Top News

တရုတ်၏ပါ၀ါအပျော့ကို လှစ်ဟပြနေသည့် အီရတ်မှ တရုတ်ဘာသာစကားကျောင်း
24htopnews | November 23, 2024 12:12 AM CST

အီရတ်နိုင်ငံ မြောက်ပိုင်းရှိစာ သင်ကျောင်းတစ်ကျောင်းတွင် ကျီဝေဟူအမည်ရှိ အမျိုးသားသည်သံစုံ တီးဝိုင်းတစ်ခုတွင် ဂီတမှူးတစ်ဦး ကဲ့သို့ ၎င်း၏ ကျောင်းသားများကို ဦးဆောင်သင်ကြားပြနေသည်။ သူသည်မေးခွန်းတစ်ခု၏ အရိပ်အမြွက်ကို ပြောကြားခဲ့ပြီး ၎င်း၏ ကျောင်းသားများထံမှတုံ့ပြန်မှုမှာ ပြီးပြည့်စုံပြီး ကျွမ်းကျင်သော တရုတ်ဘာသာသံဖြင့် ပဲ့တင်ထပ်လျက်ရှိသည်။

အသက် ၅၂ နှစ်အရွယ် ကျီဝေဟူသည် နိုင်ငံမြောက်ပိုင်း အာဘီလ်မြို့ရှိ တရုတ်ကောင်စစ်ဝန်၏ မေတ္တာရပ်ခံချက်အရ အီရတ်ကာ့ဒ်ကျောင်းသား ၁၄ ယောက်အဖွဲ့ကို သင်ကြားပေးနေသည်။

၎င်း၏အတန်းသည် ဒေသတွင်း ဆာလာဟက်ဒင် တက္ကသိုလ်၏ စမ်းသပ်သင်ကြားမှုတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယင်းကျောင်းသားများအနေဖြင့် အောင်မြင်စွာ ဘွဲ့ရရှိခဲ့လျှင် တရုတ်ဘာသာစကားဌာနက အီရတ်၏ကာဒ့်ဒေသရှိ တရုတ်နိုင်ငံပိုင်ကုမ္ပဏီအများအပြား၌ အလုပ်အကိုင်ရရှိရန်အတွက် စာရင်းပေးသွင်းနိုင်မည်ဟု တရားဝင် ထုတ်ပြန်ကြေညာထားသည်။

အတန်းရှေ့ဆုံးတွင် ထိုင်နေသည့် အသက် ၂၀ အရွယ် ရီဂင်ယာဆင်က “ကျွန်တော် တရုတ်စာ သင်ယူချင်ပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်ဟာအနာဂတ်မှာ စီးပွားရေး လုပ်ငန်းအများအပြားကို ထိန်းချုပ်လာနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ တရုတ်ကဒီမှာတိုးချဲ့လာနေပါပြီ။ အဲ့ဒါကြောင့် တရုတ်ဘာသာစကားကို သင်ဖို့ကျွန်တော်ရွေးချယ်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

တရုတ်သည် ၎င်း၏ကြီးထွားလာနေသော လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် စွမ်းအင်ကဏ္ဍတွင် တွယ်ကပ်နေသောအီရတ်ရှိ တရုတ်၏ စီးပွားရေးအရ စိတ်ဝင်စားမှုများမှာ ပိုမိုကျယ်ပြန့်လာသည်။

တရုတ်သည် ဓာတ်အားပေးစက်ရုံများ၊ အလုပ်ရုံများ၊ ရေသန့်စင်မှု စက်ရုံများနှင့် နိုင်ငံတစ်ဝန်းတွင် အလွန်လိုအပ်နေသော စာသင်ကျောင်းများကို တည်ဆောက်နေသည်။

အမေရိကန်အပါအဝင်အဓိက အနောက်ကုမ္ပဏီကြီးများက အီရတ်မှ ထွက်ခွာရန်ပြင်ဆင်နေသည့်တိုင် မကြာသေးမီနှစ်များတွင် တရုတ်၏အီရတ်တွင်ချုပ်ဆိုခဲ့သော ဒါဇင်နှင့်ချီသည့် သဘောတူစာချုပ်များသည် တရုတ်၏ကြီးထွားလာသော ခြေရာများကို သေချာစေခဲ့သည်။

အီရတ်တာဝန်ရှိသူများက ၎င်းတို့သည် အမေရိကန်၏တည်ရှိမှုကို ပိုမိုလိုလားကြောင်း ပြောကြားနေခိုက် အီရတ်တာဝန်ရှိသူများက ဒီမိုကရေစီသို့မဟုတ် ပြုပြင်ပြောင်းလဲရေးနှင့် ၎င်း၏ကျွမ်းကျင်သော သံခင်းတမန်ခင်းများဆိုင်ရာ အခြေအနေများ မပါဝင်ဘဲ တရုတ်၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ်းလှမ်းချက်တွင် ၎င်းတို့အနေဖြင့် စိတ်ပါဝင်စား မှု ရှိနေသည်ကို တွေ့ရှိခဲ့သည်။

