Top News

ရေဘေးသင့်ခဲ့သည့် ရေတာရှည်နှင့် ဆွာမြို့နယ်မှ ပြည်သူများအတွက် ​ဗောဓိဆာယာတောရမိသားစု၊ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းနှင့် စေတနာရှင်များစုပေါင်းကာ ကျပ်သိန်း ၁၃၀၀ လှူဒါန်း
24htopnews | September 24, 2024 10:12 PM CST

ရေဘေးသင့်ခဲ့သည့် ရေတာရှည်နှင့် ဆွာမြို့နယ်မှ ပြည်သူများအတွက် ​ဗောဓိဆာယာတောရမိသားစု၊ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းနှင့် စေတနာရှင်များစုပေါင်းကာ ကျပ်သိန်း ၁၃၀၀ လှူဒါန်းမှုပြုလုပ်ခဲ့သည်။

 စက်တင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ရေတာရှည်မြို့နယ်နှင့် ဆွာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ ခိုလှုံရာ ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ လှူဒါန်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရေဘေးသင့်ပြည်သူများနှင့် ရေဘေးကြောင့် အိမ်မျှောပျက်ဆီးသွားသူများအား ဗောဓိဆာယာတောရမိသားစု၊ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်း၊ သရုပ်ဆောင် လင်းဇာနည်ဇော်မိသားစုနှင့် အခြားအလှူရှင်များမှ ပူးပေါင်းပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရေဘေးသင့်ပြီး ဘုန်းကြီးကျောင်းများတွင် လာရောက်ခိုလှုံနေသည့် ရေဘေးသင့်ပြည်သူများအတွက် အစားအသောက်၊ ရေသန့်၊ ခေါင်းအုံး၊ ခြင်ထောင်၊ စောင်နှင့် အခြားတစ်ကိုယ်ရည်သုံးလိုအပ်သည့် ပစ္စည်းများ လှူဒါန်းခဲ့သည်။

ရေတာရှည်မြို့နယ်နှင့် ဆွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ ရေပြန်ကျသေးခြင်းမရှိသေးကြောင်း သိရသည်။


READ NEXT
Cancel OK