Top News

ဘန်လေဂိုးသမား နစ်ပုပ်အား ချယ်လ်ဆီးနှင့် စပါး အပြိုင်ကမ်းလှမ်းမည်
24htopnews | September 15, 2024 5:12 PM CST

 

ချယ်လ်ဆီးအသင်းနှင့် စပါးအသင်းတို့သည် ဘန်လေအသင်း၏ အင်္ဂလန်ဂိုးသမား နစ်ပုပ် (၂၇ နှစ်) အား ခေါ်ယူရန် အပြိုင်ကမ်း လှမ်းသွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။ 

ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် အမှားအယွင်းများခဲ့သည့်  စပိန်ဂိုးသမား ကယ်ပါ၏နေရာတွင် အစားထိုး ရန် နစ်ပုပ်ကို ပစ်မှတ်ထားနေခြင်းဖြစ်သလို၊ စပါးအသင်းကလည်း အသက်အရွယ်ကြီးရင့်လာသည့် ပြင်သစ်ဂိုးသမား ဟူဂိုလိုရစ်၏နေ ရာတွင် ၎င်းနှင့်အစားထိုးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

နစ်ပုပ်သည် ပြီးခဲ့သည့် (၄)ရာသီအတွင်း ဘန်လေအသင်းတွင် လက်စွမ်းပြကစားနိုင်ခဲ့သဖြင့် ပရီးမီးယားလိဂ်အသင်းကြီးများ၏ ပစ်မှတ်ထားခြင်းကို ခံနေရသူ ဖြစ်သည်။ 

၎င်းသည် ဘန်လေအသင်းအတွက် ပြိုင်ပွဲစုံ(၇၄)ပွဲ ကစားပေးထားပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၂)ပွဲကစားခွင့် ရရှိထားသည်။

ကစားသမားဘဝကို ဘူရီ၊ ချာလ်တန်အသင်းများတွင် ဖြတ်သန်းခဲ့ပြီး အငှားကစားခဲ့သည့်အသင်းမှာလည်း (၅)သင်းအထိရှိခဲ့သည်။

ယခုရာသီတွင်မူ နစ်ပုပ်မှာ ဘန်လေအသင်းအတွက် (၂၉)ပွဲကစားကာ ဂိုး(၄၀)ပေးထားရသည်။

ဘန်လေအသင်းနှင့်ချုပ်ဆိုထားသည့် နစ်ပုပ်၏စာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ်အကုန်ထိဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK