Top News

ကိုဗစ်မျိုးကွဲပြင်းထန်မှုများ
24htopnews | September 18, 2024 1:12 AM CST

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်က တောင်အာဖရိက ဘော့ဆွာနာနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ အိုမီခရွန်မျိုးဗီဇကွဲမှာ ဘီအေဝမ်း၊ ဘီအေတူး နှစ်မျိုးပြောင်းလဲလာကာ ဘီအေတူးက မူလကိုရိုနာမျိုးစိတ်ထက် ၄၀ ရာခိုင်နှုန်း ပိုမိုကူးစက်မြန်တာတွေ့ရှိရတယ်လို့ သြစတြေးလျနိုင်ငံ ကူးစက်ရောဂါအထူးကု ပါမောက္ခက ဆိုပါတယ်။

ဘီအေတူးဟာ မူလအိုမီခရွန်ထက် ၁ ဒသမ ၅ ဆပိုမြန်ပြီး ရောဂါရှိသူတစ်ဦးမှအခြား ၁၅ ဦးအထိ ကူးစက်ပြန့်ပွားနိုင်ပါတယ်။ မူလ အိုမီခရွန် ကူးစက်နှုန်းက ရောဂါရှိသူတစ်ဦးမှ ၈ ဒသမ ၂ ဦး ကူးစက်ပါတယ်။ ဝက်သက်ရောဂါလို ကူးစက်မှုမြန်ပါတယ်။ ဝက်သက်ဟာ လူတစ်ယောက်မှ ၁၂-၁၈ ယောက်အထိ ကူး စက်နိုင်ပြီး ရေကျောက်က ၁၀-၁၂ ယောက် အထိ ကူးစက်နိုင်ပါတယ်။

ဒိန်းမတ်နိုင်ငံက စောစောကတည်းက ဘီအေတူးမျိုးစိတ်ကွဲက အသက်အန္တရာယ်မရှိဘူး။ မူလမိခင်မျိုးစိတ်လိုပဲ ဆိုးရွားတဲ့ရောဂါ လက္ခဏာမရှိသလို ဆေးရုံတက်ရနိုင်ခြေ (သို့ မဟုတ်) သေဆုံးနိုင်ခြေလည်းမြင့်မားမှုမရှိဘူး လို့ဆိုပါတယ်။ အိုမီခရွန်မျိုးစိတ်များ တွယ်ဆက်ပရိုတိန်း ၅၀ ကျော်ပါရှိလို့ ရောဂါရှာဖွေရ လွယ်ကူစေသလို ဘီအေတူးမျိုးစိတ်မှာ တွယ်ချိတ်ပရိုတိန်းမပါဝင်လို့ ရောဂါရှာဖွေရ ခက်ခဲနိုင်ပါတယ်။

ဒယ်တာမျိုးစိတ်က ကမ္ဘာတစ်ဝန်းအပေါ်လွင်ဆုံး မျိုးစိတ်အဖြစ် ဆက်လက်ကျန်ရှိကာ အဆုတ်ပျက်စီးနိုင်လို့ အန္တရာယ်ပြင်းထန် ပါတယ်။ အိုမီခရရွန်နဲ့ဘီအေတူးမျိုးစိတ်တွေ က ဒယ်တာလိုမဟုတ်ဘဲ အသက်ရှူလမ်း ကြောင်း အပေါ်ပိုင်းနေရာသာ သက်ရောက်မှုရှိပြီး အဆုတ်ထိခိုက်မှုမရှိပါဘူး။ အနံ့အရသာ ပျောက်တာ၊ အသက်ရှူမဝတာ၊ ရင်ဘတ်အောင ့်တာမျိုး အဖြစ်နည်းပါတယ်။ အိုမီခရွန် နဲ့ ဘီအေတူးအတွက် စောင့်ကြည့်ရမယ့်လက္ခဏာတွေက မူလအိုမီခရွန်နဲ့ကွာခြားမှုသိပ်မရှိပါဘူး။ လည်ချောင်းနာခြင်း၊ ချောင်းခြောက် ဆိုးခြင်း၊ နှာရည်ယိုခြင်း၊ အဖျားအနည်းငယ် ရှိခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်း နွမ်းနယ်ခြင်း၊ ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်းတို့ဖြစ်နိုင်ပါတယ်။

ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ခါစက စောစောအောင်မြင်မှုရထားပေမဲ့  ကာကွယ်ဆေး ထပ်ဆင့်မြှင့်ဆေးထိုးနှံမှုနည်းပါးလို့ ဘီအေတူးကြောင့် ဆေးရုံတက်ရပြီး သေဆုံးမှုမြင့်တက်နေတာ တွေ့ရပါတယ်။ တရုတ်၊ ဖိလစ်ပိုင်၊ နီပေါ၊ ကာတာ၊ ဒိန်းမတ်နဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း ကူးစက်နှုန်းအလွန် များပြားနေတာတွေ့ရပါတယ်။

အိုမီခရွန်မျိုးကွဲကြောင့် ဆေးရုံတက် ကုသရတဲ့ကလေးဦးရေ ယခင်ကထက် ပိုမိုများပြားလာခဲ့တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကုသရေးဗဟိုက မတ် ၁၅ ရက်က ဆိုပါတယ်။ အသက်လေးနှစ်အောက် ကလေးတွေမှာ ဆေးရုံတက်ကုသမှုက ယခင်ဒယ်တာထက် ငါးဆခန့် ပိုများလာခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ ဖေဖော်ဝါရီ ၂၁ ရက်ကြား လူ ၁၀၀၀၀၀ မှ လေးနှစ်အောက် ကလေး ဆေးရုံတက်ကုသရမှု ၁၄ ဒသမ ၅ ရာ ခိုင်နှုန်းရှိခဲ့ရာ ဒယ်တာလှိုင်းတုန်းက လူတစ်သိန်းမှာ ကလေး ဆေးရုံတက်ကုသရမှု ၂ ဒသမ ၉ ရာခိုင်နှုန်းထက်ပိုများနေပါတယ်။ အမေရိကန်နဲ့ပြည်နယ် ၁၄ ခု၊ တိုင်းစု ၉၉ ခုမှ ကိုဗစ် ရောဂါနဲ့ဆေးရုံတက်ကလေး အချက်အလက်တွေအခြေပြုပြီး CDC က ထုတ်ပြန်ထားရာ ဖိုင်ဇာကာကွယ်ဆေးကိုအသက် ၁၂-၁၈ နှစ်ကြား ထိုးနှံသုံးစွဲခွင့်ပြုထားပေမဲ့ အသက် ခြောက်လမှ ငါးနှစ်ကြား ကလေးငယ်တွေ သုံးစွဲခွင့်ပြုဖို့ FDA ရဲ့အတည်ပြုချက်ရရှိရေး ကုမ္ပဏီက ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

ကိုဗစ်ကြောင့် ရောဂါအပြင်းအထန်ခံစားရသူတွေမှာ စိတ်ကျတာနဲ့ အခြားစိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ တစ်နှစ်ကျော်ကြားခံစား နိုင်ခြေရှိကြောင်း၊ ဆေးရုံ မတက်ခဲ့ရပေမဲ့ အိပ်ရာထဲလဲကာ အပြင်းအထန်ခံစားရသူများ၊ စိတ်ကျရောဂါ၊ စိုးရိမ်သောက၊ စိတ်ဖိစီးမှုနဲ့ လွယ်လွယ်အိပ်မပျော်နိုင်တဲ့အခြေအနေတွေ များတယ်လို့ သိရပါတယ်။ ဒိန်းမတ်၊ အက်စတိုနီးယား၊ အိုက်စလန်၊ နော်ဝေး၊ ဆွီဒင်၊ ဗြိတိန် တို့မှာလူပေါင်း ၂၄၇၀၀၀ ကျော်ရဲ့ အချက်အလက်တွေ သုတေသနပြုလေ့လာခဲ့ကြရာကိုဗစ်အပြင်းအထန်ဖြစ်ခဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ချိတ်ဆက် ခံစားရလာရတာတွေ့ရတယ်လို့ သုတေသနက ဆိုပါတယ်။

