Top News

တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသွားမည်ဟု မန်ယူအသင်းနည်းပြ တန်ဟက်ဂ် အတည်ပြု
24htopnews | September 13, 2024 2:12 PM CST

မန်ယူအသင်းသည် စီရော်နယ်လ်ဒိုအား လက်လွှတ်လိုက်ရပြီးနောက် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသွားရန် ရှာဖွေနေကြောင်း နည်းပြ တန်ဟက်ဂ်က အတည်ပြုခဲ့သည်။

အသင်းအနေဖြင့် စျေးကွက်အတွင်း တိုက်စစ်မှူးသစ်တစ်ဦး ရှာဖွေနေသလားဟု သတင်းထောက်များ၏ မေးမြန်းမှုကို တန်ဟက်ဂ်က ''ဟုတ်ပါတယ်။ ဒါပေမဲ့ အသင်းအတွက် သင့်တော်မယ့်ကစားသမားကိုသာ ကျွန်တော်တို့ ရှာဖွေနေတာပါ။ ကျွန်တော်တို့ စွမ်းအားရှိသလောက် အရာအားလုံး လုပ်ဆောင်ပါတယ်။ ရရှိလာတဲ့ အခွင့်အလမ်းတိုင်းကိုလည်း ကျွန်တော် သုတေသန လုပ်လေ့ရှိပါတယ်။ အခွင့်အလမ်းရောက်လာရန် ကျွန်တော်တို့ တတ်အားသမျှ လုပ်ပါတယ်။ ကစားသမားအမည် အတိအကျကို မှတ်ချက်မပေးနိုင်ပါဘူး။ ဘယ်တော့မှလည်း ကျွန်တော် မလုပ်ခဲ့ပါဘူး။ ဒီမတိုင်မီ နွေရာသီကလည်း ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ကစားသမားများစွာအကြောင်းကို ကျွန်တော်တို့ ပြောနေချိန်မှာ သူတို့က မိခင်ကလပ်တွေနဲ့ စာချုပ်ကိုယ်စီ ရှိနေကြသူတွေပါ။ ကျွန်တော်တို့အနေနဲ့ ဒါကို လေးစားရပါမယ်။ ဒါပေမဲ့ အသင်းအတွက် သင့်တော်တဲ့ ကစားသမားတွေ ရလာဖို့အတွက် ကျွန်တော်တို့ အမှန်တကယ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။


READ NEXT
Cancel OK