Top News

ကရင်ပြည်နယ်မှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲတွင် ကျပ်သိန်း(၈)ထောင်ကျော်ရရှိ
24htopnews | September 22, 2024 7:12 PM CST

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့်ပြည်လည်ထူထောင်ရေးတို့အတွက် စက်တင်ဘာ ၂၁ ရက်မွန်းလွဲ ၂ နာရီက အလှူငွေပေးအပ်ပွဲအခမ်းအနားအား ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပစဉ် အလှူငွေကျပ်သိန်း(၈)ထောင်ကျော်ရရှိခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးတက်ရောက်၍ စေတနာရှင်၊အလှူရှင်(၂၄၆)ဦး၏ အလှူငွေများကိုလက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

၎င်းက ကရင်ပြည်နယ်အတွင်း နှစ်ကြိမ်တိုင် စံချိန်တင်ရေကြီးရေလျှံမှုများနှင့်မြေပြိုမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများမှုရှိခဲ့သဖြင့် ပြန်လည်ထူထောင်ရေးအပိုင်းကိုလုပ်ကိုင်နိုင်ရန် ဝိုင်းဝန်းပူးပေါင်းကူညီပေးကြခြင်းမှာ အလွန်မွန်မြတ်လှသည်ဟုလည်း ကျေးဇူးတင်ဇကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

အလှူငွေပေးအပ်ပွဲတွင် ရေဘေးသင့်ပြည်သူများအတွက် ပြည်နယ်ဝန်ကြီးချုပ်မိသားစု၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် မိသားစုများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အစုအဖွဲ့လိုက်တို့မှ လှူဒါန်းခဲ့သည်ဟု သိရသည်။


READ NEXT
Cancel OK