အစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1 MDB အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မလေးရှားနိုင်ငံသား ဂျိုလိုသည် ၎င်း၏မိတ်ဆွေဖြစ်ကြောင်း ကိုရီးယားရက်ပ်အဆိုတော် PSY က မေ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ YG Entertainment ၏ ဥက္ကဋ္ဌ Yang Hyun-suk စီစဉ်သည့် ညစာစားပွဲတစ်ခုကို ဂျိုလိုနှင့်အတူ တက်ခဲ့ဖူးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
မိတ်ဆွေဖြစ်သည့် PSY မှတစ်ဆင့် ဥက္ကဋ္ဌ Yang နှင့် တွေ့ဆုံခဲ့သည်ဟု ဂျိုလိုက ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်မှတစ်ဆင့် ပြောကြားခဲ့သော်လည်း ညစာစားပွဲတွင် Yang စီစဉ်ပေးခဲ့သည့် လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုကို လက်ခံခဲ့သည်ဆိုသော စွပ်စွဲချက်များအား ငြင်းဆိုခဲ့သည်။ 1 MDB အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး မလေးရှား၊ စင်ကာပူနှင့် အမေရိကန်နိုင်ငံတို့မှ အာဏာပိုင်များက ဂျိုလိုကို ဖမ်းဆီးရန် ကြိုးပမ်းနေကြသည်။
MBC ရုပ်သံက မေ ၂၇ ရက်နှောင်းပိုင်းက ထုတ်လွှင့်ခဲ့သည့် Straight အစီအစဉ်တွင် Yang သည် ၂၀၁၄ ခုနှစ် ဇူလိုင်တွင် အရှေ့တောင်အာရှ ရင်းနှီးမြှုပ်နှံသူများအတွက် ညစာစားပွဲနှင့် လိင်ဝန်ဆောင်မှုများ စီစဉ်ပေးခဲ့သည်ဟု ဖော်ပြခဲ့သည်။ အဆိုပါရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ဦးသည်မှ 1MDB မှ ဒေါ်လာ ၄.၅ ဘီလျံ အလွဲသုံးစားလုပ်မှု အရှုပ်တော်ပုံတွင် အဓိကျသည့် လို ဖြစ်ပြီး ကျန်တစ်ဦးသည် Bob ဟုခေါ်ဆိုသည့် ထိုင်းနိုင်ငံသားတစ်ဦးဟု ယူဆကြောင်း Straight အစီအစဉ်တွင် ဖော်ပြခဲ့သည်။
“သူ(ဂျိုလို)က ကောင်းတဲ့သူဖြစ်စေ၊ မကောင်းတဲ့သူဖြစ်စေ သူက ကျွန်တော့် မိတ်ဆွေပါပဲ။ ဂျိုလိုနဲ့ သူ့မိတ်ဆွေတွေ ကိုရီးယားကိုလာတုန်းက ညစာစားဖို့ Yang နဲ့ ကျွန်တော်က ဖိတ်ခဲ့တယ်။ အခြားဧည့်သည်တွေနဲ့ပါ ညစာအတူ စားသောက်ပြီး Yang နဲ့ ကျွန်တော်က အရင်ထွက်လာကြတယ်” ဟု Psy က Instagram တွင် ရေးသားခဲ့သည်။
ပြည်ပတွင် အနုပညာလုပ်ငန်းများ လုပ်ဆောင်စဉ် သိကျွမ်းခဲ့သည့် လိုကို Yang နှင့် မိတ်ဆက်ပေးခဲ့ကြောင်း PSY က ပြောကြားခဲ့သည်။ “အဲဒီအချိန်တုန်းက အဝေးကလာတဲ့ မိတ်ဆွေနဲ့ ညစာအတူစားခဲ့တာလို့ ကျွန်တော်ယူဆခဲ့တယ်။ စိုးရိမ်စရာတွေဖြစ်စေတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်” ဟု PSY က ပြောကြားခဲ့သည်။
လိုနှင့် Bob ကို ဧည့်ခံခဲ့သည့် ညစာစားပွဲတွင် YG နှင့် နီးစပ်မှုရှိသည့်adult entertainment establishment တစ်ခုမှ ပြည့်တန်ဆာ ၁၀ ဦးကျော် ပါဝင်ခဲ့သည်ဟု ယင်းရုပ်သံအစီအစဉ်တွင် ဖော်ပြခဲ့သည်။ YG ကမူ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များသာဖြစ်သည်ဟု ငြင်းဆိုခဲ့သည်။ တောင်ကိုရီးယားရှိ ထိပ်တန်းအနုပညာကုမ္ပဏီသုံးခုထဲမှ တစ်ခုဖြစ်သည့် YG Entertainment သည် BigBang Blackpink နှင့် Winner အဖွဲ့အပါအဝင် ကေပေါ့ပ်အဆိုတော်များစွာကို စင်တင်ပေးခဲ့သည်။
YG ၏ ကုမ္ပဏီခွဲဖြစ်သည့် YGX ၏ အမှုဆောင်တစ်ဦးနှင့်အတူပါလာသည့် ထိုင်းအမျိုးသားတစ်ဦးက BigBang အဖွဲ့ဝင်ဟောင်း ဆန်းရီပိုင်သည့် Burning Sun ကလပ်တွင် မိမိကို မုဒိမ်းကျင့်ခဲ့သည်ဟု အမျိုးသမီးတစ်ဦးက Straight အစီအစဉ်၌ စွပ်စွဲခဲ့သည်။
-
နွေရာသီတွင် အစ်ဆွစ်ချ်အသင်း ကစားသမားတစ်ဦးခေါ်ယူနိုင်ရန် ရှယ်ယာရှင်နှင့် စပွန်ဆာတစ်ဦးဖြစ်သူ နာမည်ကြီး အင်္ဂလိပ်ပေါ့ပ် အဆိုတော် အက်ဒ်ရှီးရန် ကူညီပေးခဲ့
-
ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကာကွယ်ရေး စည်းကမ်းများ လိုက်နာမှုရှိစေရေး တိုင်းအစိုးရအဖွဲ့က တင်းကျပ်စွာ ဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
-
ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ကူးစက်မှုနှုန်းနည်းသည့် မြို့နယ်၊ ရပ်ကွက်များကို Stay at Home အစီအစဉ် ဖြေလျှော့ရန် ကျန်းမာရေး ဝန်ကြီးဌာန စီစဉ်နေ
-
နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပထမကျောင်းသားသပိတ် စတင်ခဲ့ရာ ဦးအရိယ ကျောင်းတိုက်ရှိ သပိတ်မှောက် ကျောက်တိုင်တွင် အလေးပြုခြင်း အခမ်းအနားပြုလုပ်
-
မွန်ပြည်နယ်တွင် နှစ်ရက်အတွင်း COVID-19 လူနာ သုံးဦးသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၇ ဦးအထိရှိလာ