Top News

JLPT 2022 December ရန်ကုန်စာဖြေဌာနတွင် N5 အတွက် လျှောက်လွှာများ ရောင်းချပြီးဖြစ်ကြောင်း၊ မန္တလးစာဖြေဌာနတွင် လျှောက်လွှာရောင်းချရာ၌ ဝယ်ယူမှုများပြားသည့်အတွက် လျှောက်လွှာရောင်းတော့မည် မဟုတ်ပဲ N4၊ N5 လျှောက်လွှာတင်ခြင်းကို Online စနစ်ဖြင့် လက်ခံမည်
24htopnews | October 14, 2024 3:12 AM CST

JLPT 2022 December ရန်ကုန်စာဖြေဌာနတွင် N5 အတွက် လျှောက်လွှာများ ရောင်းချပြီးဖြစ်ကြောင်း၊ မန္တလးစာဖြေဌာန၌ လျှောက်လွှာရောင်းချရာတွင် ဝယ်ယူမှုများပြားသည့်အတွက် လျှောက်လွှာရောင်းတော့မည် မဟုတ်ပဲ N4၊ N5 လျှောက်လွှာတင်ခြင်းကို Online စနစ်ဖြင့် လက်ခံမည်ဖြစ်ကြောင်း ဩဂုတ် ၃ ရက်တွင် JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က အသိပေးထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ  JLPT 2022 December ရန်ကုန်စာဖြေဌာနအတွက် N5 Level လျှောက်လွှာများ ရောင်းချခြင်းအား ဩဂုတ် ၃ ရက် နံနက် ၈ နာရီခွဲခန့်မှ စတင်ပြီး၊ နေ့လယ် ၂ နာရီမတိုင်မီတွင် တစ်ဦးချင်းအတွက် ရောင်းချရန်သတ်မှတ်ထားသည့် လျှောက်လွှာအရေအတွက် ၄၇၅၀ စောင်ပြည့်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအတွက်ကြောင့် N5 Level လျှောက်လွှာရောင်းချခြင်းအား ရပ်ဆိုင်းလိုက်ရပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ဟု  JLPT စာမေးပွဲကျင်းပရေးကော်မတီမြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က ထုတ်ပြန်သည်။

အလားတူ မန္တလေးစာဖြေဌာနအတွက် လျှောက်လွှာများစတင်ရောင်းချရာ လာရောက်ဝယ်ယူသူ အဆမတန်များပြားပါသောကြောင့် ရောင်းချပုံနည်းစနစ်အား ပြောင်းလဲစီစဉ်ခဲ့ပါသော်လည်းလူစုလူဝေးအားထိန်းချုပ်ရန် ခက်ခဲသည့်အခြေအနေ များဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါအခြေအနေအပေါ် သက်ဆိုင်ရာမှ လုံခြုံရေးအရ ဆက်လက်ရောင်းချခြင်းမပြုရန် တားမြစ်ခြင်းခံရပါသဖြင့် မန္တလေးစာဖြေဌာန၏ JLPT စာမေးပွဲလျှောက်လွှာရောင်းချခြင်းကို ဆက်လက်ပြုလုပ်မရတော့ပါကြောင်း အသိပေးအပ်ပါသည်ဟု ပါရှိသည်။

ဩဂုတ် ၃ ရက် နေ့လယ် ၁ နာရီတွင် ကြေငြာခဲ့သော ဩဂုတ် ၄ ရက်နှင့် ၅ ရက်များတွင် မန္တလေးစာဖြေဌာန၏ N4 နှင့် N5 လျှောက်လွှာလက်ခံများခြင်းများကို ပြုလုပ်နိုင်တော့မည်မဟုတ်ကြောင်း၊ မန္တလေးစာဖြေဌာန၏ စာမေးပွဲလျှောက်လွှာလက်ခံခြင်းအား Online စနစ်ဖြင့်သာ လက်ခံသွားတော့မည်ဖြစ်ကြောင်း၊ လက်ခံမည့် အရေအတွက်မှာ ကနဦးကြေငြာချက်အတိုင်း N4 ၄၅၀၀ ဦး နှင့် N5 ၃၀၀၀ ဦး ဖြစ်ပြီး Online စနစ်ဖြင့် လက်ခံခြင်းလမ်းညွှန်အား ထပ်မံအသိပေးကြေငြာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်လက်ပြီး ဩဂုတ် ၃ ရက်တွင် သတ်မှတ်ထားသည့် အရေအတွက်ဖြစ်သည့် N1 100ဦး နှင့် N2 300 ဦး အား ရောင်းချခဲ့ပြီး ဖြစ်ကြောင်း၊ N3 အတွက် 556 ဦး အား ရောင်းချခဲ့ပြီးဖြစ်ပြီး ကျန်လူများအား စာရင်းကောက်ခံခဲ့ကြောင်း၊ N3 အတွက် စာရင်းပေးသွင်းခဲ့သူများအတွက် စီစဉ်ဆောင်ရွက်ဆဲဖြစ်ပါသဖြင့် သည်းခံစောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း၊ အထက်ပါလူဦး‌ရေအတိုင်း သတ်မှတ်ထားသည့် လျှောက်လွှာအရေအတွက် ကုန်ပြီဖြစ်ပါသဖြင့် N1, N2, N3 အတွက်လည်း ဆက်လက်ရောင်းချရန် မရှိတော့ကြောင်း၊ MAJA မန္တလေးရုံးခွဲအား ဩဂုတ် ၄ ရက်မှစ၍ ယာယီပိတ်ထားရမည် ဖြစ်ပြီး ရုံးခန်းပြန်လည်ဖွင့်လှစ်နိုင်ပါက အသိပေးသွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီမြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က ထုတ်ပြန်သည်။


READ NEXT
Cancel OK