အိုင်ယာလန်ရော့ခ်အဖွဲ့ U2 က ဂီတသက်တမ်း အနှစ် ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စင်ကာပူတွင် ယခုနှစ်နှောင်းပိုင်း၌ ဖျော်ဖြေပွဲပြုလုပ်မည်ဟု u2.com ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သော်လည်း နေရာနှင့် အချိန်ကို အသေးစိတ်မထုတ်ပြန်ခဲ့ပေ။
The Joshua Tree အယ်လ်ဘမ်ဖြန့်ချိသည့် နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ်ပြုလုပ်ခဲ့သည့် The Joshua Tree ဖျော်ဖြေပွဲခရီးစဉ်၏ အာရှ - ပစိတ်ဖိတ်ဒေသခရီးစဉ် တစ်ခုအဖြစ် U2 အဖွဲ့က စင်ကာပူတွင် ဖျော်ဖြေရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယင်းဖျော်ဖြေပွဲ ခရီးစဉ်ကို နိုဝင်ဘာ ၈ ရက်တွင် နယူးဇီလန်နိုင်ငံ၊ အော့ကလန်မြို့၌ စတင်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် သြစတြေးလျ၊ ဂျပန်၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ဖျော်ဖြေမည်ဖြစ်သည်။
“ဒီသီချင်းတွေကို ဘယ်လိုသီဆိုရမယ်ဆိုတာကို လေ့လာသင်ယူခဲ့တာ နှစ် ၃၀ ကြာပါပြီ။ The Joshua Tree ဖျော်ဖြေပွဲခရီးစဉ်ဟာ ကျွန်တော်တို့အတွက် အရမ်းအရေးပါပါတယ်” ဟု အဖွဲ့၏ ခေါင်းဆောင်အဆိုတော် ဘိုနိုက ပြောကြားခဲ့သည်။ U2 အဖွဲ့သည် The Joshua Tree ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်ကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ပြီး မြောက်အမေရိက၊ လက်တင်အမေရိကနှင့် ဥရောပတို့တွင် ဖျော်ဖြေခဲ့သည်။ ယင်းဖျော်ဖြေပွဲခရီးစဉ်သည် ၂၀၁၇ ခုနှစ်တွင် ဖျော်ဖြေပွဲ ၅၁ ပွဲအတွက် ဒေါ်လာ ၃၁၇ သန်း ရရှိခဲ့ပြီး ယင်းနှစ်၏ ဝင်ငွေအများဆုံးရ ဖျော်ဖြေပွဲခရီးစဉ်ဖြစ်ခဲ့သည်ဟု Variety မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
ဘိုနို၊ လာရီမူလန်ဂျူနီယာ၊ အဒမ်ကလေတိန်နှင့် Edge တို့ဖြင့် ဖွဲ့စည်းထားသည့် U2 အဖွဲ့သည် With or Without You၊ I Still Haven’t Found What I’m Looking For နှင့် Where The Streets Have No Name သီချင်းများဖြင့် အောင်မြင်မှု ရရှိခဲ့သည်။
-
နွေရာသီတွင် အစ်ဆွစ်ချ်အသင်း ကစားသမားတစ်ဦးခေါ်ယူနိုင်ရန် ရှယ်ယာရှင်နှင့် စပွန်ဆာတစ်ဦးဖြစ်သူ နာမည်ကြီး အင်္ဂလိပ်ပေါ့ပ် အဆိုတော် အက်ဒ်ရှီးရန် ကူညီပေးခဲ့
-
ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကာကွယ်ရေး စည်းကမ်းများ လိုက်နာမှုရှိစေရေး တိုင်းအစိုးရအဖွဲ့က တင်းကျပ်စွာ ဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
-
ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ကူးစက်မှုနှုန်းနည်းသည့် မြို့နယ်၊ ရပ်ကွက်များကို Stay at Home အစီအစဉ် ဖြေလျှော့ရန် ကျန်းမာရေး ဝန်ကြီးဌာန စီစဉ်နေ
-
နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပထမကျောင်းသားသပိတ် စတင်ခဲ့ရာ ဦးအရိယ ကျောင်းတိုက်ရှိ သပိတ်မှောက် ကျောက်တိုင်တွင် အလေးပြုခြင်း အခမ်းအနားပြုလုပ်
-
မွန်ပြည်နယ်တွင် နှစ်ရက်အတွင်း COVID-19 လူနာ သုံးဦးသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၇ ဦးအထိရှိလာ