Top News

FATF က မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်မှုများအပေါ် အဆင့်သတ်မှတ်ချက် တိုးမြှင့်ပေး
24htopnews | November 6, 2024 12:12 AM CST

မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် လူအများအပြား‌ေ-သကျေစေသည့် လက်နက်ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများအား တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် အသိအမှတ်ပြုပြီး FATF က အဆင့်သတ်မှတ်ချက်များကို တိုးမြှင့်ပေးခဲ့ကြောင်း ဗဟိုဘဏ်က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ်တွင် FATF ၏ အကြံပြုချက်များကို ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးဆောင်သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်ကျန်ရှိသည့်အစီအမံ (Action Plan) များအား သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် အာရှပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – APJG) သို့ (၄) လတစ်ကြိမ်တိုးတက်မှုအစီရင်ခံစာများပေးပို့ခြင်း၊ မျက်နှာချင်းဆိုင်အစည်းအဝေးများသို့ တက်ရောက် ရှင်းလင်းဆွေးနွေးခြင်းနှင့် FATF မျက်နှာစုံညီအစည်းအဝေးများတက်ရောက်ခြင်းတို့အား စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့မှုများကြောင့် ရလဒ်ကောင်းများအနေဖြင့် ၂၀၂၁ ခုနှစ်တွင် လက်ငင်းရလဒ် (၂) ခု၊ ၂၀၂၂ ခုနှစ်တွင် လက်ငင်းရလဒ် (၁) ခု၊ ၂၀၂၃ ခုနှစ်တွင် လက်ငင်း ရလဒ် (၁) ခုနှင့် ၂၀၂၄ ခုနှစ်တွင် လက်ငင်းရလဒ် (၄) ခုတို့သည် ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်း (Largely Addressed)အဆင့်သို့တိုးမြှင့်ရရှိခဲ့ကြောင်း သိရသည်။

ယင်းကြောင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အစီအမံ (Action Plan) (၁၅) ချက်တွင်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် (၇)ချက်သာကျန်ရှိကြောင်း၊ ယင်းကဲ့သို့ မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်မှုများကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပခဲ့သည့် FATF မျက်နှာစုံညီအစည်းအဝေးအပြီး ထုတ်ပြန်ချက် (Statement) တွင် မြန်မာနိုင်ငံသည် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန် အကြံပြုချက် ယခင် (၇) ချက်ရှိရာမှ (၆) ချက်သာ ကျန်ရှိခဲ့ပြီး အလေးထားစိစစ်မှုများတိုးမြှင့်ဆောင်ရွက်ရန် (Enhanced Due Diligence) စာရင်းတွင်သာ ဆက်လက်ထားရှိခဲ့ကြောင်း ဖော်ပြချက်အရ သိရသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အစီအမံ (Action Plan) ပါ ကျန်ရှိသည့်အချက်များအား သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် Timeline များချမှတ်၍ တာဝန်ခံဌာနများဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်းများဖြစ်သည့် ကြီးကြပ်ရေး အာဏာပိုင်များ၊ သတင်းပို့အဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ လမ်းညွှန်မှုဖြင့် အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK