Top News

မန်ယူနောက်ခံလူ စမောလင်းအား ရိုးမားအသင်း အပြီးသတ်ခေါ်ယူရန် နီးစပ်လာ
24htopnews | September 15, 2024 5:13 PM CST

 

စီးရီးအေကလပ် ရိုးမားအသင်းသည် မန်ယူအသင်း၏ အင်္ဂလန်နောက်ခံလူ စမောလင်းအား အပြီးသတ်ခေါ်ယူရန် နီးစပ်လာကြောင်း သိရှိရသည်။ 

စမောလင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်ယူအသင်းမှ ရိုးမားအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် လာရောက်ကစားလျက်ရှိနေသူဖြစ်ပြီး ရိုးမားအသင်းက ၎င်းအား လာမည့်နွေရာသီတွင် အပြီးသတ်ခေါ်ယူရန် စီစဉ်နေသည်။ 

ရိုးမားအသင်းတွင် ပုံမှန်နေရာရနေသော စမောလင်းအတွက် မန်ယူအသင်းတာဝန်ရှိသူများက ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းအလိုရှိနေကြောင်း သိရှိရသည်။ 

စမောလင်းကလည်း ရိုးမားအသင်းတွင်ကစားရသည်မှာ ပျော်ရွှင်ကြောင်းနှင့် အီတလီတွင် ဆက်ရှိသွားလိုသည်ဟု ဝန်ခံပြောကြားထားသည်။ 

အကယ်၍ ရိုးမားအသင်းတွင် ဆက်ကစားခွင့်ရရှိမည်ဆိုပါက သူ၏လစာငွေကို လျှော့ယူသွားမည်ဖြစ်ကြောင်းလည်း စမောလင်းက ပြောကြားထားသည်။ 

စမောလင်းနှင့် မန်ယူအသင်း ချုပ်ဆိုထားသောစာချုပ်မှာ ၂၀၂၂ ခုနှစ်အထိဖြစ်ကြောင်း သိရှိရသည်။

 


READ NEXT
Cancel OK