Top News

ဆန္ဒမပြသည့် ဆရာဝန်များကို အမည်ပျက်စာရင်းသွင်းသူကိုဖမ်းပြီ
24htopnews | September 22, 2024 1:12 AM CST

ဆိုးလ်၊စက်တင်ဘာ ၂၁

ဆန္ဒပြမှု၌မပါဝင်သည့် လုပ်ဖော်ကိုင်ဖက်များကို အမည်ပျက်စာရင်းသွင်းထုတ်ပြန်ခဲ့သည့်အတွက် သင်တန်းသားဆရာဝန်တစ်ဦးကို တောင်ကိုရီးယားအစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မီဒီယာများနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။

ယခုကဲ့သို့ ဖမ်းဆီးမှုသည် ဆရာဝန်များနှင့်အစိုးရအကြား ပြသနာဖြစ်ပွားနေပြီး ခြောက်လတာကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး အဆိုပါဆန္ဒထုတ်ဖော်မှုကြောင့် ဆရာဝန်အင်အားမလုံလောက်ဘဲ အရေးကြီးလူနာအချို့‌ေ-သဆုံးမှုများရှိခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့်ဆရာဝန်သည် ဆန္ဒပြမှု၌မပါဝင်သူများနှင့်လုပ်ငန်းခွင်ပြန်ဝင်သွားသည့် လုပ်ဖော်ကိုင်ဖက်များ၏ အမည်များနှင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို တယ်လီဂရမ်ကဲ့သို့သော လူမှုကွန်ရက်များတွင် ထပ်တလဲလဲဖြန့်ဝေခဲ့မှုကြောင့် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရသည်။

တောင်ကိုရီးယားနိုင်ငံဆရာဝန်များအသင်းအကြီးအကဲကမူ ဖမ်းဆီးခံသင်တန်းသားဆရာဝန်ကို ရဲစခန်း၌ သွားရောက်တွေ့ဆုံကာ ယခုပြဿနာသည် နှစ်ဦးနှစ်ဖက်လုံး၌အပြစ်မရှိဘဲ အစိုးရ၏တာဝန်သာဖြစ်ကြောင်းပြောကြားခဲ့ပြီး အမည်စာရင်းထုတ်ပြန်သူရော ထုတ်ပြန်ခံရသူဆရာဝန်များပါ နစ်နာသူများသာဖြစ်သည်ဟုဆိုခဲ့သည်။

ယခုဖမ်းဆီးထိန်းသိမ်းခံရသူဆရာဝန်သည် လုပ်ငန်းခွင်ပြန်ဝင်သွားသည့် လုပ်ဖော်ကိုင်ဖက်များနှင့်ဆန္ဒပြမှုတွင်ပူးပေါင်းခြင်းမရှိသည့်ဆရာဝန်များ၏ အမည်၊ဖုန်းနံပါတ်နှင့်မိခင်တက္ကသိုလ် စသဖြင့် ကိုယ်ရေးအချက်များကို ခွင့်ပြုချက်မရှိ ဘဲ မျှဝေခြင်းကြောင့် ခြေရာခံမှုဖြင့်စွဲချက်တင်ခံထားရခြင်းလည်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ ဆရာဝန်အင်အားလိုအပ်ချက်အရ ဆေးကျောင်းဝင်ခွင့် စည်းမျဥ်းများ ကို လျှော့ ပေါ့ကာ ေကျာင်းသား များကို တိုးမြှင့်လက်ခံသော အစိုးရ၏အစီအစဉ်ကို လက်မခံနိုင်သည့် သင်တန်းသားဆရာဝန်များသည် ဖေဖော်ဝါရီလကတည်းက လုပ်ငန်းခွင်မှ ထွက်ကာ ဆန္ဒထုတ်ဖော်နေကြခြင်းလည်းဖြစ်သည်။

Source : အေအက်ဖ်ပီ/ဒီဝိုင်


READ NEXT
Cancel OK