Top News

ဟာရီကိန်းနှင့် လီဝန်ဒေါစကီးတို့သည် ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် အဆင့်တူတိုက်စစ်မှူးများဖြစ်သည်ဟု ဘိုင်ယန်မြူးနစ်နည်းပြ သုံးသပ်
24htopnews | September 16, 2024 1:12 PM CST

ယခုတစ်ပတ်ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်၌ ထိပ်တိုက်ရင်ဆိုင်ရမည့် စပါးအသင်းနှင့်ပတ်သက်၍ ဘိုင်ယန်မြူးနစ်နည်းပြ ကိုဗက်က သုံးသပ်မှုများပြုလုပ်ခဲ့ရာတွင် ပြိုင်ဘက်တိုက်စစ်မှူး ဟာရီကိန်းသည် ၎င်းတို့၏ တိုက်စစ်မှူး လီဝန်ဒေါစကီးနှင့် အဆင့်တူတိုက်စစ်မှူးဖြစ်သည်ဟု ချီးကျူးခဲ့ကြောင်း သိရှိရသည်။

ကိုဗက်က ''ဟာရီကိန်းက သူ့ရဲ့ အရည်အသွေးကို ပရီးမီးယားလိဂ်မှာရော အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ပြသနေတဲ့သူပါ။ သူက စွယ်စုံရတဲ့ ကစားသမား၊ အလွန်သန်စွမ်းတဲ့ တိုက်စစ်မှူးလည်းဖြစ်ပါတယ်။ သူ မလုပ်နိုင်တဲ့အရာ ဘာမှမရှိပါဘူး။ သူနဲ့ လီဝန်ဒေါစကီးက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး(၄)ဦးစာရင်းထဲ ထည့်သွင်းရမယ့်သူတွေလည်း ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

 

ထို့ပြင် စပါးအသင်းအနေဖြင့် လက်ရှိအချိန်တွင် ရုန်းကန်နေရသော်လည်း ပိုချက်တီနိုလို နည်းပြနှင့် ကမ္ဘာ့အဆင့်ကစားသမားများကို ပိုင်ဆိုင်ထားခြင်း ကြောင့် တိုးတက်မှုရှိနေသည့်အသင်းဖြစ်သည်ဟုလည်း သုံးသပ်ခဲ့သည်။

ကိုဗက်က ''သူတို့ကို ဥရောပပြိုင်ပွဲတွေမှာ အရင် (၇)နှစ်၊ (၈)နှစ်လောက်က မတွေ့မြင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ထိပ်သီးအသင်းကြီးတွေကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်နေပါပြီ။ ကျွန်တော့်အမြင်မှာတော့ သူတို့ဟာ အလွန်အ ပေါင်းလက္ခဏာဆောင်နေတဲ့အသင်းဖြစ်ပါတယ်''ဟုလည်း ပြောကြားခဲ့သည်။


READ NEXT
Cancel OK