Top News

ခြိမ့်ကေကို (banana)၏ “ရိုးသားကြိုးစား” သီချင်း လေလံတင် ရောင်းချရငွေအား ခိုင်နှင်းဝေဖောင်ဒေးရှင်းသို့ ပေးအပ်လှူဒါန်း
24htopnews | September 22, 2024 9:12 PM CST

ခြိမ့်ကေကို (banana)၏ “ရိုးသားကြိုးစား” သီချင်း လေလံတင် ရောင်းချရငွေမှ ရရှိသည့် ကျပ်(၁၇)သိန်းခွဲအား ရေဘေးသင့်ပြည်သူများကို လှူဒါန်းရန် ခိုင်နှင်းဝေဖောင်ဒေးရှင်းသို့ ယနေ့ စက်တင်ဘာ (၂၂)ရက်တွင် ၎င်း၏ မိခင်နှင့်အတူ သွားရောက်လှူဒါန်းခဲ့သည်ဟု သူ၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထား သည်။

” ကျွန်တော့်မွေးမိခင်ချစ်မေမေနှင့်အတူ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ ရိုးသားစွာကြိုးစားသီချင်းလေးကိုပါဝင်အားဖြည့်ကာ ရေဘေးကူညီရေးအတွက်ပါဝင်လှူဒါန်းပေးတဲ့ usမှ ကိုဖြိုး ကိုထွဠ် မလေးမြင့် မယုခိုင် စေတနာရှင်များမှ ငွေ (၁၇)သိန်း(၅)သောင်းကျပ်ကို မမ Khine Hnin Wai Foundation သို့ ကျွန်တော်ချစ်မေမေနဲ့အတူ ကိုယ်တိုင်ကိုယ်ရောက်သွားရောက်လှူဒါန်းခဲ့ပါသည်”ဟု ရေးသားမျှဝေထားသည်။

ယခုလ စက်တင်ဘာလ (၁၅) ရက်နေ့မှစ၍ ရေဘေးသင့်ပြည်သူများကို လှူဒါန်းရန် ရည်ရွယ်ချက်ဖြင့် သူကိုယ်တိုင် ခံစားရေးဖွဲ့ထားသည့် “ရိုးသားကြိုးစား” သီချင်းကို ကြမ်းခင်းဈေး ကျပ် (၁၅) သိန်းသတ်မှတ်ပြီး လူမှုကွန်ရက်စာမျက်နှာမှတဆင့် လေလံတင်ရောင်းချခဲ့ခြင်းလည်းဖြစ်သည်။

ခြိမ့်ကေကိုသည် Myanmar idol ပြိုင်ပွဲတစ်ခုအတွင်း မြန်မာပြည်သိန်းတန်၏ ငှက်ပျောသီးကျွေးမှုနှင့်အတူ “Social media” ပေါ်၌ လူသိများလာသည့် Cele တစ်ဦးလည်းဖြစ်သည်။

ဓာတ်ပုံ- ခြိမ့်ကေကို


READ NEXT
Cancel OK