Top News

အီတလီစီးရီးအေပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက်
24htopnews | September 15, 2024 10:12 PM CST

ဂျီနိုအာ - ရိုးမား (တနင်္ဂနွေညနေ ၅း၀၀ နာရီ) 

ပြီးခဲ့တဲ့ ရာသီစီးရီးအေတွေ့ဆုံမှုမှာ ဂျီနိုအာက ရိုးမားကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ကစားခဲ့တယ်။ ဒါကြောင့် လက်ရှိအ ချိန်အထိ စီးရီးအေနိုင်ပွဲမရသေးတဲ့ ရိုးမားအသင်း ဂျီနိုအာကွင်း မှာ ခက်ခက်ခဲခဲကစားရပါဦးမယ်။ ဂျီနိုအာကို အရဲစွန့်ရွေးချယ် ချင်တယ်။

အတ္တလန်တာ - ဖီအိုရင်တီးနား (တနင်္ဂနွေည ရး၃၀ နာရီ)

အတ္တလန်တာက အဖွင့်ပွဲမှာ လက်ချီကို ဂိုးပြတ်နိုင်ခဲ့ပေမဲ့ နောက်ဆုံး (၂)ပွဲဆက် ရှုံးပွဲတွေ့ခဲ့တယ်။ ဒါ့အပြင် ဒီပွဲပြီးရင် အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ပွဲကစားရဖို့ရှိလို့ အတ္တလန်တာအ သင်း လူစုံထုတ်ပါ့မလားဆိုတာ စဉ်းစားရမယ်။ ဖီအိုရင်တီးနား ကလည်း သရေပွဲတွေဆက်နေတယ်။ အတ္တလန်တာကွင်းမှာ ကစားရမှာဖြစ်ပေမဲ့ ဖီအိုရင်တီးနားအသင်း တစ်မှတ်မျှော်လင့် ခွင့်ရှိပါတယ်။

တိုရီနို - လက်ချီ (တနင်္ဂနွေည ရး၃၀ နာရီ)

တိုရီနိုရဲ့ လက်ရှိခြေစွမ်းက အားရစရာဖြစ်ပြီး (၃)ပွဲမှာ (၇) မှတ်အထိ ရယူထားတယ်။ အိမ်ကွင်းဆိုရင် ကစားအားပိုကောင်း တာလည်း တွေ့ရတယ်။ လက်ချီက အဝေးကွင်းညံ့ပါတယ်။ တို ရီနိုနိုင်ပွဲဆက်မယ်။

ကာဂလီယာရီ - နာပိုလီ (တနင်္ဂနွေည ၁၀း၃၀ နာရီ)

ကာဂလီယာရီက အိမ်ကွင်း(၂)ပွဲဆက် သရေကျခဲ့ပေမဲ့ နောက်ဆုံကစားတဲ့ပွဲမှာ လက်ချီကို ရှုံးခဲ့တယ်။ ကွန်တီရဲ့ နာပို လီကတော့ တစ်ပွဲထက်တစ်ပွဲပိုကောင်းလာပြီလို့ ဆိုရမယ်။ လူ ကာကူကလည်း အသင်းရဲ့ တိုက်စစ်မှာ အတော်လေးအလုပ် ဖြစ်တယ်။ နာပိုလီကို ကြိုက်တယ်။

မွန်ဇာ - အင်တာမီလန် (တနင်္လာနံနက် ၁း၃၀ နာရီ)

မွန်ဇာက လက်ရှိချိန်အထိ ရုန်းကန်နေရဆဲပဲ။ စီးရီးအေနောက်ဆုံး (၁၂)ပွဲဆက်နိုင်ပွဲပျောက်ထားပြီး တိုက်စစ်ကလည်း စီးရီးအေနောက်ဆုံး (၅)ပွဲမှာ (၁)ပွဲပဲ ဂိုးသွင်းနိုင်ခဲ့တယ်။ လက်ရှိချန်ပီယံ အင်တာမီလန်ကတော့ ဂျီနိုအာကို မထင်မှတ်ဘဲ သ ရေကျခဲ့တာကလွဲလို့ နိုင်သင့်တဲ့ပွဲတွေကို အနိုင်ကစားခဲ့တယ်။ လော်တာရိုမာတီနက်ဇ်-မားကပ်စ်သူရမ်တို့ရဲ့ တိုက်စစ်အတွဲ အဖက်က ဒီရာသီ ပိုအားကောင်းလာတာလည်း တွေ့ရတယ်။ အဝေးကွင်းဖြစ်ပေမဲ့ အင်တာမီလန် အနိုင်သေချာတယ်။ (ဝ-၂၊ ၁-၃)ရလဒ်တွေ ကြိုက်တယ်။


READ NEXT
Cancel OK