ကမ္ဘာ့အကြီးဆုံးလောင်း ကစား မြို့တော်ဖြစ်တဲ့ မကာအိုမြို့ မှာ ကိုဗစ် (COVID-19) ရောဂါကူးစက်ဖြစ်ပွားမှုအချို့ တွေ့ရှိခဲ့ပြီးနောက်မှာ ဒေသခံအများအပြား ဆေးစစ်ခြင်းများ စတင်ပြုလုပ်နေကြောင်း နိုဝင်ဘာ ၁ ရက်က ဆိုပါတယ်။ အထင်ကရ ကာစီနိုတစ်ရုံ မှာ လူ ၁၅၀၀ ပိတ်နေပြီးနောက်ဆေးစစ်မှု စတင်ခဲ့ခြင်းဖြစ်တယ်။
နိုဝင်ဘာ ၁ ရက်မှာ ကမ္ဘာ့အကြီးဆုံးလောင်းကစားဗဟိုချက ဖြစ်တဲ့ မကာအိုဒေသခံအားလုံးကို (PCR) ကိုဗစ်စစ်ဆေးမှုခံယူဖို့ နေ့ စဉ် ကိုယ့်ဘာသာစစ်ဆေးမှုပြုလုပ် ရမှာဖြစ်ကြောင်း အာဏာပိုင်များ က ညွှန်ကြားထားပါတယ်။ တရုတ် နိုင်ငံတောင်ပိုင်းကို တိုင်ဖွန်းမုန်တိုင်း (Nalgue) ဦးတည်ချဉ်းကပ်လာချိန်အာဏာပိုင်များက ထုတ်ပြန်ခဲ့ပြီး တစ်ရက်အတွင်း (PCR) စစ်ဆေးမှု အပြီးသတ်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
MGM – Chinals Catai နိုဝင်ဘာ ၃ ရက်က (MGM – Chinals Catai) ကာစီနိုအပန်းဖြေရုံကို အာဏာပိုင်တို့က လော့ဒေါင်း (lockdown) ချခဲ့ပြီး အဆိုပါ ကာစီ နိုရုံလာတဲ့ဧည့်သည်နဲ့ ဝန်ထမ်းများကိုလည်း သုံးရက်တိုင်အဆောက်အအုံအတွင်းမှသာနေထိုင်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ကာစီနိုရုံထဲမှာရှိနေသူများအနေနဲ့ နိုဝင်ဘာ ၁ ရက် အပြင် ထွက်ခွင့်ရ၊ မရမသိသေးပါ။
မကာအိုမှာ သုံးလကြာ ကိုရိုနာ ဗိုင်းရပ် (SARS COV 2) ကူးစက်မှုများ ကင်းစင်လုနီးပါးရှိခဲ့ပြီးနောက် ရက်ပိုင်းအတွင်းရောဂါကူးစက်ခံရသူ ၁၁ ဦးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကန့်သတ်ပိတ်ပင်မှုများ ပြန်လည်ချမှတ်ခဲ့တဲ့အတွက် လောင်းကစားလုပ်ငန်းမှဝင်ငွေများပြန်လည် ရှာဖွေဖို့ စိတ်အားထက်သန်နေတဲ့ ရင်း နှီးမြှုပ်နှံသူများနဲ့ ကာစီနိုရုံ တာဝန်ရှိသူများအတွက်စိတ်ပျက်စရာအခြေအနေ တစ်ရပ်ဖြစ်ခဲ့ပါတယ်။
ဗီဇာလျှောက်ရာမှာ လူကိုယ်တိုင်လျှောက်ရတဲ့စနစ်မှအွန်လိုင်းမှ ဗီဇာလျှောက်တဲ့စနစ်ကို အစားထိုး ကျင့်သုံးခဲ့တာကြောင့် နိုဝင်ဘာ ၁ ရက်ကစပြီး တရုတ်ပြည်မကြီးမှ ခရီးသွားများအနေနဲ့ မကာအိုသွားရောက်ရာ ပိုလွယ်သွားပါတယ်။
တရုတ်ရဲ့ အထူးအုပ်ချုပ်ရေးဖြစ်တဲ့ မကာအိုဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ဖြစ်ပွားမှု မှန်သမျှကို အမြစ်ပြတ်ထိန်းချုပ်ကာ မကြာခဏ လော့ဒေါင်း (lockdown) ချတဲ့အစီအမံများကျင့်သုံးတဲ့ တရုတ်ပြည်မကြီးရဲ့ ကိုဗစ်ကင်းစင်ရေးမူဝါဒအတိုင်း ကျင့်သုံးလျက်ရှိပါတယ်။ မကာအိုဟာ ပြည်ပခရီးသွားများလာရောက်မှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်ထားခဲ့ပြီး ခုနစ်ရက်ကြာ ဟိုတယ် ကျူ (Q-Quaritine) ဝင်ရမယ့် မူဝါဒကိုလည်း ဆက်ချထားပါတယ်။
တရုတ်ပြည်မကြီးမှာမူ အာဏာပိုင်များက ရှန်ဟိုင်းဒစ္စနေးလန်း (Shanghai Disney Land)ကို ပိတ်ထားဖို့ ညွှန်ကြားထားပြီး လာရောက်လည်ပတ်သူများ ကိုဗစ်ကင်းစင်ကြောင်း စစ်ဆေးအတည်ပြုမှသာ ထွက်ခွာခွင့်ပြုခဲ့ပါတယ်။ ကျင့်ကျိုးမြို့ရှိ(Foxcomn)ကုမ္ပဏီရဲ့ စက်ရုံတစ်ရုံလည်း တင်းကျပ်တဲ့ ကန့်သတ်ပိတ်ပင်မှုကြား စက်ရုံဝင်းအတွင်းမှဝန်ထမ်းများထွက်ပြေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံအတွင်း အိုင်ဖုန်း (ငစ့သညန) စက်ရုံကလော့ဒေါင်းချ ခံထားရကာ ဝန်ထမ်းများ အလုပ်ဆင်းဖို့ အပိုဆုကြေး လေးဆပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။
အောက်တိုဘာ ၃၁ ရက်က ဖိလစ်ပိုင်မှာ ကိုဗစ် (COVID-19)ကူးစက်ခံရသူ ၁၀၉၉ ဦးထပ်မံတွေ့ရှိခဲ့လို့ ကိုဗစ်ကူးစက်ခံရသူပေါင်း ၄,၀၀၄,၄၆၅ ဦးရှိလာကြောင်း သိရပါတယ်။ ၄၁ ဦးထပ်မံသေဆုံးလို့ စုစုပေါင်း ကိုဗစ်ကြောင့် သေဆုံးသူ ၆၄,၀၇၄ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့တယ်။ လူဦးရေ ၁၃ သန်းကျော်နေ ထိုင်တဲ့ မက်ထရိုမနီလာဒေသ ကိုဗစ် ထပ်မံကူးစက်မှုတွေရှိနေပါ တယ်။ ၂၀၂၂ ခုနှစ်ဇန်နဝါရီ ၁၅ ရက်က တစ်ရက်အတွင်းရောဂါ ထပ်မံကူးစက်ခံရသူ ၃၉,၀၀၄ ဦးနဲ့ အမြင့်ဆုံးရောဂါကူးစက်ခံရဦးရေ စံချိန်တင်ခဲ့ပါတယ်။ လူဦးရေ သန်း ၁၁၀ ကျော်ရှိတဲ့ဖိလစ်ပိုင်မှာ ကိုဗစ် (COVID-19)ကာကွယ်ဆေး ထိုးပြီးသူ ၇၃ ဒသမ ၅ သန်းရှိပါတယ်။
(၂၀၀၈-၂၀၁၁) ခုနှစ်ကြား မွေးဖွားခဲ့တဲ့ ကလေးငယ် ၁၆၂၉ ဦး အချက်အလက်နဲ့ လော့ဒေါင်း (lockdown) ချထားတဲ့ ၂၀၂၀ ပြည့် နှစ် မတ်လမှမေလအတွင်း မွေးဖွားခဲ့တဲ့ကလေးငယ် ၃၀၉ ဦးရဲ့အချက်အလက်တွေ နှိုင်းယှဉ်ကြည့်ရမှာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်တွေ ပြောဆိုဆက်ဆံမှု ဆိုင်ရာတိုးတက်မှုအခြေအနေတွေမှာ တွေ့ရှိရတဲ့ ကွဲပြားခြားနားတဲ့ အချက်တွေလေ့လာခဲ့ကြပါတယ်။ အဓိပ္ပာယ်ပြည့်စုံတဲ့ စကားလုံး တစ်ခု ရွတ်ဆိုတုံ့ပြန်နိုင်စွမ်းရှိထားခြင်းကို နှိုင်းယှဉ်လေ့လာခဲ့ရာ ကိုဗစ်ကပ်ရောဂါမတိုင်မီကလေးထဲ မှ ၈၉ ရာခိုင်နှုန်းရှိပြီး လော့ဒေါင်း (lockdown) ကာလကလေးတွေမှာ ၇၇ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရပါတယ်။ ကလေးတွေကိုဗစ်ကာလ မှာ ဉာဏ်အရည်အသွေးလျော့ကျ လာပါတယ်။
ကိုဗစ် (COVID-19) ကြောင့် ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်အ တွင်း ကိုယ်ဝန်ဆောင် မိခင်သေဆုံးနှုန်း ၂၅ ရာခိုင်နှုန်းအထိများခဲ့တယ်လို့ အမေရိကန်အစိုးရ မှတ်တမ်းရုံးရဲ့အစီရင်ခံစာအရဆိုပါတယ်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDC)က ထုတ်ပြန်တဲ့အချက်အလက်တွေကိုရယူကာ လေ့လာမှုပြုလုပ်ခဲ့ကြရာမှ အဆိုပါ ကိုဗစ်ကာလအပိုင်း အခြားအတွင်း ကိုယ်ဝန်ဆောင်မိခင် သေဆုံးနှုန်း ၂၅ ရာခိုင်နှုန်းဟာ ကိုဗစ် (COVID-19)ကြောင့် သေဆုံးခဲ့ ရပါတယ်။
ကပ်ရောဂါမတိုင်မီ (၂၀၁၈-၂၀၁၉) ခုနှစ်အတွင်း ကိုယ်ဝန်ဆောင် မိခင်သေဆုံးနှုန်းက လစဉ် (၅၀-၆၀)အတွင်းရှိနေခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကြား ကိုယ်ဝန်ဆောင် မိခင်သေဆုံးမှုလစဉ် ၈၅ ရာခိုင်နှုန်းခန့်အထိ တိုးမြင့်သွားခဲ့တာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်သေဆုံး မှုထဲမှာ လူဖြူအမျိုးသမီးတွေနဲ့ လက်တင်အမေရိက အမျိုးသမီးတွေထက်စာရင်လူမည်း (သို့မဟုတ်) အာဖရိကန်အမေရိကန်အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုထဲမှာ ပိုမိုများပြားတာကိုတွေ့ ရတယ်လို့လည်း ဆိုပါတယ်။ အလုံးစုံခြုံငုံမှုအရ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်က ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ သိရပါတယ်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်း ပုံမှန်လုပ်ပေးခြ င်းက ကိုဗစ်ကာ ကွယ်ဆေးအာနိသင်ထိရောက်မှု ကိုမြှင့်တင်ပေးနိုင်တယ် ဆိုပါတယ်။ ကိုဗစ်ကာကွယ်ဆေးရဲ့ အကျိုး အာ နိသင်ကို မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာမှုအရဆိုပါတယ်။ အသက်အရွယ်ပြည့်ပြီးသူများမှာ လေ့ကျင့်ခန်းအနည်းအကျဉ်းပုံမှန်လုပ်ပြီး ကာကွယ်ဆေးနှစ်လုံးထိုးနှံပြီးထားရင်ရောဂါကြောင့်ဆေးရုံတက်ကုသရနိုင်ခြေ ၆၀ ရာခိုင်နှုန်းလျှော့ချပေး နိုင်တယ်လို့ တောင်အာဖရိက သုတေသီတွေက ဆိုပါတယ်။
ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကိုအသင့်အတင့် လုပ်ပေးနေတဲ့သူတွေ ကာကွယ်ဆေးထိုးမှု ပြီးစီးတဲ့အခါ ကိုဗစ် (COVID-19)ကြောင့် ဆေးရုံတက်ကုသရနိုင်ခြေ ၇၂ ရာခိုင်နှုန်းအထိလျော့ကျနိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေသူတွေကာကွယ်ဆေးထိုးပြီးချိန်မှာ ဆေးရုံတက်ကုသရနိုင်ခြေ ၈၆ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို ့တောင်အာဖရိက ဂျိုဟန်နက်ဘက်မြို့ (Discovery Health)ဌာနရဲ့ ကျန်းမာရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရေးပညာရှင် အကြီးအကဲ ဒေါက်တာရှာလီကိုလိက ပြောကြားခဲ့တယ်။
အသက် ၁၈ နှစ်နဲ့အထက် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း ဦးရေ ၂၀၀၀၀၀ နီးပါးမှာကျန်းမာရေးစောင့်ကြည့်ကိရိယာတွေ ဝတ်ဆင်ထားစေကာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပေးတာနဲ့ ကာကွယ်ဆေးထိရောက်မှုကို ဆက်စပ်လေ့လာခဲ့တာဖြစ်ပါတယ်။ တစ်ပတ်ကိုလေ့ကျင့်ခန်းပြုလုပ်ချိန်မိနစ် ၆၀ အောက်ရှိသူတွေလေ့ကျင့်ခန်း အသင့်အတင့်ပြုလုပ်သူတွေ၊ မိနစ် ၁၅၀ အထက်မနည်းပြုသူတွေ၊ တက်တက်ကြွကြွ လေ့ကျင့်သူတွေ အဖြစ်သတ်မှတ်ပြီး နှိုင်းယှဉ်လေ့လာခဲ့ကြတာဖြစ်တယ်လို့ သိရပါ တယ်။
အောက်တိုဘာ ၂၈ ရက် သတင်းအရ ကိုဗစ်ကာကွယ်ဆေးများဟာ အမျိုးသမီးများကို ဓမ္မတာပြဿနာများဖြစ်နိုင်ဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူများ သတိပေးခဲ့ကြပါတယ်။ ဥရောပဆေးဝါး အေဂျင်စီ (EMA-Euroup Medical Agency) က သတိပေးပြောခဲ့တာဖြစ်ပြီး အဆိုပါအချက်ကို အလားအလာရှိတဲ့ ဘေးထွက်ဆိုးကျိုးစာရင်းမှာ ထည့်သွင်းထားဖို့အကြံပြုထားတယ်။
“ဖိုင်ဇာ (Pfizer) ရဲ့ကွန်မယ်နတီ (Cominaty) ကာကွယ်ဆေးနဲ့ မိုဒါးနာ (Moderna) ရဲ့ စပိုင်ဗက် (Spivax) ကာကွယ်ဆေးများကို ပထမ၊ ဒုတိယနဲ့ ထပ်တိုးကာကွယ်ဆေးအဖြစ်ထိုးနှံအပြီးအမျိုးသမီးတွေ ဓမ္မတာသွေးဆင်းများတဲ့ကိစ္စတွေရှိတယ်ဆိုတဲ့ သတင်းတွေရရှိထားပါတယ်လို့ ဆေးဝါးဘေးကင်းလုံခြုံရေးကော်မတီကပြောကြားချက်ကို ကိုးကားကာ အေဂျင်စီက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
“ကိုဗစ်ကာကွယ်ဆေးတွေရဲ့ ကောင်းကျိုးဟာဆိုးကျိုးတွေထက်ပိုပြီး အလေးသာနေပါတယ်” လို့ ဘေးကင်းလုံခြုံရေးကော်မတီက အလေးပေးပြောကြားခဲ့ပါတယ်။ အချက်အလက်မှာ စိစစ်သုံးသပ်ပြီး ဓမ္မတာသွေးဆင်းများရခြင်းဟာ ကိုဗစ်ကာကွယ်ဆေးနဲ့ ဆက်နွှယ်ကြောင်း ကျိုးကြောင်းဆီလျော်စွာ ဖြစ်နိုင်ခြေအနည်းဆုံးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါဘေး ထွက်ဆိုးကျိုးက အမ်အာအင်အေ (mRNA) ကာကွယ်ဆေးနှစ်မျိုးရ ဲ့ ထုတ်ကုန်သတင်းအချက်အလက်မှာ ထည့်သွင်းဖို့ (EMA) က အကြံပြုထားတယ်။ “အချို့လူတွေမှာ ခံစားရတဲ့ ရာသီမမှန်တာဟာမျိုးပွားမှုနဲ့မျိုးအောင်မှုတွေအပေါ် တစ်စုံတစ်ရာသက်ရောက်မှုရှိတယ်ဆို တဲ့ အထောက်အထားမရှိပါဘူး” လို့ ဆိုပါတယ်။
ဟောင်ကောင်ဘဏ္ဍာရေးအကြီးအကဲဟာ ကိုဗစ် (COVID- 19) ကူးစက်ခံရကြောင်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့ အောက်တိုဘာ ၂၇ ရက်က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ဟောင်ကောင်မှာပြုလုပ်မယ့် ကမ္ဘာ့ဘဏ်လုပ်ငန်းဆိုင်ရာ ထိပ်သီးအစည်းအဝေးကိုလွဲချော်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ယခင်ကသီးခြားဖြစ်နေတဲ့ ဟောင်ကောင်ဟာ စီးပွားရေးအတွက် ပွင့်လင်းကြောင်းပြသဖို့ မြို့တော် အာဏာပိုင်များကနိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာအစည်း အဝေးအတွက် စိတ်အားထက်သန်ကာအတွင်းဝန် ပေါလ်ခ ျန်းက အဖွဲ့ဝင် ၂၀၀ ခန့်နဲ့ အဓိကဘဏ္ဍာရေးအဖွဲ့အစည်း ၃၀ ခန့်တက်ရောက်မယ့် ညီလာခံမှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားရာ ဆော်ဒီအာရေနိုင်ငံ ရီးယက်မြို့မှာ ကိုဗစ် ကူးစက်ခံနေရပါတယ်။
တရုတ်နိုင်ငံတိဘက်မြို့တော် “လာဆာ” မှာ ကိုဗစ်ကန့်သတ်ချက် စည်းမျဉ်းများကိုဆန့်ကျင်တဲ့အနေနဲ့ လူပေါင်းရာချီကာ လမ်းများပေါ် ကန့်ကွက်ဆန္ဒပြခဲ့ပြီး တင်းကျပ်တဲ့ ထိန်းချုပ်ဒေသမှာရှားပါးဆန္ဒပြမှုပဲ ဖြစ်ပါတယ်။ “လာဆာ” မြို့တော် ဟာ တရုတ်ရဲ့ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာအတိုင်း လိုက်နာကျင့်သုံးမှုအရ သုံးလနီးပါးကြာ လော့ဒေါင်း (lockdown)ချထားပါတယ်။ လာဆာ၊ ရှန်ကျန်းနဲ့ရှန်ဟိုင်းလို မြို့ကြီးများမှာ လော့ဒေါင်းကြောင့် ရှားပါးဆန္ဒပြမှုများကိုဖြစ်စေတဲ့ အဆိုပါစည်းကမ်းချက်များဟာ ကွာရင်တင်း (Q- Quarintine)အဆောက်အအုံအများအပြားမှာ အစားအစာပြတ်လပ်မှုနဲ့အခြေခံ လိုအပ်ချက်အားနည်းတဲ့အချက်အဖြစ်ကြုံတွေ့စေတယ်လို့ ညည်းညူမှုများထွက်ပေါ်ခဲ့ပါတယ်။ ဒိုရင်း (Douyin) လူမှုမီဒီယာမှာ ဟန်တရုတ် လူမျိုးများ ရွှေ့ပြောင်းလုပ်သား အများစုဖြစ်ပုံရတဲ့ရာနဲ့ချီတဲ့ လူတွေဟာ လာဆာမြို့တော်မှာ အောက်တိုဘာ ၂၆ ရက်က လမ်းများမှာ ဆန္ဒပြခဲ့ပြီး နေအိမ်ပြန်ခွင့်ပေးဖို့ တောင်းဆိုနေတဲ့ဗီဒီယိုများမျှဝေခဲ့ပါတယ်။လူမှုမီဒီယာကနေအလျင်အမြန် ဖယ်ရှားခံခဲ့ကြရပါတယ်။
အောက်တိုဘာ ၃၀ ရက် သတင်းအရ ရုရှားနိုင်ငံမှာလွန်ခဲ့တဲ့ ၂၄ နာရီအတွင်းကိုဗစ်ကူးစက်ခံရသူ ၆၈၀၃ ဦးထပ်မံတွေ့ရှိခဲ့ရာ တစ်နိုင်ငံလုံးမှာ ကူးစက်သူ ၂၁,၄၂၃,၇၂၅ ဦးရှိခဲ့ပြီး ၇၅ ဦး ထပ်မံသေဆုံးခဲ့လို့သေဆုံးသူပေါင်း ၃၉၀,၁၀၄ ဦး ရှိလာကြောင်းဆိုပါတယ်။ မော်စကိုမြို့တော်ဟာ ကိုဗစ် (COVID- 19)ကူးစက်ခံရမှုအများဆုံးဒေသဖြစ်ပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းကိုဗစ် ကူးစက်ခံရသူ ၇၃၀ ဦး ထပ်မံ တွေ့ရှိ ခဲ့လို့ကူးစက်ခံရသူ ၃,၂၃၀,၂၈၈ ဦး ရှိကြောင်းဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ အောက်တိုဘာ ၂၉ ရက်တစ်ရက်တာ ကိုဗစ်ကူးစက်မှုကြောင့် ၃၈ ဦးသေဆုံးခဲ့လို့ စုစုပေါင်းသေဆုံးသူ ၆၄,၀၃၃ ဦးရှိလာကြောင်း၊ တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၁၃၇၀ ဦး ထပ် မံတွေ့လို့ ကူးစက်ခံရသူပေါင်း ၄,၀၀၃,၄၅၉ ဦးရှိကြောင်း၊ လက်ရှိ ပိုးတွေ့ဆဲလူနာ ၂၀,၈၂၄ ဦးရှိ ကြောင်း မနီလာမြို့တော်မှာ ရောဂါ ထပ်မံကူးစက်သူ ၃၂၉ ဦးရှိပြီး မနီလာမှာ ရောဂါကူးစက်ခံရသူပေါင်း ၁,၂၈၅,၃၅၁ ဦးရှိကြောင်း ဆိုပါတယ်။ လက်ရှိဖိလစ်ပိုင်ပြည်သူ ၇၃ ဒသမ ၅ သန်းကျော် ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးကာ ၃၂ ဒသမ ၅ သန်းကျော် ကိုဗစ်စစ်ခဲ့ပါတယ်။
ကိုဗစ်ကြီးက ကမ္ဘာမြေပေါ်မှာ (၄-၅)နှစ်ကြာမြင့်ဦးမှာဆိုတော့ လူတိုင်း ကာကွယ်ဆေး နှစ်ကြိမ်၊ ထပ်ဆင့်မြှင့်ကာကွယ်ဆေး နှစ်ကြိမ်နဲ့ ထပ်ဆင့်ထိုးနှံမယ့်အချိန်ရောက်တိုင်း ထိုးနှံပေးကြဖို့လိုပါတယ်။ ကိုဗစ်စည်းမျဉ်းများဖြစ်တဲ့နှာခေါင်းစည်း (Surgical Mask) တပ်ခြင်း၊ လက်ကို ရေဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကျော်ကြာဆေးကြောခြင်း၊ လူတစ် ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစု လူဝေးရှောင်ခြင်းနှင့် လေဝင်လေ ထွက်ကောင်းအောင် စီစဉ်ခြင်း တို့လိုက်နာသင့်ပါတယ်။ ကလေးငယ်များ (၅-၁၈) နှစ်အုပ်စု ကာကွယ်ဆေးထိုးနှံထားသင့်ပါတယ်။ ဖိုင်ဇာနဲ့ မိုဒါးနာကုမ္ပဏီတို့က အသက် ခြောက်လမှ ငါးနှစ်အတွင်း ကလေးငယ်များကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံဖို့ (FDA)ထံ တင်ပြထားပါတယ်။