Top News

COVID-19 အတွက် အားကစားလောကမှ လှူဒါန်းကူညီမှုများ - (၄)
24htopnews | September 15, 2024 5:12 PM CST

ရိန်းဂျားစ် - ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းနှင့် စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းက ၎င်းတို့၏ကွင်းများကို ဗြိတိန်အမျိုးသားကျန်းမာရေးဌာန (NHS)  အတွက် အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဘာစီလိုနာ - ဘာစီလိုနာအသင်းက ကတ်တလန်အစိုးရ၏ ကျန်းမာရေးဌာနအတွက် နှာခေါင်းစည်း ၃၀,၀၀၀ လှူဒါန်းမည်ဖြစ် ကြောင်း ကြေညာခဲ့ပြီး ယင်းနှာခေါင်းစည်းများကို တရုတ်အခြေစိုက် Taiping Life အာမခံကုမ္ပဏီက ဘာစီလိုနာအသင်းမှတစ် ဆင့် လှူဒါန်းခြင်းဖြစ်သည်။

ရိုးမား - ရိုးမားအသင်းသည် စီးရီးအေပြိုင်ပွဲ ပြန်လည်ကစားရပါက ပထမဆုံးပွဲ၏ လက်မှတ်စောင်ရေ ၅၀၀၀ ကို ကမ္ဘာတစ်ဝန်းရှိ ကို ရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ ဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများကို ပေးအပ်သွား မည်ဖြစ်သည်။

အန်သိုနီတေလာ - ပရီးမီးယားလိဂ်ဒိုင်လူကြီး အန်သိုနီတေလာသည် ဗြိတိန်ကျန်းမာရေးဌာန (NHS) အတွက် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်လျက်ရှိသည်။

မာတီနက်ဇ် - ဘိုင်ယန်မြူးနစ်အသင်းကွင်းလယ်လူ ဟာဗီမာတီနက်ဇ်သည် မြူးနစ်မြို့ရှိ ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်း၍ နေအိမ်မှ ထွက်ခွင့်မရသူများအတွက် ပစ္စည်းဝယ်ယူကာ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

အက်ဒီဟန်း - ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ အန်သိုနီဂျိုရှူအာအပါအဝင် နာမည်ကြီး လက်ဝှေ့သမားများ၏ ပွဲစီစဉ်သူ အက်ဒီဟန်း က ပြိုင်ပွဲများ ပြန်လည်ကျင်းပချိန်မှစ၍ တစ်နှစ်အတွင်း ပွဲတိုင်းတွင် NHS ဝန်ထမ်းများအတွက် လက်မှတ် ၂၀၀ စီ အခမဲ့ပေးအပ်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။


READ NEXT
Cancel OK