Top News

စီးရီးအေကစားသမားများ၏ လစာကိစ္စအတွက် FIGC နှင့် စီးရီးအေတာဝန်ရှိသူများ ဆွေးနွေးမည်
24htopnews | September 15, 2024 5:12 PM CST

 

အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) နှင့် စီးရီးအေပြိုင်ပွဲတာဝန်ရှိသူများ၊ အီတလီရှိ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့တို့ စီးရီးအေကစားသမားများ၏လစာကိစ္စအတွက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ 

အီတလီနိုင်ငံထုတ် La  သတင်းစာ၏ ဖော်ပြချက်အရ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကာလအတွင်း အသင်းငယ်များ ဒေဝါလီခံရမည့်အခြေအနေ ရှောင်လွှဲနိုင်ရန်အတွက် ပြိုင်ပွဲတစ်ခုလုံးမှ ကစားသမား အားလုံး၏လစာကို ပေးချေခြင်းမပြုဘဲ ရပ်ဆိုင်းထားမည့်အချက်လည်း ပါဝင်ကြောင်း သိရသည်။ 

''ပဏာမအစီအစဉ်တွေကတော့ အများကြီးပါပဲ။ ကွဲပြားခြားနားတဲ့ အခြေ အနေအမျိုးမျိုးကြားမှာ ကျွန်တော်တို့က ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားရမှာပါ။ လစာကိစ္စကို တနင်္လာနေ့မှာ ဆွေးနွေးသွားမှာပါ။ ဒီရာသီကို ပြန်စတင်နိုင်ရေးကတော့ ဦးစားပေးရည်မှန်းချက်ပါပဲ''ဟု FIGC ဥက္ကဋ္ဌ ဂရာဗီနာက ANSA သတင်းဌာနသို့ ပြောကြားသည်။

အီတလီနိုင်ငံမှာ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုအများဆုံးဖြစ်ပြီး မတ် ၂၈ ရက်အထိ စာရင်းအရ ရောဂါဖြစ်ပွားကြောင်း အတည်ပြုထားသူ ၇၀,၀၆၅ ဦး၊ သေဆုံးသူ ၁၀,၀၂၃ ဦးနှင့် ပြန်လည်ကောင်းမွန်သူ ၁၂,၃၈၄ ဦးရှိသည်။ 

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် စီးရီးအေအပါအဝင် နိုင်ငံတစ်ဝန်းရှိ အားကစားများပြိုင်ပွဲအားလုံးကို အနည်းဆုံး ဧပြီ ၃ ရက်အထိ ရွှေ့ဆိုင်းထားရပြီး ပြန်လည်စတင်နိုင်ရန်လည်း မသေချာသေးကြောင်း သိရသည်။ 

 


READ NEXT
Cancel OK