Top News

အခြေခံပညာကျောင်းများကို မတ်လကုန်အထိ ဖွင့်လှစ်မည့်ကိစ္စနှင့်ပတ်သက်၍ ပညာရေးကောလိပ် (တောင်ငူ) တွင် ဖဲကြိုးစိမ်း ကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်
24htopnews | September 17, 2024 2:12 PM CST

အခြေခံပညာကျောင်းများကို မတ်လကုန်အထိ ဖွင့်လှစ်မည့်ကိစ္စနှင့် ပတ်သက်ပြီး ပဲခူတိုင်းဒေသကြီး တောင်ငူမြို့နယ် ပညာရေးကောလိပ် (တောင်ငူ)မှ သမဂ္ဂကျောင်းသားများ ဦးဆောင်ပြီး ဖဲကြိုးစိမ်းကမ်ပိန်းလှုပ်ရှားမှုကို ဇန်နဝါရီ ၉ ရက် နံနက်အစောပိုင်းက အဆိုပါကျောင်းအတွင်း ပြုလုပ်ခဲ့ပြီး ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တွေ့ဆုံမှုမှာလည်း လိုချင်သော ရလဒ်မျိုးထွက် ပေါ်ခဲ့ခြင်းမရှိကြောင်း ပညာရေးကောလိပ် (တောင်ငူ)ကျောင်းသားသမဂ္ဂမှ သိရသည်။

တောင်ငူပညာရေးကောလိပ်ကျောင်းအတွင်း ဖဲကြိုးစိမ်းကမ်ပိန်း လှုပ်ရှားမှုနှင့်ပတ်သက်ပြီး “ဖဲကြိုးစိမ်းကမ်ပိန်းပြုလုပ်ရတယ်ဆိုတာက ကျွန်တော်တို့တွေအနေနဲ့ အခြေခံပညာကျောင်းက ဆရာ ဆရာမတွေနဲ့ တစ်သားတည်းရှိကြောင်း၊ အောက်ခြေဆန္ဒမပါဘဲ နဲ့ ပညာရေးဝန်ကြီးဌာနရဲ့လုပ်ရပ်ကို ကန့်ကွက် တဲ့အနေနဲ့ ကျွန်တော်တို့ အခုလိုမျိုး လုပ်တာ ဖြစ်တယ်။ ဒီအတန်းငယ်လေးတွေကို မတ်လ ကုန်နောက်ဆုံးအပတ်မှာ စာမေးပွဲစစ်ဆေးခြင်းအပေါ်ကို သက်ဆိုင်ရာပညာရေးတက္ကသိုလ်တွေ၊ ပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂတွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအ ခြေခံဆရာ ဆရာမတွေရယ်၊ အခြေခံလုပ်သား များသမဂ္ဂရယ်က အဆင်မပြေကြောင်းကို ဝန်ကြီးဌာနတွေကို စာတင်ခဲ့တယ်ပေါ့။ ဝန် ကြီးဌာနအနေနဲ့ ဒီစာတွေကိုလျစ်လျူရှုတယ်လို့ မြင်နေလို့ အခုလိုကျွန်တော်တို့တွေ ဖဲကြိုး စိမ်းကမ်ပိန်းပြုလုပ်ရတာဖြစ်တယ်။ ဒီဖဲကြိုးစိမ်းကမ်ပိန်းမှ အဆင်မပြေဘူး၊ ဝန်ကြီးဌာနအနေနဲ့ လျစ်လျူရှုနေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်ကနေပြီးတော့ ဒီထက်ပြင်း ထန်တဲ့လှုပ်ရှားမှုမျိုးတွေနဲ့ ဆက်လက်ပြီးတော့ လှုပ်ရှားသွားမှာပါ” ဟု ပညာရေးကောလိပ် (တောင်ငူ)ကျောင်းသားသမဂ္ဂ၊ ဗကသများအ ဖွဲ့ချုပ်ဒုဥက္ကဋ္ဌဖြစ်သူ မောင်ဇင်မင်းထွဋ်က ပြောကြားသည်။

အခြေခံပညာ ကျောင်းအသီးသီးမှ ကျောင်းတွင်းစစ်စာမေးပွဲများကို တက္ကသိုလ် ဝင်တန်းစာမေးပွဲများ စစ်ဆေးပြီးချိန်မှ စစ်ဆေးရမည်ဟု၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြား ချက်ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံအခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ပ ညာရေးဝန်ထမ်းများက အဆိုပါ ညွှန်ကြားချက် ထုတ်ပြန်စာအား သဘောမတူကြောင်း ငြင်းဆန်သည့်ထုတ်ပြန်ချက်များကို ပြန်လည်ထုတ် ပြန်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ပညာရေး ကောလိပ်ကျောင်းများမှ ကျောင်းသားသမဂ္ဂ များကလည်း မတ်လနောက်ဆုံးအပတ်အထိ စာသင်ကြားမှု တိုးမြှင့်ခြင်းကို ကန့်ကွက်ကြောင်း ပြသသည့်အနေဖြင့် ယခုကဲ့သို့ ဖဲကြိုးစိမ်း ကမ်ပိန်းများကို ပြုလုပ်ရခြင်းဖြစ်ပြီး အောင်မြင်မှုမရှိပါက ပိုမိုပြင်းထန်သောလှုပ်ရှားကန့်ကွက်မှုများဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးကောလိပ်(တောင်ငူ) ကျောင်းသားသမဂ္ဂများမှ ဖဲကြိုးစိမ်းကမ်ပိန်းပြုလုပ်ပြီးနောက် အဆိုပါကျောင်းသို့ ပညာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး လာရောက်ခဲ့ကြောင်း၊ ထိုသို့လာရောက်စဉ် ပညာရေးကောလိပ်(တောင်ငူ)ကျောင်း အတွင်းရှိ ကျောင်းသားသမဂ္ဂရုံးခန်းအတွင်း၌ ဖဲကြိုးစိမ်းကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်သည့် ကျောင်းသားသမဂ္ဂအဖွဲ့များနှင့် ၁၅ မိနစ်ကြာ ခန့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ကျောင်းပိတ်ရက်နှင့်ပတ်သက်၍ လိုချင်သည့် ရလဒ်မျိုးမရရှိခဲ့ကြောင်း တွေ့ဆုံဆွေးနွေးပွဲ တွင်ပါဝင်ခဲ့သည့် ကျောင်းသားသမဂ္ဂဝင်တစ်ဦးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုး သိမ်းကြီးနှင့်တွေ့ဆုံခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး “မနက်ခင်းက လာတယ်လေ ဆရာကြီးက၊ လာပြီးတော့ ကျွန်တော်တို့သမဂ္ဂ တွေနဲ့လည်း ဝင်တွေ့တယ်။ ကျွန်တော်တို့က ကန့်ကွက်တဲ့အကြောင်းကို တင်ပြတာပေါ့ နော်၊ ကန့်ကွက်တဲ့အကြောင်းတင်ပြတော့ဆ ရာကြီးက လက်မခံနိုင်တဲ့သဘောရှိတယ်။သူက ပထမဦးဆုံးမေးတာက မြန်မာနိုင်ငံမှာ ကျောင်းဖွင့်တဲ့ကာလကို မင်းတို့သိလို့လားလို့ မေးတယ်လေ၊ ကျောင်းဖွင့်တဲ့ကာလက ဇွန် လကနေပြီးတော့ မတ် ၃၁ ရက်နေ့အထိပေါ့။အဲဒီလိုပုံစံတွေရှိတယ်တဲ့။ အဲဒါကြောင့် ဆရာကြီးတို့က အခုလုပ်တယ်ဆိုတာကလည်း အ ခက်အခဲတွေတော့ရှိတာပေါ့နော် အကုန်လုံး ပေါ့။ အဲဒါကြောင့်မို့လို့ အဆင်ပြေအောင်ပဲ လုပ်ကြပါတဲ့။ အဲဒီလိုပုံစံမျိုး ပြောပြီးတော့ ကျန်တာတော့ ဘာမှပြောတာမရှိပါဘူး။ ဆက် ပြီးတော့ပြောတာကလည်း အထက်ကပဲ ကောင်းအောင်၊ အဆင်ပြေအောင်တော့လုပ် သွားမှာပေါ့နော်။ အဲဒီလိုပဲ ပြောသွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ပြောတာကိုတော့ သိပ် ပြီးတော့ လက်ခံမယ့်အခြေအနေ မရှိဘူး” ဟု ပညာရေးကောလိပ် (တောင်ငူ) ကျောင်းသားသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မောင်ဝင်း မိုးကျော်က ပြောကြားသည်။

ပညာရေးကောလိပ်ကျောင်းမှ ကျောင်း သားသမဂ္ဂများသည် ပညာရေးဝန်ကြီးဌာနမှ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၏လိုအပ်ချက် များနှင့်ပတ်သက်ပြီး အထောက်အပံ့ဖြစ်နိုင်ရန် အသေးစားကမ်ပိန်းလှုပ်ရှားမှုများကို ဦးဆောင်ပြုလုပ်လာကြပြီး ပြီးခဲ့သော ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ပညာ ရေးဝန်ထမ်းများအနေဖြင့် ပြင်ပတက္ကသိုလ်များတွင် အဝေးသင်တက်ရောက်ရန်အတွက် လုံလောက်သောခွင့်ရက် သတ်မှတ်ပေးရေး တောင်းဆိုသော တောင်းဆိုချက်သုံးရပ်ပါ သည့် အသေးစားကမ်ပိန်း လှုပ်ရှားမှုများကို လည်း သက်ဆိုင်ရာပညာရေးကောလိပ်အသီးသီးတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

 


READ NEXT
Cancel OK