Top News

ပုလဲမြို့နယ် အထကကျောင်းမှ အလယ်တန်းပြဆရာတစ်ဦး ဓားနှင့် သေနတ်တို့ဖြင့် ပစ်ခတ်ထိုးခုတ်ခံရ
24htopnews | October 7, 2024 12:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာတစ်ဦး ဇူလိုင် ၂၈ ရက်က ဓားနှင့်သေနတ်တို့ဖြင့် ပစ်ခတ်ထိုးခုတ်ခံရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် သည်။

ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပုလဲမြို့နယ် သေတ္တရာကျေးရွာနေ ပုလဲ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြကျောင်းဆရာဖြစ်သူ ဦးစိုင်းမင်းလတ် (၃၈)နှစ်သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် PDF များရောက်ရှိလာပြီး ဦးစိုင်းမင်းလတ်အား သေနတ်၊ ဓားများဖြင့် ၀ိုင်းဝန်းပစ်ခတ်ထိုးခုတ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ပစ်ခတ်ထိုးခတ်မှုကြောင့် ဦးစိုင်းမင်းလတ်တွင် သေနတ်၊ ဓားဒဏ်ရာများရရှိခဲ့၍ ဆေးဝါးကုသနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ  ဇူလိုင် ၂၈ ရက် နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းနေအထက်တန်းပြဆရာမဖြစ်သူ ဒေါ်ဝါ၀ါရွှေ(၄၀)နှစ်အား PDF အမျိုးသားတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်၍ခြိမ်းခြောက်ခြင်းနှင့် ငွေတောင်းခံခြင်းများ လုပ်ဆောင်ခဲ့ကြောင်း  သတင်းထုတ်ပြန်မှုအရ သိရသည်။


READ NEXT
Cancel OK