ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်း၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းလာခြင်း၊ ရေကြီးရေလျှံမှုများကြောင့် ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်နေရသဖြင့် လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြောကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် တပ်ဆင်အင်အားအနေဖြင့် ရေအားလျှပ်စစ်စက်ရုံ (၃ဝ) ရုံ၏ တပ်ဆင်စက်အင်အား (၃၂၃၂) မဂ်ဂါဝပျ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ (၂၇) ရုံ၏ တပ်ဆင်စက်အင်အား (၃၆၃၈) မဂ်ဂါဝပျ၊ ကျောက်မီးသွေးသုံးစက်ရုံ (၂) ရုံ၏ တပ်ဆင်စက်အင်အား (၁၃၈) မဂ်ဂါဝပျနှငျ့ နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ (၈) ရုံ၏ တပ်ဆင်စက်အင်အား (၂၄၀) မဂ်ဂါဝပျတို့ရှိပွီး စုစုပေါင်း ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်သည့် စက်များ၏ တပ်ဆင်စက်အင်အားသည် ၇၂၄၈ မဂ်ဂါဝပျအထိ ရှိကြောင်း သိရသည်။
နိုင်ငံတော်၏ လိုအပ်ချက်သည် နှစ်စဉ် ၉ ရာခိုင်နှုန်း တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း ၅၄၈၃ မဂ်ဂါဝပျ လိုအပ်လျက်ရှိပြီး တပ်ဆင်အင်အားအတိုင်း စက်များအားစွမ်းအားပြည့်မောင်းနှင်နိုင်ပါက လုံလောက်မှုရှိကြောင်း သိရသည်။
သို့ရာတွင် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ဓာတ်အား ၁၄၈၇ မဂ်ဂါဝပျ အသားတင်လျော့နည်း ထုတ်လုပ်ရလျက်ရှိကြောင်း သိရသည်။
ထို့အတူ လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအချိုးသည် ၅၀ ရာခိုင်နှုန်းခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိမှုမှာ လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့ သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုသည် ယခုကာလအတွင်း ၂၂၇ မဂ်ဂါဝပျခနျ့ လျော့နည်းလျက်ရှိကြောင်း၊ စုစုပေါင်းစက်များ၏ တပ်ဆင်အားများမှ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ၏ ထုတ်လုပ်မှုတွင် ၁၇၁၄ မဂ်ဂါဝပျခနျ့ အသားတင်လျော့နည်း ထုတ်လုပ်ရလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မကြာသေးမီကဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်း၏သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်သဖြင့် ရေအားဓာတ်အားပေးစက်ရုံနှင့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတို့တွင် ရေဝင်ရောက်မှုများရှိခဲ့ပြီး ၎င်းစက်ရုံများမှ ရေစုတ်ထုတ်၍ ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းများ ရေတိုက်စားမှုဖြစ်ပေါ်ခဲ့ရသည့်အတွက် ဓာတ်အားပိတ် ထိန်းသိမ်းပြုပြင်ခြင်းများကိုလည်း ဆောင်ရွက်နေရကြောင်း၊ ထိုသို့ထုတ်လုပ်မှုလျော့နည်းရရှိနေသဖြင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ ၂၈၀၀ မဂ်ဂါဝပျခနျ့သာ ထုတ်လုပ်နိုင်ပြီး လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်း ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်လျက်ရှိကြောင်း သိရသည်။
အထက်ပါအတိုင်း ဓာတ်အားထုတ်လုပ်နိုင်မှုအပေါ် အချိုးကျအရ အချိန်အပိုင်းအခြား အလိုက်ခွဲဝေဖြန့်ဖြူးထားသော်လည်း သုံးစွဲမှု ရုတ်တရက်မြင့်မားလာမှုအရ တစ်ခါတစ်ရံ သတ်မှတ် ကြိမ်နှုန်း (Frequency) အောက်ရောက်ရှိပါက ဓာတ်အားစနစ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားထုတ်လုပ်သည့်စက်များအား ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဗဟိုဓာတ်အား ကွပ်ကဲရေးဌာန (National Control Centre) မှ အရေးပေါ်ဝန်အားလျော့ချရန်အတွက် ဓာတ်အား ဖြတ်တောက်ရခြင်းများကိုပြုလုပ်ရကာ ပုံမှန်ခွဲတမ်းအရရရှိမည့် ဓာတ်အားရရှိချိန်အတွင်း တိုက်ဆိုင်စွာ ဖြတ်တောက်ခဲ့ရပါက ပြတ်တောက်ချိန်မှာ ပိုမိုရှည်ကြာခြင်းများ ဖြစ်ပေါ်ခဲ့ပါက ပြတ်တောက်ချိန် ပိုမိုရှည်ကြာမှုများကို လျော့ချနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းတို့မှ စောင့်ကြည့်ကြီးကြပ်သည့် အဖွဲ့များဖွဲ့စည်း၍ စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲမှု များဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် အိမ်ထောင်စုအချိုးမှာ ၅၆ ရာခိုင်နှုန်းရှိရာမှ ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ၆၈ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲလာခဲ့ပြီး အဆိုပါတိုးတက်လာသည့် သုံးစွဲမှုအရ ဓာတ်အားဖြည့်ဆည်းထုတ်လုပ်နိုင်ရေးအတွက် ရေအား လျှပ်စစ်စီမံကိန်း ၇ ခု၊ သဘာဝဓာတ်ငွေ့စီမံကိန်းများ ၄ ခု၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း ၁၀ ခု၊ ကမ်းရိုးတန်းလေအားလျှပ်စစ်စီမံကိန်း ၁၁ ခု၊ ကုန်းတွင်းလေအား လျှပ်စစ် စီမံကိန်း ၁၅ ခု၊ ကမ်းလွန် လေအားလျှပ်စစ်စီမံကိန်း ၂ ခုတို့အား နှစ်အလိုက်ပြီးစီးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသလို ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများမှ ဓာတ်အား ပြန်လည်ပို့လွှတ်နိုင်ရေးအတွက်လည်း ပြုပြင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသဖြင့် အဆိုပါစီမံကိန်းများနှင့် ဓာတ်အားလိုင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ပြည်သူများ လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ပြောကြားထားသည်။
-
၄၅ နှစ်ကြာပြီးနောက် ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံကြား ရထားလမ်း ပြန်လည်ဖွင့်လှစ်
-
ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရမှုသည် ဒေသခံအစ္စလာမ္မစ်အစွန်းရောက်အဖွဲ့၏လက်ချက်ဟု သီရိလင်္ကာအစိုးရက ပြောကြား
-
အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူများကို လွှတ်ပေးရန် တရုတ်အလုပ်သမားများ တောင်းဆို
-
ယူကရိန်းသမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ဇာတ်မြူးသရုပ်ဆောင် ဇယ်လင်စကီးက အပြတ်အသတ်အနိုင်ရ
-
တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အီရန်နှင့်ပါကစ္စတန်က နယ်စပ်ပူးတွဲတုံ့ပြန်ရေးတပ်ဖွဲ့ ဖွဲ့စည်း