မကွေးတိုင်းဒေသကြီး မကွေးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် မျက်နှာချင်းဆိုင်ရှိ ဆေးခန်းတစ်ခုအတွင်း ဝင်ရောက်၍ ဓားဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဆရာဝန်မကြီးတစ်ဦး သေဆုံးမှု နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၅ နာရီကျော် အချိန်ကဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်းရရှိသည်။
မကွေးမြို့ ပြည်တော်သာလမ်းနှင့် ဆေးရုံလမ်းထောင့်အနီး ဆေးရုံလမ်း၏ အနောက်ဘက်ရှိ စိမ်း ဆေးခန်းအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထို ဆေးခန်းအတွင်းသို့ အသက် ၂၉ နှစ်ခန့်ဟု ခန့်မှန်းရသည့် အမျိုးသား တစ်ဦးက ဝင်ရောက်၍ ကာလသားရောဂါ တိုက်ဖျက်ရေး ဆရာဝန်မကြီး ဒေါက်တာ မို့မို့စိမ်းအား ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" ဆရာမကြီးက ဆေးခန်းထဲက ပြေးထွက်လာပြီး ကယ်ကြပါဦး လို့ အော်တဲ့အချိန်မှာ လည်ပင်းက သွေးတွေ အတော်ထွက်နေပါပြီ။ လက်တစ်ဖက်က ဗ်ိုက်ကိုလည်း ဖိထားတော့ ဗိုက်ကိုလည်း ထ်ိခိုက်ထားတယ် ထင်ပါတယ်။ တိုက်ခိုက်တဲ့ ကောင်လေးက ဆေးခန်းရှေ့မှာ ရပ်ထားတဲ့ သူ့ ဆိုင်ကယ်ကို သော့ဖွင့်ဖို့လုပ်ပြီးမှ ခြေလျင်ထွက်ပြေးတော့ အနီးဝန်းကျင်ကလူတွေ လိုက်ဖမ်းပြီး ဖမ်းမိခဲ့တာပါ" ဟု အခင်းဖြစ် ဆေးခန်းအနီးမှ တွေ့မြင်လိုက်ရသူ တစ်ဦးက ပြောကြားသည်။
အခင်းဖြစ်ပြီးနောက် ဓားဖြင့်တ်ိုက်ခိုက်ခဲ့သည့် လူငယ်သည် ပြည်တော်သာလမ်း၏ ဝဲဘက် ရွာသစ်ရပ် ၁၇ လမ်းနှင့် ၁၈ လမ်းကြားရှိ လမ်းကြားငယ်အတွင်းသို့ ထွက်ပြေးခဲ့စဉ် အနီးဝန်းကျင်မှ လူများက ဝိုင်းဝန်းဖမ်းဆီးမိခဲ့ကြောင်း ယင်းလူငယ်အား ၎င်း၏ ဆိုင်ကယ်နှင့်အတူ မကွေးမြို့ မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကနဦး သတင်းရရှိသည်။
-
ANS (၆၃.၅ -၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကစားသမား ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
-
မကာအိုအသင်းနှင့် ယှဉ်ပြိုင်ရမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း အောက်တိုဘာ ၅ တွင် လေ့ကျင့်မှု စတင်မည်
-
တရုတ်၏ပါ၀ါအပျော့ကို လှစ်ဟပြနေသည့် အီရတ်မှ တရုတ်ဘာသာစကားကျောင်း
-
မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ်နောက်ပိုင်း အင်အားအပြင်းဆုံး ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်
-
ပြီးခဲ့သည့်တစ်ပတ်အတွင်း အိန္ဒိယ၊ ပြင်သစ်နှင့် ဘရာဇီးနိုင်ငံတွင် COVID-19 ဖြစ်ပွားမှု ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့ပြီး အမေရိကန်နိုင်ငံ၌ ဖြစ်ပွားနှုန်းလျော့ကျခဲ့