Top News

ဆက်သွယ်ရေးတာဝါများ၏ လျှပ်စစ်သံလိုက်စက်ကွင်းပမာဏမှာ International Commission on Non – Ionizing Radiation Protection (ICNIRP) ၏ Safety စံသတ်မှတ်ချက်အောက်၌သာရှိကြောင်း သိရ
24htopnews | September 17, 2024 2:12 PM CST

ဆက်သွယ်ရေးတာဝါများ၏ လျှပ်စစ်သံလိုက်စက်ကွင်းပမာဏမှာ International Commission on Non - Ionizing Radiation Protection (ICNIRP) ၏ Safety စံသတ်မှတ်ချက်အောက်တွင်သာရှိကြောင်း ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

မိုဘိုင်းဆက်သွယ်ရေးတာဝါများရှိ ရေဒီယိုစက်ပစ္စည်းများမှ ထုတ်လွှင့်နေသည့် လျှပ်စစ်သံလိုက်စက်ကွင်း (Electromagnetic Field- EMF) များမှာ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းရှိ၊ မရှိ သိရှိနိုင်ရန်အတွက် တိုင်းတာရေးစီမံချက် ရေးဆွဲကာ NARDA Safety Test Solution မှထုတ်လုပ်သည့် EMF Measuring Equipment ဖြင့် တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းတာရေးအဖွဲ့၏ တိုင်းတာတွေ့ရှိသည့် ရလဒ်များအရ ဆက်သွယ်ရေးတာဝါတိုင်များမှ မိုဘိုင်းရေဒီယိုစက်ပစ္စည်းများ၏ EMF သက်ရောက်မှုသည် International Com- mission on Non - Ionizing Radiation Protection (ICNIRP) ၏ Safety စံသတ်မှတ်ချက်အောက်တွင်သာ ရှိသည်ကို တွေ့ရှိရကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

EMF တိုင်းတာရေးလုပ်ငန်းမှ တိုင်းတာတွေ့ရှိသည့် ရလဒ်များပေါ်မူတည်၍ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ၏ တာဝါတိုင်များမှ ရေဒီယိုစက်ပစ္စည်းများ၏ EMF ထုတ်လွှင့်မှုသည် နိုင်ငံတကာစံနှုန်းများနှင့်အညီ အများပြည်သူသို့ သက်ရောက်မှု အနည်းဆုံးဖြစ်စေရန်အတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ချိန်ညှိမှုများ ပြုလုပ်ရန် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများသို့ ညွှန်ကြားလျက်ရှိသည်ဟု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းတာခဲ့သည့် နေရာများမှာ ၂၀၁၉ ခုနှစ်အတွင်း ဇွန်လမှ ဒီဇင်ဘာလအထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် ချင်းပြည်နယ်တို့ရှိ အများပြည်သူဆိုင်ရာ နေရာ ၁၀ နေရာနှင့် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ၏ တာဝါတိုင်စုစုပေါင်း ၅၁ တိုင်တို့တွင် EMF တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနက ဖော်ပြသည်။

 


READ NEXT
Cancel OK