Top News

ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ရပ်ရှ်ဖို့ဒ်ကို ဥရောပထိပ်တန်းကလပ်များ စိတ်ဝင်စား
24htopnews | September 13, 2024 2:12 PM CST

ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ဥရောပထိပ်တန်းကလပ်အသင်းများဖြစ်သည့် PSG၊ ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းများက စိတ်ဝင်စားနေကြောင်း သိရသည်။

PSG အသင်းသည် ရပ်ရှ်ဖို့ဒ်ကို ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားများထဲမှ တစ်ဦးဖြစ်လာစေမည့် တစ်ပတ် ပေါင်(၈၅၀၀၀၀)တန် Package ဖြင့် ကမ်းလှမ်းသွားရန် အသင့်ရှိနေသည်။

Mirror သတင်းစာကမူ ရပ်ရှ်ဖို့ဒ်သည် သူ၏လစာငွေကို တစ်ပတ် ပေါင်(၃၅၀၀၀၀)ဝန်းကျင်သာ တောင်းဆိုသွားဖွယ်ရှိပြီး ခေါ်ယူမည့်ကလပ်အသင်းအနေဖြင့် (၄)နှစ်စာချုပ်အတွက် ပေါင်သန်း (၁၄၀)ခန့် ကုန်ကျနိုင်သည်။

သို့သော် ရပ်ရှ်ဖို့ဒ်အနေဖြင့် စျေးကွက်တန်ဖိုးမှာ ပေါင်သန်း(၇၀)ဝန်းကျင် ရှိနေသဖြင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့်အခွင့်အရေးမှာ မက်မောစရာဖြစ်နေသည်။

 


READ NEXT
Cancel OK