Top News

မောတောင်-ဆင်းခွန် နယ်စပ်ဂိတ် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ထိုင်းဘက်က ကန့်သတ်မှုများလုပ်ထားသည့်အတွက် လုပ်ငန်းရှင်များ အခက်အခဲဖြစ်နေ
24htopnews | October 14, 2024 3:12 AM CST

မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်ကို စ တင်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ထိုင်းဘက် မှ ကန့်သတ်မှုများ ပြုလုပ်ထားသည့်အတွက် လုပ်ငန်းရှင်များ အခက်အခဲဖြစ်နေကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မော တောင်မြို့တွင် ဖွင့်လှစ်ထားသော မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကုန်သွယ်မှု ပြန်လည်စတင်ရန် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံ ခရိုင် ဆင်းခွန်အထူးယာယီနယ်စပ်ဂိတ်မှ သြဂုတ် ၁ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံက COViD-19 အခြေအနေများကြောင့် မတ်လမှ စတင်ကာပိတ်ထား သည့် အဆိုပါနယ်စပ်ဂိတ်အား ပြန်လည်ဖွင့် လှစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကုန်စည်ဖြတ် သန်းမှုကို ပထမအဆင့်ဖြင့် ဆောင်ရွက်လာ ခြင်းဖြစ်ကြောင်း သိရသည်။

“သြဂုတ် ၁ ရက်မှာ ထိုင်းနိုင်ငံ ပရာကျွတ် ခီရီခံခရိုင်မှာ အစည်းအဝေးလုပ်တယ်။ မြန် မာနိုင်ငံဘက်က ကုန်သည်တွေနဲ့ တာဝန်ရှိသူ တွေ တက်ရောက်ကြတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံ က သူတို့လိုအပ်ချက်ကိုပဲ အဓိကထားပြောခဲ့ တယ်။ မြန်မာဘက်က ပြန်လည်ဆွေးနွေးမှုအ လွန်နည်းခဲ့ပြီး နားထောင်မှုတွေပဲ လုပ်နေတယ်။ ကိုယ့်နိုင်ငံက ကုန်သည်တွေရဲ့ လိုအပ်ချက်အ ခက်အခဲတွေကို တင်ပြဆွေးနွေးတာမျိုး မရှိ ကြဘူး။ ဒါကြောင့် ထိုင်းဘက်က ကုန်စည်ကန့် သတ်မှုတွေကို ချမှတ်တာကို လက်ခံပြီး ပြန် လာရသလိုမျိုး ဖြစ်နေတယ်။ ထိုင်းဘက်က လူ နေမှုဘဝမှာ နေ့စဉ်လိုအပ်တဲ့ကုန်စည်တွေကို အဓိကထားကုန်သွယ်မယ်။ ကိုဗစ်ကာလတုန်း က ကန့်သတ်ထားတဲ့အတိုင်း လုပ်ဆောင်မယ် လို့ ပြောခဲ့တယ်” ဟု မြန်မာ-ထိုင်းကုန်သွယ်မှု အစည်းအဝေးသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။

ကုန်ပစ္စည်းတချို့ ကန့်သတ်လိုက်သည့် အတွက် မြိတ်ခရိုင်၏ အဓိကထွက်ကုန်ဖြစ် သော ရေထွက်ပစ္စည်းများ တင်ပို့ရန်အခက်အ ခဲဖြစ်သွားကြောင်း သိရသည်။ ကန့်သတ်ထား ရာတွင် ရေခဲစိမ်နှင့် ရေထွက်ပစ္စည်းတချို့ (ဥပမာ ကင်းမွန်၊ ပလာတူးနှင့် ငါးတချို့) ပါ ဝင်နေကြောင်း သိရသည်။

“အေးခဲတွေကိုတော့ ကုန်သွယ်ခွင့်ပေး တယ်။ ကုန်သည်တွေအနေနဲ့ Invoice/packing list အပြည့်အစုံကို ပရာကျွတ်ခီရီခံခ ရိုင်ဝန်ရုံးမှာ အစိုးရရုံးဖွင့်ရက်တွေမှာ တစ်ရက် ကြိုတင်အကြောင်းကြား ခွင့်ပြုချက်ယူရမယ်။ နောက်ပြီးတော့ ကုန်စည်ပို့တဲ့အခါမှာ ယာဉ် မောင်းတစ်ဦးသာ လိုက်ပါလာရမှာဖြစ်ပြီး အဲ ဒီယာဉ်မောင်းက PPE သို့မဟုတ် မိုးကာ၊ လက် အိတ်တွေ၊Mask၊ ဦးထုပ်တွေ ဝတ်ဆင်ထား ရမယ်လို့ ပြောပါ တယ်။ မြန်မာအလုပ်သမား တွေကို အသုံးပြုခွင့်မပေးပါဘူး။ ထိုင်းနိုင်ငံ သားအလုပ်သမားတွေကိုပဲ သုံးမှာပါ။ အဲဒီ တော့ ကုန်စည်ပိုင်ရှင် (သို့) ကိုယ်စားလှယ်က လိုက်ပါခွင့်မရှိတဲ့အတွက် ကုန်စည်အလျော့ အတင်း၊ ပေးတဲ့စျေးနှုန်းတွေကို ညှိမရတာ၊ရေ ထွက်ကုန်တွေ ပို့မရတာတွေ မြန်မာနိုင်ငံသား တွေ အလုပ်မရတာတွေ ကြုံနေရတယ်” ဟု ကုန် သွယ်မှုပြုလုပ်နေသူတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံအနေဖြင့် နေ့စဉ်လိုအပ်နေ သည့်ကုန်စည်များကိုသာ အဓိကဝယ်ယူနေ သော်လည်း ကန့်သတ်မှုများ လုပ်ဆောင်နေ သည့်အတွက်ကုန်သည်များ အခက်အခဲဖြစ် နေကြောင်း သိရသည်။

ဇော်မိုးဦး (မြိတ်)


READ NEXT
Cancel OK