Top News

ကလော့ပ်၏နေရာကို ဆက်ခံရန် ရေပန်းစားနေသည့် လေဗာကူဆင်နည်းပြ အလွန်ဆိုကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ ချီးကျူး
24htopnews | September 14, 2024 4:12 PM CST

မန်စီးတီးနည်းပြ ဂွါဒီယိုလာက  လီဗာပူးလ်နည်းပြ ကလော့ပ်၏နေရာ ကို ဆက်ခံရန် ရေပန်းအစားဆုံးဖြစ်နေသည့် လေဗာကူဆင်အသင်းနည်း ပြ အလွန်ဆိုကို ချီးကျူးခဲ့သည်။

ယခုရာသီတွင် လေဗာကူဆင်အသင်းကို ပြိုင်ပွဲစုံ (၃၃) ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ဦးဆောင်ထားသည့် နည်းပြ အလွန်ဆိုသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့်လမ်းခွဲမည်ဟု ကြေညာထားသည့် ကလော့ပ်၏ နေရာတွင် အစားဝင်ရောက်မည့်သူအဖြစ် သတင်းထွက်နေသူဖြစ်သည်။

အလွန်ဆိုသည် ကစားသမားဘဝတွင် ဘိုင်ယန်မြူးနစ်အသင်း၌ ကစားစဉ်က လက်ရှိ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၏လက်အောက်တွင် ကစားဖူးသူလည်း ဖြစ်သည်။ ထို့ကြောင့် ဂွါဒီယိုလာက ယခုရာသီတွင် လေဗာကူဆင်ကို အကောင်းဆုံးစွမ်းဆောင်ပေးထားသည့် အလွန်ဆိုကို ချီးကျူးခဲ့ခြင်း ဖြစ်သည်။

ဂွါဒီယိုလာက "လာမယ့်ရာသီမှာ အလွန်ဆို လီဗာပူးလ်နည်းပြ ဖြစ်လာမလားဆိုတဲ့ မေးခွန်းကို ကျွန်တော် မဖြေနိုင်ပါဘူး။ ဒါက လီဗာပူးလ်အသင်း ဖြေရမယ့်မေးခွန်းပါ။ သူတို့ ဘယ်လို အတွေးတွေရှိနေလဲ ကျွန်တော် မသိပါဘူး။ ကျွန်တော် ပြောနိုင်တာက အခုအလွန်ဆို လုပ်ပြနေတာပါပဲ။ မော်ဒန် ဘောလုံးမှာ (၃၃) ပွဲဆက် ရှုံးပွဲမရှိကစားနိုင်တာ သူတို့တစ်သင်းပဲ ရှိတာပါ။ အလွန်ဆိုဟာ အရမ်းဉာဏ်ရည်ထက် မြက်သူပါ"ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK