Top News

တရားရုံးတော်က ချမှတ်ထားသည့်အမိန့်ကို လုံးဝလက်မခံ၍ အယူခံတက်မည်ဖြစ်ပြီး ပြစ်ဒဏ်လျှော့ပေါ့ရန်အတွက် တက်ခြင်းမဟုတ်ကြောင်း အဆိုတော်အစ္စဏီ၏ရှေ့နေ ပြောကြား
24htopnews | September 17, 2024 2:12 PM CST

တရားရုံးတော်မှ ချမှတ်ထားသည့် အမိန့်ကို လုံးလုံးလျားလျားလက်မခံ၍ အယူခံတက်မည်ဖြစ်ပြီး ပြစ်ဒဏ်လျှော့ပေါ့ရန်အတွက် တက်ခြင်းမဟုတ်ကြောင်း အဆိုတော်အစ္စဏီ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ဇန်နဝါရီ ၈ ရက် ညနေ ၅ နာရီတွင် တာမွေမြို့နယ်တရာရုံးအနီးရှိ ၎င်း၏ နေအိမ်ရုံးခန်း၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

“အယူခံကတော့ ကာလစည်းကမ်းချက်ဥပဒေရှိပါတယ်။ မြို့နယ်ကနေ ခရိုင်ကို တက်ရမယ်။ ကာလ စည်းကမ်းချက်ဥပဒေအတွင်းမှာပဲ တက်မှာပါ။ နောက်တစ်ခုက ကျွန်တော်တို့ တက်ချင်တိုင်း တက်လို့မရပါဘူး။ ကျွန်တော်တို့သည် အခုကာယကံရှင်ဖြစ်တဲ့ အစ္စဏီရဲ့ခွင့်ပြုချက်ကို ယူရပါမယ်။ ကျွန် တော်တို့သည် ဥပဒေအရ ကောက်ယူသုံး သပ်ချက်သည် အယူခံတက်ရမယ့်အနေအ ထားဖြစ်ပေါ်ရင် ဥပဒေကြောင်းအရ ပြော ပြရပါမယ်။ ကျွန်တော်ကာယကံရှင် အမှု သည်ကတော့ တက်မယ်လို့တော့ ယုံကြည် ပါတယ်။ ဘာဖြစ်လို့လဲ ဒီချမှတ်ထားတဲ့အ မိန့်ဟာ သူ့အနေနဲ့လွဲမှားတယ်လို့ ပြောထား တာရှိပါတယ်။ အခုထောင်ကျနေတဲ့သူဖြစ် တဲ့အတွက် သူ့ရဲ့ကျန်းမာရေးအခြေအနေ များအတွက် ရက်ပိုင်းအတွင်းမှာ တက်ဖို့ရှိပါ တယ်။ တက်တဲ့နေရာမှာလည်း ရုံးတော်ရဲ့ ချမှတ်ထားတဲ့အမိန့်ကို လုံးလုံးလျားလျား လက်မခံလို့တက်တာပါ။ ပြစ်ဒဏ်လျှော့ပေါ့ ဖို့ တက်တာမဟုတ်ပါဘူး”ဟု အဆိုတော် အစ္စဏီ၏ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးကျော်ဇင်ဦးက ပြောကြားသည်။

ထို့နောက်မူလရုံးတော်၏ စီရင်ပိုင်ခွင့် အရ ဆုံးဖြတ်ချက်ပေါ်တွင် မိမိတို့အနေဖြင့် စောဒကတက်ပိုင်ခွင့်မရှိကြောင်း၊ ချမှတ်ထားသည့်အမိန့်သည် ပြင်းထန်သည်ဟု မြင်နေ လျှင်ပင် လျှော့ပေါ့ပေးရန် တင်ပြပိုင်ခွင့်သာရှိကြောင်း၊ သို့သော်မိမိတို့သည် လျှော့ပေါ့ပေးရန် အယူခံတက်မည်မဟုတ်ဘဲ အမှု အမှန်တရားကို ခရိုင်အဆင့်ရုံးတော်မှ ထင် ရှားဆုံးဖြတ်နိုင်ရန်အတွက်သာ အယူခံတက် မည်ဖြစ်ကြောင်း ၎င်းင်းက ဆက်လက်ပြော ကြားသည်။

ထို့ပြင် မိမိအမှုသည်သည် ယင်းကိစ္စကို ကျူးလွန်ထားခြင်းမရှိသည့် အနေအထား ပေါ်ပေါက်ကာ ဇန်နဝါရီ ရရက်က အမိန့်မချ ခင်အချိန်ထိ သံသယတရားခံသာဖြစ်သည့် အတွက် ၎င်း၏မိဘဆွေမျိုးများက လွတ် လိမ့်မည်ဟု ယုံကြည်ချက်အပြည့်ရှိကြောင်း၊ ယခုအခါယင်းယုံကြည်ချက်သည် ပျက်ယွင်းသွားခြင်း၊ ပျောက်ဆုံးသွားခြင်းမဟုတ်ဘဲ ရှိနေဆဲဖြစ်ပြီး ဆက်လက်ဖော်ဆောင်ရန်အတွက် ခေတ္တဆိုင်းငံ့သွားသည့် သဘော ဖြစ်ကြောင်း၊ မူလရုံး၏အမိန့်သည် အမှန်တရားအတွက် ခေတ္တဆိုင်းငံ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုတော်အစ္စဏီအမှုနှင့်ပတ်သက် ၍ ၎င်း၏မိခင်ဖြစ်သူက “အန်တီတို့အနေနဲ့ ရင်ဆိုင်လာတာ တစ်နှစ်နဲ့ကိုးလပေါ့။ သားအမိနှစ်ယောက်စလုံး ဒီမျှော်လင့်ချက်နဲ့ မျက်နှာမညှိုးခဲ့ဘူး။ အန်တီသားကိုလည်း လွတ် မြောက်မယ်ဆိုပြီး ယုံကြည်ထားလို့ ဆွေမျိုးတွေ အကုန်လုံးလာကြတာ။ အဲဒီအမိန့်ချမယ်လို့ မထင်မှတ်ထားဘူး။ဘာပဲဖြစ်ဖြစ်ပေါ့။ အမိန့်က ချပြီးသွားပြီ။ နောက်ဆက်ပြီးတော့ အယူခံတက်မယ်။ မျှမျှတတလေးနဲ့ မှန်မှန်ကန်ကန်လေး ဆုံးဖြတ်ပေးကြပါလို့ ပြောချင်တယ်”ဟု ဆိုသည်။

အဆိုတော် အစ္စဏီအနေဖြင့် နှစ်နှစ်နီးပါး အမှုရင်ဆိုင်ခဲ့ရပြီး ဇန်နဝါရီ ၇ ရက်က တာမွေမြို့နယ်တရားရုံး၌ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုသို့အမိန့်ချမှတ်ခြင်းအပေါ် တရား လိုမော်ဒယ်စူးရှထက်၏ရှေ့နေ ဦးရောဘတ် စန်းအောင်က အမှုရုပ်သိမ်းလွှာတင်ခဲ့သော် လည်း ယခုကဲ့သို့ အမြင့်ဆုံးထောင်ဒဏ်ချ မှတ်ခဲ့ခြင်းအပေါ် ဝမ်းနည်းမိကြောင်း၊ အဆို တော်အစ္စဏီ၏ မိခင်သည် အသက်အရွယ် ကြီးပြီဖြစ်၍ ကျန်းမာရေးအတွက် စိုးရိမ်မိ ကြောင်း ပြောကြားသည်။

“ရုပ်သိမ်းလွှာတင်ထားတယ်။ တင်ခဲ့ သော်လည်းပဲ အခုလိုဖြစ်ရတဲ့အတွက် တရား လိုဘက်ဆိုင်ရာ ရှေ့နေတစ်ယောက်အနေနဲ့ တော့ ဝမ်းနည်းမှုကိုဖြစ်ရပါတယ်” ဟု ဦးရော ဘတ်စန်းအောင်က ဆိုသည်။

အဆိုတော် အစ္စဏီကို တရားစွဲဆိုထား မှုအပေါ် တရားလို မော်ဒယ်စူးရှထက်က သြဂုတ် ၅ ရက်တွင် တာမွေမြို့နယ်တရားရုံး ၌ အမှုရုပ်သိမ်းလွှာတင်ခဲ့သည်။

အဆိုတော် အစ္စဏီကို ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်တရားရုံး တွဲဖက် မြို့နယ်တရားသူကြီး(၁)တရားခွင်၌ ရာဇ သတ်ကြီးဥပဒေ ပုဒ်မ ၃၇၆၊ ၃၂၄၊ ၃၂၃ တို့ ဖြင့် ၂၀၁၈ ခုနှစ် မေလအတွင်းက တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက် ညပိုင်းက မော်ဒယ်စူးရှထက်သည် သူငယ်ချင်းများနှင့်အတူ ဆယ်လီအရက်ဘားသို့ ရောက်ရှိနေစဉ် နံနက် ၂ နာရီကျော် တွင် ရည်းစားဟောင်းဖြစ်သူ အဆိုတော် အစ္စဏီ (ခ) ဟန်ထွန်းဇော်က ဘားအတွင်း သို့ ဝင်ရောက်ကာ ပြဿနာရှာနေသောကြောင့် မော်ဒယ်အမျိုးသမီးမှာ ၎င်းနေထိုင်ရာတိုက်ခန်းသို့ ကားငှားပြန်ခဲ့ကြောင်း၊ ယင်းကားနှင့်အတူ အစ္စဏီကလည်း အတူလိုက်ပါခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် နေအိမ်အရောက်တွင် အဆိုတော်အစ္စဏီက မော်ဒယ်အမျိုးသမီး အကျႌအား အတင်းဆွဲချွတ်သဖြင့် မော်ဒယ် အမျိုးသမီးက ရုန်းကန်စဉ် ဦးခေါင်းနှင့်မှန် ဗီရိုတိုက်မိခဲ့ရာ ဦးခေါင်းနာကျင်ခဲ့သည့်အ ပြင် ခန္ဓာကိုယ်အား နာကျင်အောင် နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ပြီး မော်ဒယ်အမျိုးသမီးက အိမ်သာအသုံးပြုမည်ဟု အကြောင်းပြကာ အိမ်သာတံခါးလော့ချပြီး သူငယ်ချင်းတစ်ဦးထံ ဖုန်းဆက်အကူ အညီတောင်းခံခဲ့ရာ နံနက် ၅ နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ များ ရောက်ရှိလာပြီး ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

 

 

 


READ NEXT
Cancel OK