ကပ်ရောဂါကာလမှာ လူအများစိုးရိမ်လာပြီး နေထိုင်ခဲ့ကြသလို မိသားစုဆွေမျိုးသားချင်းတွေ ဆုံးရှုံးရမှုကြောင့် စိတ်ထိခိုက်မှုတွေ ကြုံတွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ ရောဂါအပြင်း အထန်ခံစားရသူတွေ စိတ်ပိုင်းဆိုင်ရာ ကျန်း မာရေးပြဿနာတွေ ပိုမိုသိသာပြင်းထန်စွာခံ စားရမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူးလို့ အိုင်ကန်ဆေးတက္ကသိုလ်ပြန်လည်ထူထောင်ရေးနဲ့ လူသားစွမ်းဆောင်မှုဌာန တွဲဖက်ပါ မောက္ခက ဆိုပါတယ်။

COVIDE-19 ဖြစ်ပြီး နောက်ပိုင်း ရောဂါလက္ခဏာစုများကို ဒီရောဂါကင်းစင်ပြီး ခြောက်လအထိ အချိန်ယူခဲ့ရပါတယ်။ ဆီးချို (Diabetes) ရောဂါအခံရှိသူများ ပိုမိုခံစားရပြီး  ရောဂါပြီးဆုံးပြီးမှာလည်း အလူးအလဲခံစား ကြရပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့ ဓာတ်ခွဲခန်းတစ်ခုကတော့ ကိုဗစ်ဖြစ်ပြီးသူများ (၁) ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ (၂)အီးစီဂျီ (ECG)နဲ့ နှလုံးစစ်ဆေးခြင်း၊ (၃)သွေးစစ်ဆေးခြင်း၊ (၄)ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း (Urea,Electrolytes,Creativine)၊ (၅)အသည်း စွမ်းဆောင်ချက်များစစ်ဆေးခြင်း (ALT,AST Total Bilirubin)၊ (၆)အဆီစစ်ဆေးခြင်း (Fat Situation) တို့လိုအပ်ကြောင်း အများမြင်သာ အောင်ကြေညာထားပါတယ်။ အထူးကုဆရာဝန်များ၊ ပါရဂူများကလည်း လိုအပ်တဲ့ဓာတ်ခွဲ စမ်းသပ်ချက်များ ထပ်မံဖြည့်စွက်ခဲ့ပါတယ်။

ကိုဗစ်နောက်ပိုင်းရောဂါစု (Post Covid Syndrome-PCS) ဖြစ်ရတာဟာ ကိုရိုနာဗိုင်းရပ်စ်က ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကစဉ့်ကလျားဖြစ်စေပြီး ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းမှု အချို့ဖြစ်စေကာ ဦးနှောက်နဲ့ အာရုံကြောစနစ် ကိုထိခိုက်စေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ကိုဗစ် (COvide-19) ရောဂါပိုးဝင်နိုင်တဲ့ အေစီအီးတူးလက်ခံ (ACE2 Receptor) ဆဲလ် များကလည်း လူ့ခန္ဓာကိုယ်အနှံ့အပြားရှိ နေရာ (၁) နှလုံးနှင့် သွေးကြောစနစ်၊ (၂)အသက်ရှူ လမ်းကြောင်းစနစ်၊ (၃)အစာအိမ်နှင့်အူလမ်း ကြောင်းစနစ်၊ (၄)အသည်း၊ (၅)ကျောက်ကပ် စတာတွေထိခိုက်စေပါတယ်။ အဆိုပါ ထိခိုက်စေမှုတွေက ကိုဗစ်နောက်ဆက်တွဲဝေဒနာစုကို ဖြစ်ပွားရတဲ့အကြောင်း ဖြစ်ပါတယ်။

ရုပ်ပိုင်းလက္ခဏာစုအနေနဲ့ ပင်ပန်းနွမ်းနယ်ကာ အားအင်ကုန်ခန်းနေတတ်ပါတယ်။ ချောင်းဆက်တိုက်ဆိုးခြင်း၊ လည်ချောင်းယားခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တလှပ်လှပ်ဖြစ်ခြင်း၊ ရုတ်တရက်ထိုင်ရာမှအထ မူးမော်ခြင်း၊ အမြင် မသဲကွဲခြင်း၊ ရင်ခေါင်းထဲ တစ်ဆို့ဆို့ဖြစ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ သွေး အတွင်းအောက်ဆီဂျင် ၉၅ ရာခိုင်နှုန်းအောက် ကျဆင်းခြင်း၊ အရသာမရှိဖြစ်ခြင်း၊ အနံ့မကြာ မကြာပျောက်တက်ခြင်း၊ အမျိုးသမီးအချို့ ဓမ္မတာမမှန်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ရောဂါအခံရှိသူများမှာ အကြောဆွဲခြင်း၊ အသားလှုပ်ခြင်းများဖြစ်တတ်လို့ ဂရုတစိုက် စောင့်ကြည့်သင့်ပါတယ်။

စိတ်ပိုင်းဆိုင်ရာရောဂါစုအနေနဲ့ ရုတ်တရက် စဉ်းစားလို့မရခြင်း၊ အရင်းနှီးဆုံးမေ့နေခြင်း (Brain Fog) လို့ ခေါ်ပါတယ်။ ဦးနှောက်ထူပူနေကာ အာရုံခံစားမှုအားကုန်သွားပြီး တွေးတောကြံဆမှု ယုတ်လျော့သွားကာ အဖြေမထွက်တာမျိုး ဖြစ်တတ်ပါတယ်။ အချို့က စိုးရိမ်မှု (Anxiety) လွန်ကဲနေတတ်ပြီးအများစုမှာ စိတ်ဓာတ်ကျခြင်း (Depression) ဖြစ်ကာ လုပ်ချင်ကိုင်ချင်စိတ် မရှိဖြစ်နေတတ်ပါတယ်။ အထူးကြပ်မတ်ဆောင် (ICU) မှာ အချိန်ကြာ ကုသမှုခံနေရသူတွေ ဘေးနားက လူနာများပြောင်းလဲကာ ရူးကြောင်ကြောင် ကျန်ခဲ့ပါတယ်။ နေ့စဉ်အိပ်မက်ဆိုးများဆက် တိုက်မက်နေတတ်ပါတယ်။ အချို့နာတာရှည် အိပ်မရရောဂါများ ခံစားကြရပါတယ်။

ဖော်ပြခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာရောဂါစုများဟာ ရက်သတ္တပတ် သုံးပတ်၊ လေးပတ်ကြာမှာ သူ့အလိုလိုပြန်ကောင်းသွား တတ်ပါတယ်။ ထို့ထက် ပိုကြာမြင့်စွာခံစားရပါက ကျွမ်းကျင်တဲ့ပညာရှင်နဲ့ ဆွေးနွေးပြသကာ ကုသမှုခံယူသင့်ပါတယ်။ အစားအသောက်၊ အနေအထိုင်ပြုပြင် ဂရုစိုက်ကာ ပြန်ကောင်း လာတယ်။

ကျန်းမာလာစေဖို့ ယခင်အတိုင်း စားသောက်တာထက် ဝဝလင်လင်စားသောက် သင့်ပါတယ်။ အစားအစာကို နည်းနည်းနဲ့အကြိမ်များများ (အရသာမခံစားရတဲ့တိုင်)သည်းခံပြီး စားသောက်သင့်ပါတယ်။ အာဟာရပြည့် ဝတဲ့အစားအစာ၊ လတ်ဆတ်တဲ့ အော်ဂဲနစ်ထွက် သစ်သီးဝလံ၊ အသီးများများစားသင့်ပါတယ်။ အရောင်အသွေးစုံလင်တဲ့ သဘာဝ အသီးအနှံများ၊ ကြက်ဥ၊ ငုံးဥ၊ အနီရောင်အသားများ၊ ပဲအမျိုးမျိုး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်အများအပြား စားသောက်စေသင့်ပါတယ်။

ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ဓာတ် မကျဖို့အရေးကြီးပါတယ်။ သံပရာသီး၊ ကီဝီသီး၊ ထောပတ်သီး၊ ဘယ်ရီသီး၊ မုန်လာဥနီ၊ ငှက်ပျောသီးအမှည့်၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ ပင်ကြီး၊ စွန်ပလွံသီး၊ ပဲပင်ပေါက်၊ အနီရောင် ပန်းသီး၊ တရုတ်ဆီးသီး၊ စပျစ်သီး၊ သစ်တော်သီး၊ ပန်းသစ်တော်၊ နာနတ်သီး၊ ပင်မှည့်သီး၊ သဘာဝဟင်းသီးဟင်းရွက်ဖျော်ရည်နဲ့ သစ်သီး စုံဖျော်ရည်၊ ကညွတ်၊ ရေညှိ၊ ကန်စွန်းရွက်၊ သရက်သီး၊ ဖရဲသီး၊ တရုတ်နံနံ၊ သင်္ဘောသီး၊ သခွားမွှေး၊ လူး၊ ဆတ်၊ ပြောင်းစတဲ့ ကောက်နှံ များ၊ ပဲပိစပ်၊ ပဲလွန်းနီ၊ ပဲလွန်းဖြူ၊ ကုလားပဲခြမ်း၊ ပင်လယ်စာအမျိုးမျိုး၊ ရှောက်သီး၊ မုန်လာဥနီ၊ စပျစ်သီးခြောက်၊ ကြက်သွန်ဖြူ၊ ဂေါ်ရခါးသီး၊ ရေမှော်၊ စိမ်းပြာရေညှိတို့မှာ အောက်ဆီဂျင် ကြွယ်ဝတဲ့ အစားအစာများပဲဖြစ်ပါတယ်။ ရေများများ သောက်သင့်ပါတယ်။ ရေခဲရေ၊ အချိုဘူး၊ သံဘူးများ မသောက်သုံးဖို့လိုအပ်ပါတယ်။

နာလန်ထစလူနာတွေ အရေးကြီးဆုံးမှာ အိပ်ရေးဝဝအိပ်ပြီး အနားယူသင့်ပါတယ်။ စိတ်ရှည်ရှည်ထားပြီး အသက်ရှူလေ့ကျင့်ခန်း မကြာခဏပြုပေးသင့်ပါတယ်။ သွေးလည်ပတ်မှု၊ အားကောင်းစေဖို့ နေ့စဉ်နာရီဝက်မှတစ်နာရီကြာ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရွရွပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတစ်ခုခုပြုလုပ်သင့်ပါတယ်။

သိပ်ပြင်းပြင်းထန်ထန်မလုပ်တာတောင် မပြင်းထန်တဲ့လမ်းလျှောက်ခြင်း၊ ခြေထောက်လေ့ကျင့်ခန်း၊ အသက်ရှူလေ့ကျင့်ခန်းလောက်လုပ်ပေးသင့်ပါတယ်။ သွေးလှည့်ပတ်မှုလည်းကောင်းမွန်စေပါတယ်။ အသင့်အမြန်စားအစားအစာ()များဖြစ်တဲ့ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာ၊အာလူးချောင်းကြော်တို့ဟာ နှစ်ခါပြန်ကြော်ဆီ ပြည့်ဝဆီနဲ့စီမံထားလို့အဝလွန်စေလို့မစားသင့်ပါဘူး။ လမ်းဘေးအစာထက် ကိုယ့်အိမ်မှာချက်ပြုတ်တဲ့အစားအစာသုံးစွဲသင့်ပါတယ်။

ကို‌ဗစ်ရောဂါ ရပြီးစ လူနာများရဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ လူမှုရေးပိုင်းဆိုင်ရာ အင်္ဂါသုံးရပ်နဲ့ပြည့်စုံစေသင့်ပါတယ်။ စိုးရိမ်စိတ်လျှော့ချပြီး ဘာသာရေးလိုက်စားခြင်း၊ တရားနာခြင်း၊ ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း၊ ဆုတောင်းခြင်းမျိုးပြုသင့်ပါတယ်။ အတူနေမိသားစုများကလည်း နာလန်ထလူနာအပေါ် စိတ်ပျက်ပြုစုမှုမျိုးမပြုသင့်ဘဲ ဖေးမစောင့်ရှောက်သင့်ပါတယ်။

ကိုဗစ်ပြီးပြန်လည်ကောင်းမွန်လာပြီးမှ မတော်တဆသေဆုံးသူများ ရင်ခွဲစစ်ဆေးချက်အရ အဆုတ်မှာ အိပ်ချ်အိုင်ဗီ(HIV)လို၊ ဆား(ှဗျွျ ဃသဠ-၂)ဗိုင်းရပ်စ်တို့ ဖျက်ဆီးထားကာ ဒုတိယအကြိမ်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေမျိုးတွေရှိထားလို့ အိမ်ထဲမှာပင် မိသားစုဝင်များပါ နှာခေါင်းစည်းတပ်ကာ ခပ်ခွာခွာနေဖို့ သတိပေးထားပါတယ်။ အိမ်ထဲမှာ (ှအပေ ဗအ ံသာန) နေခြင်းကရောဂါမကူးစက်ခြင်း၊ ရောဂါကြိုတင်ကာကွယ်ခြင်းဖြစ်စေပါတယ်။

ကိုဗစ်ရောဂါမဖြစ်ရအောင် အကောင်းဆုံးနည်းလမ်းက ကိုဗစ်(COVID-19) ကာကွယ်ဆေး ထိုးနှံရေးဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးသူတွေမှာလည်း ကို‌ဗစ်(COVID-19) ကူးစက်နိုင်ပါသေးတယ်။ ရောဂါလက္ခဏာနည်းပါးကာမပြင်းထန်လို့ ဆေးရုံမတက်ရခြင်း၊ အောက်ဆီဂျင်မရှူရခြင်းတို့ကြောင့် သေဆုံးနိုင်မှုနည်းပါး လှပါတယ်။ ကိုဗစ်ဖြစ်ပြီးသူများလည်းပဋိပစ္စည်း(ဗညအငဘသိပ) ထွက်လာတဲ့တိုင ်စိတ်မချရသေးဘဲ (၁-၆) လအကြာမှာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံသင့်ပါတယ်။ ကိုဗစ်ကူးစက်ပေမဲ့ ရောဂါမပြင်းထန်ဘူးဆိုရင်တောင် အဆုတ်ထိခိုက်မှု အခြေအနေကာလရှည်ကြာနိုင်တယ်လို့ ကိုဗစ်ရောဂါလက္ခဏာကာလရှည်ခံစားရတဲ့ လူနာ ၁၀၀ ဦး သုတေသီကလေ့လာခဲ့ပြီး ထက်ဝက်ကျော်ရဲ့ စီတီဓာတ်မှန်တွေမှာ အဆုတ်ရဲ့လေပြွန်ငယ်လေးတွေထဲ မူမမှန်တဲ့အခြေအနေတွေရှိနေတာ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ရောဂါမပြင်းထန်တဲ့တိုင် လေပြွန်ဝင်ထိခိုက်မှု ကလနဲ့ချီကြာဆက်လက်ကျန်ရှိနေတယ်လို့ အိုင်ယိုဝါကာတာဆေးတက္ကသိုလ်မှ သုတေသီဒေါက်တာ အသီဂျန်ဒရိုကိုပက်လက်စ က ဆိုပါတယ်။ အဆုတ်ထဲမှာလေပိတ်ပြီး ကျန်နေတာမျိုးက ပန်းနာရင်ကျပ်၊ အဆုတ်လေအိတ်ပျက်စီးတာနဲ့ အဆုတ်လေပြွန်ရောင်တာ တွေမှာလို အဆုတ်တွင်းလေအောင်းကျန်တာမျိုးဖြစ်တယ်လို့ အမေရိကန်အဆုတ်အဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာစီဒရစ်ဂျမီရုလန်းကဆိုပါတယ်။

လူနာတွေမှာ အဆုတ်ထိခိုက်မှုကာလရှည်ကြာမှုက တစ်ဦးချင်းပေါ်မူတည်ပြီး ကွဲပြားခြားနားမှု ရှိနိုင်ကာအချို့တော်ရုံနဲ့မပျောက်ဘဲ ထပ်ပြီးသုတေသနပြုရဖွယ် ရှိနေတယ်လို့ဆိုပါတယ်။


READ NEXT
Cancel OK