ကိုရီးယားထိပ်တန်းသရုပ်ဆောင်များဖြစ်သည့် ဂျန်ဒေါင်ဂန်းနှင့် ဆောင်ဂျွန်ကီတို့ အဓိကဇာတ်ကောင်များအဖြစ်ပါဝင်ထားသည့် စိတ်ကူးယဉ်ဒရာမာဇာတ်လမ်းတွဲ Arthdal Chronicles ကို ဇွန် ၁ ရက်တွင် tvN နှင့် Netflix တို့၌ စတင်ထုတ်လွှင့်ပြသမည် ဖြစ်သည်။
Arth ဟုခေါ်ဆိုသည့် စိတ်ကူးယဉ် တိုက်တစ်တိုက်၏ ကြေးခေတ်ကာလတွင် မျိုးနွယ်စု အကြီးအကဲများက ပထမနိုင်ငံထူထောင်သည့် ထီးနန်းအရိုက်အရာအတွက် အာဏာယှဉ်ပြိုင်မှုအကြောင်း ရိုက်ကူးထားသည့် ယင်းဇာတ်လမ်းတွဲတွင် ဂျန်ဒေါင်ဂန်းက စစ်သူရဲကောင်း Tae Gon အဖြစ်သရုပ်ဆောင်ထားပြီး ဆောင်ဂျွန်ကီက ကျိန်စာသင့် မွေးဖွားခဲ့ပြီး ကြီးပြင်းလာချိန်တွင် မြို့ပြနိုင်ငံကို အုပ်ချုပ်သူဖြစ်လာမည့် Eun-seom အဖြစ် သရုပ်ဆောင်ထားသည်။
အပိုင်း ၁၈ ပိုင်းပါဝင်ပြီး ဒေါ်လာ ၃၃.၇ သန်း အကုန်ကျခံရိုုက်ကူးခဲ့သည့် ယင်းဇာတ်လမ်းတွဲသည် ယခုနှစ်တွင် ငွေကြေးသုံးစွဲမှု အများဆုံး ကိုရီးယားဇာတ်လမ်းတွဲဖြစ်သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။ ဒါရိုက်တာ Kim Won-seok ရိုက်ကူးသည့် ယင်းဇာတ်လမ်းတွဲတွင် ကင်ဂျီဝန်နှင့် KimKim Ok တို့လည်း ပါဝင်သရုပ်ဆောင်ထားသည်။ ရှေးခေတ်နိုင်ငံတည်ထောင်မှုနှင့် ထီးနန်းအရိုက်အရာအတွက် အာဏာယှဉ်ပြိုင်မှု အကြောင်း ပုံဖော်ရိုက်ကူးထားသည့် ယင်းဇာတ်လမ်းတွဲကို နိုင်ငံတကာတွင် အောင်မြင်မှုရရှိခဲ့သည့် အမေရိကန်ရုပ်သံဇာတ်လမ်းတွဲ Game of Throne နှင့် မီဒီယာများက နှိုင်းယှဉ်ဖော်ပြခဲ့သည်။
ယင်းဇာတ်လမ်းတွဲသည် ဆောင်ဂျွန်ကီအတွက် Descendants of the Sun ဇာတ်လမ်းတွဲရိုက်ကူးပြီး သုံးနှစ်နီးပါးအကြာတွင် ပထမဆုံး ရိုက်ကူးသည့် ဇာတ်လမ်းတွဲဖြစ်သည်။
“Arthdal Chronicles က ကျွန်တော့်အတွက် စိန်ခေါ်မှုအများဆုံး ဇာတ်လမ်းတွဲတစ်ခုပါ။ ဒီဇာတ်လမ်းတွဲက ကိုရီးယားဇာတ်လမ်းတွဲဆိုပေမယ့် ကမ္ဘာရဲ့ ဘယ်အချိန်ကာလမဆို ဖြစ်ပျက်နိုင်တဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ ဘာ သာရေး အကြောင်းအရာတွေလည်း ပါဝင်တယ်” ဟု ဆောင်က ပြောကြားခဲ့သည်။
ဂျန်ဒေါင်ဂန်းကလည်း ဇာတ်ညွှန်းဖတ်ပြီး ယင်းဇာတ်လမ်းတွဲတွင်ပါဝင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ မိမိ၏ဇာတ်ကောင်သည် အကောင်းနှင့် အဆိုး ဒွန်တွဲနေသည့် ဇာတ်ကောင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“Arthdal Chronicles ကျွန်တော် ငယ်ငယ်က အဘွားပြောပြခဲ့ဖူးတဲ့ ဒဏ္ဍာရီလာ ပုံပြင်လိုမျိုးပါပဲ” ဟု Descendants of the sun ဇာတ်လမ်းတွဲဖြင့် အောင်မြင်ခဲ့သည့် ဂျန်က ပြောကြားခဲ့သည်။
-
နွေရာသီတွင် အစ်ဆွစ်ချ်အသင်း ကစားသမားတစ်ဦးခေါ်ယူနိုင်ရန် ရှယ်ယာရှင်နှင့် စပွန်ဆာတစ်ဦးဖြစ်သူ နာမည်ကြီး အင်္ဂလိပ်ပေါ့ပ် အဆိုတော် အက်ဒ်ရှီးရန် ကူညီပေးခဲ့
-
ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကာကွယ်ရေး စည်းကမ်းများ လိုက်နာမှုရှိစေရေး တိုင်းအစိုးရအဖွဲ့က တင်းကျပ်စွာ ဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
-
ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ကူးစက်မှုနှုန်းနည်းသည့် မြို့နယ်၊ ရပ်ကွက်များကို Stay at Home အစီအစဉ် ဖြေလျှော့ရန် ကျန်းမာရေး ဝန်ကြီးဌာန စီစဉ်နေ
-
နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပထမကျောင်းသားသပိတ် စတင်ခဲ့ရာ ဦးအရိယ ကျောင်းတိုက်ရှိ သပိတ်မှောက် ကျောက်တိုင်တွင် အလေးပြုခြင်း အခမ်းအနားပြုလုပ်
-
မွန်ပြည်နယ်တွင် နှစ်ရက်အတွင်း COVID-19 လူနာ သုံးဦးသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၇ ဦးအထိရှိလာ