Top News

လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်း အပါအဝင် ဒေါ်လာ ၈၅ သန်းနှင့် ကျပ် ၄၃၃၂၇ သန်းကျော်ရှိသည့် လုပ်ငန်းသစ် ခုနစ်ခု MIC ခွင့်ပြု၊ ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး သုုံးရာခိုင်နှုန်းသို့ ယာယီပြင်ဆင်လျှော့ချ
24htopnews | September 18, 2024 1:12 AM CST

လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်း အပါအဝင် ဒေါ်လာ ၈၅ သန်းနှင့် ကျပ် ၄၃၃၂၇ သန်းကျော်ရှိသည့် လုပ်ငန်းသစ်ခုနှစ်ခု (MIC) ခွင့်ပြု

မဂ္ဂါဝပ် ၂၀ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ် လုပ်ခြင်း လုပ်ငန်းအပါအဝင် ဒေါ်လာ ၈၅ သန်းနှင့် ကျပ် ၄၃၃၂၇ သန်းကျော်ရှိသည့် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းသစ် ခုနစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုပေးလိုက်ကြောင်း သိရ သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို မတ် ၃၀ ရက်က ကျင်းပခဲ့ရာတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၂ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ လုပ်ငန်းသစ် ခုနစ်ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ဒေါ်လာ ၈၅ ဒသမ ၇၅၉ သန်းနှင့် ကျပ် ၄၃၃၂၇ ဒသမ ၄၅၅ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၅၅၃ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။

ယင်းအစည်းအဝေးက ခွင့်ပြုခဲ့သောလုပ်ငန်းများတွင် တည်ဆောက်ရေးကာလ ခြောက်လအတွင်း မဂ္ဂါဝပ် ၂၀ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည် ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အောက်ပါ ရင်း နှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများကို အဆိုပြုလွှာ တင်ပြလာပါက ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထားသည်။

ယင်း လုပ်ငန်းများမှာ (က) ဓာတ်မြေသြဇာထုတ်လုပ်ခြင်း လုပ်ငန်းများ၊(ခ)ဘိလပ်မြေထုတ်လုပ် ခြင်းလုပ်ငန်းများ(ဂ)သံမဏိ ထုတ်လုပ်ခြင်း လုပ်ငန်းများ(ဃ)စိုက်ပျိုးရေး လုပ်ငန်းနှင့် မွေးမြူရေးလုပ် ငန်း၊အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့် လုပ်ငန်းများ(င) တန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်ခြင်း လုပ်ငန်းများ၊(စ)လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ(ဆ)ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများ၊(ဇ)အများပြည်သူသယ်ယူပို့ဆောင် ရေးလုပ်ငန်းများဖြစ်သည်။

အထက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာ တင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဟု သိရသည်။

၂၀၂၁-၂၀၂၂ (Mini-Budget) လေးလအတွင်း မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၀၇ သန်း နီးပါး ဝင်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံ က ဒေါ်လာ ၂၇၅ သန်းကျော်ဖြင့် အများဆုံးမြှုပ်နှံ ထားသည်။

၂၀၂၁-၂၀၂၂ (Mini-Budget) လေးလအတွင်း နိုင်ငံအလိုက် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုး မြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၇၅ ဒသမ ၇၀၁ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၀၉ ဒသမ ၆၀၄ သန်း၊ တိုင်ပေက ဒေါ်လာ ၃ ဒသမ ၂၀၈ သန်း၊ ပြင်သစ်နိုင်ငံက ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ဟောင်ကောင်က ဒေါ်လာ ၅၅ ဒသမ ၀၈၈ သန်း၊ အိန္ဒိယက ဒေါ်လာ ၀ ဒသမ ၅၅၀ သန်း၊ ဂျပန်နိုင်ငံကရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁ ဒသမ ၃၁၀ သန်း၊မလေးရှားနိုင်ငံက ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါ အဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊ R.O.K က ရင်းနှီး မြှုပ်နှံမှုတိုးမြှင့် ခြင်း အပါအဝင် ဒေါ်လာ ၄၄ ဒသမ ၇၁၀ သန်း၊  Sasmoa က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ နှစ်သန်း၊ Seychellesက ဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ခုနစ်သန်း၊နယ်သာလန် က ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ လေးသန်း၊ နီပေါ နိုင်ငံကဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၅၀၆ ဒသမ ၈၂၃ သန်း ဝင်ရောက်ထားသည်။

ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်

ဘဏ်များက မြန်မာကျပ်ငွေ ဖြင့်ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်အချိုး သုံးရာ ခိုင်နှုန်းသို့ ယာယီပြင်ဆင်လျှော့ချ သတ်မှတ်သည့်ကာလနှင့် တွက်ချက်မှု ပုံစံသစ်ကို ၂၀၂၂ ခုနှစ် မတ် ၃၀ မှ ၂၀၂၃ ခု နှစ် မတ်လကုန် အထိ တစ်နှစ်သက်တမ်း တိုးမြှင့် လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ညွှန်ကြားချက်အမှတ် (၃/၂၀၂၂)  ကို ၂၀၂၂ ခုနှစ် မတ် ၂၅ ရက်စွဲဖြင့် ထုတ်ပြန် လိုက်သည်။   

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်လုပ်ငန်း ကဏ္ဍ၏ ဘဏ္ဍာငွေဖြည့် ဆည်းမှုကို တိုးမြှင့်ရန်နှင့် ဘဏ်စနစ်အတွင်း ငွေကြေးလုံလောက်မှုကို အထောက်အကူ ပြုစေရန်အတွက် ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက် အချိုး(သုံးရာခိုင်နှုန်း)သို့ယာယီ ပြင်ဆင် လျှော့ချသတ်မှတ်သည့်ကာလ တိုးမြှင့်ခြင်းအား ရည်ညွှန်းချက်-၁ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၇.၁.၂၀၂၁) ရက်စွဲပါ ညွှန်ကြားချက် အမှတ် (၁၃/၂၀၂၁)ပါ ညွှန်ကြားချက်ဖြင့် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဘဏ်များ၏ငွေသား စီမံခန့်ခွဲမှု ကောင်းမွန်စေရန် နှင့်ဘဏ်စနစ်အတွင်း ငွေကြေး  လုံလောက်မှုကို ပိုမိုအထောက်အကူ ပြုစေရန်အတွက် ဘဏ်များက မြန်မာ ကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်  အချိုး တွက်ချက်မှုအား ဘဏ်များစာရင်း ရှင်အပ်ငွေ (CAB)အပြင်ဘဏ်များ လက်ဝယ်ရှိငွေသား (Cash at Bank)ကိုပါ ထည့်သွင်းတွက်ချက်သည့်မှု ပုံစံသစ်ပြင်ဆင်သတ်မှတ်ခြင်းအား ရည်ရွယ်ချက်-၂ ( မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ (၂၅.၁၁. ၂၀၂၁) ရက်စွဲပါ ညွှန်ကြားချက် အမှတ် (၁၉/၂၀၂၁) ပါ ညွှန်ကြားချက်ဖြင့် ထုတ်ပြန်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဘဏ်စနစ်အတွင်း ငွေကြေးလုံလောက်မှုကို ဆက်လက်၍ အထောက်အကူဖြစ်စေရန်နှင့် ဘဏ်များ၏ ငွေသားစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်အတွက် ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့်အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက်အချိုးအား သုံးရာခိုင်နှုန်းသို့ ယာယီပြင်ဆင် လျှော့ချသတ်မှတ်သည့်ကာလနှင့် တွက်ချက်မှုပုံစံသစ် အသုံးပြုသည့် အကျုံးဝင်ကာလတို့အား ၂၀၂၂ ခု နှစ် မတ် ၃၀ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၃၁ရက်အထိ တစ်နှစ်သက်တမ်း တိုးမြှင့်သတ်မှတ် လိုက်သည်။ ညွှန်ကြားချက်(၁၉/ ၂၀၂၁) ပါ အကျုံးဝင်သည့် ကာလအား ယခု ညွှန်ကြားချက်ဖြင့် လွှမ်းမိုး လိုက်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်အပိုဒ်(၃)ပါ ယာယီ ပြင်ဆင်သတ်မှတ်ခြင်းသည် သက်တမ်းကာလတိုးမြှင့်ခြင်းမှလွဲ၍ အနည်းဆုံးသီးသန့်ငွေလို အပ်ချက် ပြည့်မိလိုက်နာမှုမရှိခြင်းအတွက်  ဒဏ်ကြေးဆိုင်ရာ သတ်မှတ်ခြင်းများ သည် ယခင်အတိုင်း မပြောင်းလဲဘဲ ဆက်လက်တည်ရှိမည်ဖြစ်သည်။

