Top News

ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် သက်ထားသူဇာ အဆင့် ၄၅ သို့တက်လှမ်းနိုင်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက် ကမ္ဘာ့အဆင့်ရပ်တည်ချက် အမြင့်ဆုံးဖြစ်လာ
24htopnews | November 19, 2024 1:12 AM CST

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ် (BWF) က နောက်ဆုံးထုတ်ပြန်သည့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်၌ အဆင့် ၄၅ နေရာသို့ တက်လှမ်းလာနိုင်ပြီး ကစားသမားဘဝတစ်လျှောက် အမြင့်ဆုံးရပ်တည်မှုဖြစ်လာ ကြောင်း သိရသည်။

သက်ထားသူဇာသည် ၂၀၁၈ နှစ်ကုန်ပိုင်းမှစ၍ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) ကကျင်းပသည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆင့် ၅၀ ကျော်နှင့် ၆၀ ကျော်အတွင်း ကာလရှည်ရပ်တည်ခဲ့သော်လည်း သြဂုတ်လကုန်ပိုင်းမှစ၍ ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် ၅၀ အောက် ရောက်ရှိလာခြင်းဖြစ်သည်။ 

သက်ထားသူဇာသည် သြဂုတ် ၃၀ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အမြင့်ဆုံးအဖြစ် အဆင့် ၄၈ နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး စက်တင်ဘာ ၄ ရက်ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့်တစ်ဆင့် ထပ်တိုးကာ အဆင့် ၄၇ နေရာသို့ ရောက်ရှိခဲ့သည်။ သို့ သော် စက်တင်ဘာ ၁၄ ရက် ထုတ်ပြန်သည့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အဆင့် ၅၀ သို့ ပြန်လည်ကျဆင်းခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက် ထုတ်ပြန်သည့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အဆင့် ၄၆၊  စက်တင်ဘာ ၂၄ ရက် ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ် မှတ်ချက်တွင် အဆင့် ၄၅ နေရာသို့ တက်လှမ်း နိုင်ခဲ့ခြင်းဖြစ်သည်။ 

BWF သည် ကမ္ဘာ့အဆင့် ရပ်တည်မှုများကို ပုံမှန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ်ထုတ်ပြန်မည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပသည့်ကာလအပေါ်မူတည်၍ အချို့အပတ်များတွင် ၁၀ ရက်ဝန်းကျင် တစ်ကြိမ်ထုတ်ပြန်ကြောင်း သိရသည်။ သက်ထားသူဇာသည် ၂၀၂၄ ပါရီအိုလံ ပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနေသဖြင့် BWF ပြိုင်ပွဲများတွင် စဉ်ဆက်မပြတ်ဝင် ရောက်ယှဉ်ပြိုင်လျက်ရှိရာ ကမ္ဘာ့အဆင့် ရပ်တည်မှု မြင့်မားလာခြင်းဖြစ်သည်။ 

သက်ထား သူဇာသည် BWF ပြိုင်ပွဲများ စတင်ယှဉ်ပြိုင် သည့်ကာလတွင် Grade-3 အဆင့်ရှိ ပြိုင်ပွဲ များ ယှဉ်ပြိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပိုမိုအဆင့်မြင့်မားသည့် Grade-1 နှင့် Grade-2 အဆင့်ရှိ ပြိုင်ပွဲအများစုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရမှတ်ရရှိမှုတွင် ပိုမိုတိုးတက်လာခြင်းဖြစ်သည်။ သက်ထားသူဇာ သည် ရက်ပေါင်း ၃၀ ဝန်းကျင်ကာလအတွင်း  ကမ္ဘာ့အဆင့်ရပ်တည်မှု သိသိသာသာမြင့်တက်လာခြင်းဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် အမြင့်ဆုံးရပ်တည်မှုအဖြစ် အဆင့် ၄၅ နေရာ ရောက်ရှိလာခြင်းဖြစ်သည်။

သက်ထားသူဇာသည် ယခုနှစ်အတွင်း BWF ပြိုင်ပွဲ ၁၇ ခု ဝင်ရောက်ယှဉ်ပြိုင်ထား ပြီး  နောက်ဆုံးပြိုင်ပွဲအဖြစ် စက်တင်ဘာ ၁၉ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံ$ကျင်းပသည့် Thailand International Series ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမအဆင့်မှ ထွက်ခဲ့ရသည်။ သက်ထားသူဇာသည် ယခု နှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ပြိုင်ပွဲများအနက် မောရစ်သျှအင်တာနေရှင်နယ် ပြိုင်ပွဲနှင့် ဗီယက်နမ်အိုးပင်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး ပူးတွဲ တတိယဆုရရှိခဲ့သည်။ သို့သော် သက်ထားသူဇာသည် BWF ပြိုင်ပွဲများတွင် ဗိုလ်လုပွဲ အဆင့် မတက်ရောက်နိုင်သည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် ယခုနှစ်အတွင်း ကျန်ရှိသည့် လေးလတွင်လည်း ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် လက်ရည်စစ်ပွဲကာလကို ၂၀၂၄ ခုနှစ် ဧပြီလအထိသတ်မှတ်ထားသဖြင့် သက် ထားသူဇာအနေဖြင့် BWF ပြိုင်ပွဲများ စဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK