Top News

ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းမဲ့ယာဉ် ၁၇၀၀၀၀ ကျော်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးအရေးယူခဲ့
24htopnews | September 17, 2024 2:12 PM CST

၂၀၁၉ ခုနှစ်တွင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသည့်ယာဉ်များအနက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုး ဖောက်သော စည်းကမ်းမဲ့ယာဉ် ၁၇၀၀၀၀ ကျော်အား ယာဉ်ထိန်းရဲတပ်ဖွဲ့က  စစ်ဆေး အရေးယူခဲ့ကြောင်း သိရသည်။

သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာခြင်းမရှိသဖြင့် စစ်ဆေး အရေးယူခံရသောယာဉ်များမှာ မော်တော်ယာဉ် ၉၈၃၀၅ စီး၊ ဆိုင်ကယ် ၇၂၁၈၃ စီး၊ ထော်လာဂျီ ၃၀၇ စီး၊ သုံးဘီး ၁၀၃၃ စီး စုစုပေါင်း ၁၇၁၈၂၈ စီး ဖြစ်သည်။

အဆိုပါ စည်းကမ်းမဲ့ယာဉ်များအား ရန်ကုန်တိုင်းအတွင်းရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့(၆)မှ (၁၃)ရှိယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ချလံဖြတ်စစ်ဆေးအရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ် ထိန်းရဲတပ်ဖွဲ့သည် ၂၀၁၉ ခုနှစ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပေး ဟောပြောမှုအကြိမ်ရေ ၃၀၀၀ ကျော်ပြုလုပ် ခဲ့ကြောင်း သိရသည်။ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း အသိပညာပေးဟောပြောမှုများ တွင် ကျောင်း သားကျောင်းသူ ၁၂၇၁၅၅ဦး၊ ပြည်သူ ၁၁၇၂၉၄ဦး၊ ယာဉ်မောင်း/ယာဉ် နောက်လိုက် ၉၀၇၇၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃၉ ဦး၊  စစ်သည် ၁၁၁၆၉ဦး၊ အနှေးယာဉ်မောင်း သူ ၉၃၀ ဦး၊ ဝန်ထမ်း ၁၁၃၀၇ ဦး စုစုပေါင်း လူဦး ရေသုံးသိန်းခွဲကျော်အား ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင်ယာဉ်မတော်တဆမှု၂၃၂၄ မှုဖြစ်ပွားခဲ့ပြီး ၂၄၂၉ ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့ကာ ၆၀၄ ဦး သေဆုံးခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်ရက်လျှင် ပျမ်းမျှယာဉ်မတော်တဆမှု ၆ ဒသမ ၃၆ မှုနှုန်းဖြစ်ပွားခဲ့ပြီး ပျမ်းမျှ ၆ ဒသမ ၆၅ ဦးနှုန်းထိခိုက် ဒဏ်ရာရရှိခဲ့သည်။ အ လားတူ ယာဉ်မတော်တဆမှုများကြောင့် တစ် ရက်လျှင် ပျမ်းမျှ ၁ ဒသမ ၆၅ ဦးနှုန်းဖြင့် လူသေဆုံးနေကြောင်း သိရသည်။

 

 


READ NEXT
Cancel OK