Top News

ဂျူဗင်တပ်စ်သို့ပြန်လာရန် ကွန်တီကို ပရိသတ်များ တောင်းဆို
24htopnews | September 13, 2024 2:12 PM CST

လက်ရှိတွင် စပါးအသင်းနည်းပြအဖြစ် ဆောင်ရွက်နေသည့် နည်းပြဟောင်း ကွန်တီကို အသင်းသို့ပြန်လာရန် ဂျူဗင်တပ်စ်ပရိသတ်များက တောင်းဆိုခဲ့ကြသည်။

ကွန်တီသည် ကစားသမားဘဝနှင့် နည်းပြဘဝအချိန်အများစုကို ဂျူဗင်တပ်စ်အသင်းနှင့် ကုန်ဆုံးခဲ့ပြီး ယခုအချိန်အထိ တူရင်မြိုတွင် နေအိမ်ရှိနေဆဲဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် လိဂ်ပြိုင်ပွဲများ ခေတ္တရပ်နားသွားပြီးနောက် ကွန်တီသည် တူရင်မြို့သို့ပြန်လာကာ မြို့အတွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် စားသောက်နေသည့်ပုံများလည်း ထွက်ရှိခဲ့သည်။

ကွန်တီသည် စပါးအသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရန်အတွက် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ဂျူဗင်တပ်စ်ပရိသတ်များက Instagram တွင် ကွန်တီအား အသင်းသို့ပြန်လာပြီး လက်ရှိကိုင်တွယ်နေသည့် အယ်လီဂရီထံမှ နည်းပြရာထူးကိုရယူကာ ပြန်လည်ကိုင်တွယ်ပေးရန် တောင်းဆိုခဲ့ကြသည်။


READ NEXT
Cancel OK