“ဘာသာစကားသင်ပေးတဲ့ ကျောင်းဟာ ဒေသတွင်းတရုတ်နဲ့ ရင်းနှီးစေဖို့တရုတ်ရဲ့ပါ၀ါအပျော့ (Soft power) ကို ပြသလိုက်တာဖြစ်ပါတယ်။ တရုတ်နဲ့ပိုမိုရင်းနှီးလာလေ တရုတ်ကုန်ပစ္စည်းတွေဟာ သူတို့ကို ပိုမိုဆွဲဆောင်လာလေ ဖြစ်ပါတယ်” ဟု တရုတ်-အီရတ်ဆက်ဆံရေးအကြောင့် ကာ့ဒ်ဘာသာစကားဖြင့် မကြာသေးမီက ရေးသားထုတ်ဝေခဲ့သည့် သုတေသီ ဆာဒါ အဇစ်က ပြောကြားခဲ့သည်။

အီရတ်၏အဓိကစီးပွားရေးကဏ္ဍဖြစ်သော ရေနံတွင် တရုတ်ကုမ္ပဏီများ လွှမ်းမိုးထားပြီး တရုတ်အစိုးရသည် အီရတ်၏ ရေနံစိမ်းတင်ပို့မှုများ၏ ၄၀ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားသည်။

သို့သော် ဟိုက်ဒရိုကာဗွန်များကို အာရုံစူးစိုက်မှု အားနည်းနေသေးသော်လည်း တရုတ်သည် ဘဏ္ဍာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် အခြားစက်မှုကဏ္ဍများ အပါအဝင်ရင်းနှီးမြှုပ်နှံမှုများ ကြီးထွားလာသည်။

တရုတ်သမ္မတ ရှီကျင်းပင်၏ ၂၀၁၃ ခုနှစ်က အလှမ်းကျယ်လွန်းသော ပတ်လမ်းရပ်ဝန်းစီမံကိန်း ထုတ်ပြန်ကြေညာချက်ပြီးနောက် ယင်းလုပ်ဆောင်မှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ယင်းပတ်လမ်း ရပ်ဝန်းစီမံကိန်းသည် အရှေ့အာရှမှတစ်ဆင့် အရှေ့အလယ်ပိုင်းနှင့် ဥရောပအထိ ကြီးမားသောဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပဏာမ ခြေလှမ်းကြီးကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။

ယင်းအစီအစဉ်သည် တရုတ်အား ၎င်း၏လမ်းကြောင်းတစ်လျှောက် ရှိနိုင်ငံများနှင့်နိုင်ငံရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု၊ အခြေခံအဆောက်အအုံ ချိတ်ဆက်မှု၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပေါင်းစည်းမှုအပြင် လူအချင်းချင်း ရင်းနှီးမှုအစရှိသည့် ဆက်ဆံရေးများ တိုးတက်လာစေရန် လုပ်ဆောင်စေခဲ့သည်။

၂၀၁၇ ခုနှစ်က တရုတ်ကောင်စစ်ဝန်သည် တရုတ်ဘာသာစကားဌာနကို ဖွင့်လှစ်နိုင်ရန် ဆာလာဟက်ဒင် တက္ကသိုလ်ကောလိပ်၏ ဘာသာစကားသင်ကြားမှုကို ချဉ်းကပ်ခဲ့သည်။ ဘဂ္ဂဒတ်မြို့တော်၌ စာသင်ကျောင်း ဖွင့်လှစ်ခြင်းသည် လုံခြုံမှုအတွက် စိုးရိမ်ရသော်လည်း နိုင်ငံမြောက်ပိုင်း ကာဒ့်တို့ကြီးစိုးသည့်ဒေသတွင်မူ လုံခြုံမှု ရှိသည်။

“သူတို့(တရုတ်)တွေကကျွန် တော်တို့ရဲ့ရေနံကိုလိုအပ်တယ်။ ကျွန်တော်တို့ကတော့ကျွန်တော်တို့ ရေနံကို ရောင်းချနိုင်ဖို့စျေးကွက်တစ်ခု ရှာဖွေဖို့လိုအပ်ပါတယ်” ဟု တရုတ်နိုင်ငံဆိုင်ရာ အီရတ်သံအမတ်ဟောင်း  မိုဟာမက် ဆေဘာက ပြောကြားခဲ့သည်။


READ NEXT
Cancel OK