စတင်ခဲ့ရာ ဦးအရိယ ကျောင်းတိုက်ရှိ သပိတ်မှောက် ကျောက်တိုင်တွင် အလေးပြုခြင်း အခမ်းအနားပြုလုပ်
-
မွန်ပြည်နယ်တွင် နှစ်ရက်အတွင်း COVID-19 လူနာ သုံးဦးသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၇ ဦးအထိရှိလာ