Top News

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဝင်ရောက်ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိ
24htopnews | September 22, 2024 4:12 AM CST

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက် ငုဝါမြို့နှင့် ဝဇီရာလမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား စက်တင်ဘာ ၂၀ ရက်တွင် လက်နက်ကိုင်ဆောင်ထားသူအချို့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးနှင့်  ရာအိမ်မှူးတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်ခံရမှုတွင် သေဆုံးသွားသူများမှာ ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးကြည်ထွန်းနှင့် ရာအိမ်မှူးဦးဆွေမြင့်အောင်တို့ဖြစ်ပြီး ကျန်တစ်ဦးမှာ ရပ်ကွက်ရုံးစာရေးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တောင်ဒဂုံ ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်ကလည်း သေနတ်ကိုင်ဆောင်ထားသူများက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ထိုစဉ်က ရာအိမ်မှူးတစ်ဦးသေဆုံးကာ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း၊ ရာအိမ်မှူးနှစ်ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါအဝင် ဒလန်စွပ်စွဲချက်ဖြင့် အရပ်သားများအား မကြာခဏ လုပ်ကြံသတ်ဖြတ်မှုများရှိနေပြီး ယင်းသို့လုပ်ကြံသတ်ဖြတ်မှုများတွင် PDF များက မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်လေ့ရှိသည်။

ယခု လုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်၍ မည်သည့် PDF အဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်မျိုး တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိသေးပေ။


READ NEXT
Cancel OK