မက်သာဖီတမင်းဆေးပြား ၆,၀၀၀ ကျော်ကို ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ခဲ့မှုဖြင့် နာမည်ကျော် မလေးရှားအဆိုတော်နှင့် အပေါင်းအပါ ၅ ဦးကို နိုဝင်ဘာ ၄ ရက်တွင် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
အဆိုတော် Wan Norsahidah Azlin Wan Ismail နှင့် အပေါင်းအပါ မလေးရှားနိုင်ငံသားများကို နိုဝင်ဘာ ၄ ရက်မနက်ပိုင်းတွင် နာရာသီဝပ် တရားရုံးသို့ ပို့ဆောင်ခဲ့ရာ၌ ရဲကွန်မန်ဒို ၅၀ ခန့် လုံခြုံရေးဖြန့်ကျက်ချထားခဲ့သည်။
ရဲတပ်ဖွဲ့သည် နိုဝင်ဘာ ၁ ရက် မနက် ၃း၃၀ နာရီ အချိန်က သံသယရှိသူများကို ၎င်းတို့၏ ဟိုတယ်အခန်းများအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အခန်းတစ်ခုမှ မက်သာဖီတမင်းဆေးပြား ၆,၀၆၀ ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
တရားရုံးသို့ အစောင့်အရှောက်များဖြင့် ပို့ဆောင်စဉ် မျက်နှာဖုံးနှင့် နေကာမျက်မှန်များ ဝတ်ဆင်ထားသည့် ပေါ့ပ်ကြယ်ပွင့်ကို ပရိသတ်များ တိုးဝင်လာသဖြင့် ရဲတပ်ဖွဲ့က တားဆီးပိတ်ဆို့မှုများလုပ်ခဲ့သည်။
သူအဖမ်းခံရမှုသည် မလေးရှားတွင် ခေါင်းကြီးသတင်းဖြစ်ခဲ့ပြီး အရပ်ဝတ်နှင့် မလေးရှားရဲများကို စစ်ဆေးမေးမြန်းရန်အတွက် ရဲစခန်းသို့ စေလွှတ်ခဲ့သည်။
မူးယစ်ဆေးဂိုဏ်းကို စောင့်ကြည့်နေခဲ့သည်မှာ အတော်ကြာပြီဖြစ်သော်လည်း ဖမ်းဆီးရန် အထောက်အထား ခိုင်ခိုင်လုံလုံ မရရှိခဲ့ဟု အမည်မဖော်လိုသည့် မလေးရှားရဲအရာရှိတစ်ဦးက ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရပြီးနောက် စုံစမ်းစစ်ဆေးမှုများလုပ်ရန် နယ်စပ်ဖြတ်ကျော်လာရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
Sungai Kolok ရဲစခန်းမှ သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ဖမ်းဆီးခံရသူ ခြောက်ဦးစလုံးသည် အဆိုပါမူးယစ်ဆေးဝါးများကို သူတို့ပစ္စည်းများဟု ဝန်မခံကြဘဲ တရားရုံးတွင်သာ ဆက်လက်ထွက်ဆိုရမည်ဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် ဆီးစစ်ဆေးချက်များအရ ၎င်းတို့ ခြောက်ဦးစလုံးသည် မူးယစ်ဆေးဝါး သုံးစွဲထားကြသည်ဟု အဖြေထွက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။ Ref: သည်စထရိတ်တိုင်းမ်စ်
-
၄၅ နှစ်ကြာပြီးနောက် ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံကြား ရထားလမ်း ပြန်လည်ဖွင့်လှစ်
-
ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရမှုသည် ဒေသခံအစ္စလာမ္မစ်အစွန်းရောက်အဖွဲ့၏လက်ချက်ဟု သီရိလင်္ကာအစိုးရက ပြောကြား
-
အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူများကို လွှတ်ပေးရန် တရုတ်အလုပ်သမားများ တောင်းဆို
-
ယူကရိန်းသမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ဇာတ်မြူးသရုပ်ဆောင် ဇယ်လင်စကီးက အပြတ်အသတ်အနိုင်ရ
-
တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အီရန်နှင့်ပါကစ္စတန်က နယ်စပ်ပူးတွဲတုံ့ပြန်ရေးတပ်ဖွဲ့ ဖွဲ့စည်း