ဘဏ်စနစ်တစ်ခုလုံး လုံခြုံခိုင်မာမှုရှိစေရန် ဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်၏ဘဏ်လုပ်ငန်း  ကြီးကြပ်စစ်ဆေးရေးဌာနသို့ အစီရင်ခံစာများ ပေးပို့ရသည်။ နေ့စဉ်ပေးပို့ရသည့် အစီရင်ခံစာများမှာ မတည်ရင်းနှီးငွေ၊ အပ်ငွေ၊ ချေး ငွေ၊ ငွေလွှဲ ဆောင်ရွက်မှု၊ ဝင်ငွေနှင့်  အသုံးစရိတ်၊ အစိုးရငွေချေး သက် သေခံလက်မှတ်များပိုင်ဆိုင်မှု၊ ငွေဝင်/ငွေ ထွက်စာရင်း၊ အစမ်း ရှင်း တမ်းအခြေအနေနှင့် နေ့စဉ်ထိန်း သိမ်းရမည့် နိုင်ငံခြားငွေကြေး အခြေအနေတို့ဖြစ်သည်။ အပတ်စဉ် ပေးပို့ရမည့်အစီရင်ခံစာမှာ ငွေ ကြေးလွယ်ကူမှုအချိုး ဖြစ်သည်။ လစဉ်ပေးပို့ရမည့်အစီရင်ခံစာများမှာ ဝင်ငွေနှင့်အသုံးစရိတ် အခြေအနေ၊ လက်ကျန်ရှင်းတမ်း၊ မတည် ငွေရင်းလုံလောက်မှုအချိုးနှင့် ရရန် ပိုင်ခွင့်အမျိုးအစား ခွဲခြားခြင်းနှင့်လျာထားခြင်းစာရင်း၊ သုံးလတစ် ကြိမ်ပေးပို့ရမည့် အစီရင်ခံစာများ မှာပမာဏကြီးမားသောကြွေးမြီများစာရင်း၊ ကဏ္ဍအလိုက် ထုတ်ချေးထားသော ငွေစာရင်းနှင့် အာမခံ အမျိုးအစားအလိုက် ချေးငွေစာရင်း၊ နှစ်စဉ်ပေးပို့ရသော အစီရင်ခံစာများမှာ ဘဏ်၏ နှစ်ချုပ်အစီ ရင်ခံစာနှင့် ပြင်ပစာရင်းစစ်အစီ ရင်ခံစာတို့ဖြစ်သည်။

အထွေထွေစား သောက်ကုန်၊ ဆိုးဆေး၊ စက်နှင့်စက်ပစ္စည်းအမျိုးမျိုးအပါအဝင် ကုန်စည်လိုင်း ၁၁၃၁ လိုင်းကို သွင်းကုန်  လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများ အဖြစ်တတိယအဆင့် သတ်မှတ်ထုတ်ပြန်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက် သည့်သတင်းလွှာ   (၅/၂၀၂၂)ကို ထုတ်ပြန်လိုက်သည်။

ယခုအခါ တတိယအဆင့်အဖြစ် တဆေး၊ အထွေထွေ စားသောက်ကုန်၊ အိမ်မွေး တိရစ္ဆာန် အစာ၊ ဆိုးဆေး၊ ဆပ်ပြာကုန်ကြမ်း အရောင်တင်ဆီ၊ အထွေထွေ သုံး ဓာတုဗေဒပစ္စည်း၊ သားရေကုန် ကြမ်းပစ္စည်း၊ ဂုန်လျှော်ကြိုး၊ နိုင်လွန်ချည်၊ ကြိုးအမျိုးမျိုး၊ စက်နှင့် စက်ပစ္စည်းအမျိုးမျိုး၊လျှပ်စစ်မော်တာ၊ ဂျင်နရေတာ၊လျှပ်စစ်ဆိုင်ရာ ပစ္စည်းနှင့် ယင်း၏အပိုပစ္စည်းများ အစရှိသည့်ကုန်စည်များ အကျုံးဝင်သည့် 2017 CustomsTariff of Myanmar အရ H.S Code 6 Digit ဖြင့် ကုန်စည် ၅၃၆ လိုင်း သို့မဟုတ် H.S Codw 10 Digit ဖြင့် ကုန်စည် ၁၁၃၁ လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ၂၀၂၂ ခုနှစ် မေ ၁ ရက်မှစ၍ ထပ်တိုးသတ်မှတ်လိုက်သည်။

သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော အထက်အပိုဒ်(၃)ပါ ကုန်စည်စာရင်းအား ပို့ကုန်သွင်း ကုန်ဥပဒေနှင့်အညီ အမိန့် ကြော်ငြာစာ ဆက်လက်ထုတ်ပြန်မည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု နောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများတုံ့ဆိုင်းခြင်းကို ပြန် လည်ကုစားနိုင်ရန်၊ နိုင်ငံ၏ပို့ကုန် တင်ပို့မှု၊ သွင်းကုန်တင်သွင်းမှုများ စနစ်တကျရှိစေရန်နှင့် ပြည်ပမှ ကုန် စည်များ တင်သွင်းမှုအတွက် နိုင်ငံခြားငွေကြေး အသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ပမှ တင်သွင်းသည့်ကုန် စည် အချို့ကို သွင်းကုန်လိုင်စင်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


READ NEXT
Cancel OK