Top News

လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံကျော် လူသားချင်းစာနာမှုအကူအညီများ အရေးတကြီးလိုအပ်နေပြီး စားနပ်ရိက္ခာ၊ ခိုနားစရာနေရာ၊ ရေသန့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အတွက် အဓိကလိုအပ်နေကြောင်း UNOCHA ထုတ်ပြန်
24htopnews | November 6, 2024 2:12 AM CST

လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံကျော် လူသားချင်းစာနာမှုအကူအညီများ အရေးတကြီးလိုအပ်နေပြီး စားနပ်ရိက္ခာ၊ ခိုနားစရာနေရာ၊ ရေသန့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အတွက် အဓိကလိုအပ်နေကြောင်း UNOCHA ထုတ်ပြန်

လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံ့ လူဦးရေ သုံးပုံတစ်ပုံကျော် လူသားချင်းစာ နာမှုအကူအညီများ အရေးတကြီးလိုအပ်နေပြီး စားနပ်ရိက္ခာ၊ ခိုနားစရာနေရာ၊ ရေသန့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အဓိကလိုအပ်နေကြောင်း ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

ထိုသို့ နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံကျော် လူသားချင်းစာနာမှုအကူအညီများ အရေးတကြီးလိုအပ်နေသော်လည်း ၂၀၂၄ ခုနှစ် ၁၀ လတာကာလရောက်သည့်တိုင် မြန်မာနိုင်ငံတွင်ဆောင်ရွက်မည့် လူသားချင်းစာနာမှုဆိုင် ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်အတွက် လိုအပ်သည့်ရန်ပုံငွေ၏ ၂၈ ဒသမ ၅ ရာခိုင်နှုန်း မျှသာရရှိသေးကြောင်း ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထား သည်။

၂၀၂၄ ခုနှစ် ၁၀ လပိုင်းအတွင်း ဝင် ရောက်လာပြီဖြစ်သည့် မြန်မာနိုင်ငံ၏ ၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ နှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်သည် လိုအပ် သည့်ရန်ပုံငွေ၏ ၂၈ ဒသမ ၅ ရာခိုင်နှုန်းမျှသာ ရရှိထားကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအတွက် ကျယ်ပြန့် လာသည့်လိုအပ်ချက်များကို အလုံးအရင်း ဖြင့် အကူအညီပေးတုံ့ပြန်နိုင်ရန် ထပ်ဆောင်း ရန်ပုံငွေများ အရေးပေါ်လိုအပ်နေကြောင်း UNOCHA က ဆိုသည်။

မြန်မာနိုင်ငံရှိအရပ်သားများသည် ကျယ် ပြန့်လာသည့်ပဋိပက္ခနှင့် ထိခိုက်သေ ကြေမှုရှိခဲ့သော ရေဘေးသင့်ခြင်းများ အပါ အဝင်များ ပြားလာသည့်အန္တရာယ်ကို ကြုံ တွေ့နေရပြီး နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူ ဦးရေ ခန့်မှန်းခြေ သုံးသန်းကျော်ရှိကြောင်း UNOCHA က ထုတ်ပြန်သည်။

စက်တင်ဘာ ၉ ရက်မှစ၍ ယာဂိမုန်တိုင်း အဖျားခတ်ခြင်းနှင့် မုတ်သုံမိုးကြီးခြင်းများ ကြောင့် နိုင်ငံ၏မြို့နယ်ပေါင်း ၃၃၀ အနက်မှ မြို့နယ် ၇၀ ရှိ ပဋိပက္ခဒဏ်ကြောင့် နေရပ်စွန့် ခွာနေကြရသူအများအပြားအပါအဝင် ခန့် မှန်းခြေ လူဦးရေ တစ်သန်းခန့် ရေဘေးသင့်ခဲ့ ရကြောင်း UNOCHA က ထုတ်ပြန်ထား သည်။

ရေဘေးနှင့် ပဋိပက္ခဒဏ်ခံရသူများအား တုံ့ပြန်အကူအညီပေးနေသည့် လူသားချင်း စာနာမှုဆိုင်ရာအဖွဲ့အစည်းများသည် လမ်း ပန်းဆက်သွယ်ရေးမကောင်းခြင်း၊ အဖွဲ့အ စည်းအမျိုးမျိုး၏ သွားလာခွင့်တားဆီးကန့်သတ်ခံရခြင်း၊ ဘေးကင်းလုံခြုံမှုမရှိခြင်းနှင့်ရန်ပုံငွေနည်းပါးခြင်းများအပါအဝင် စိန်ခေါ် မှုများစွာရင်ဆိုင်နေရကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မြင့်တက်လာသော လက်နက်ကိုင်ပဋိပက္ခများ၊ မတည်ငြိမ်သော နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများ၊ အကြမ်းဖက်မှုများကို နေ့စဉ်ကြုံတွေ့နေရ သည့် ပြည်သူများ၊ ပဋိပက္ခနှင့် သဘာဝဘေး နှစ်မျိုးကြောင့် နေရပ်စွန့်ခွာနေရမှုများအစ ရှိသည့် အခြေအနေများကို တုံ့ပြန်နိုင်ရန် ကုလသမဂ္ဂက ၂၀၂၄ ခုနှစ် လူသားချင်းစာနာ မှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ် ငန်းစီမံချက်ကို မဟာဗျူဟာသုံးရပ်ချမှတ်၍ စတင် ဆောင်ရွက်နေခြင်းလည်း ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK