မြန်မာတွင် ဘင်္ဂါလီမွတ်စလင်များအား လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သူများကို တရားခွင်သို့ တင်ပို့နိုင်ရေးအတွက် လုပ်ဆောင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မြန်မာကို ဖေဖော်ဝါရီ ၄ တွင် တိုက်တွန်းခဲ့သည်။
International Court of Justice (ICJ) က ချမှတ်ခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုအား ကြိုတင်ကာကွယ်ရန် ရည်မှန်းသည့် အရေးယူဆောင်ရွက်မှုများကို ပြည့်မီအောင် မြန်မာက လိုက်နာဆောင်ရွက်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးအပြီး ပြင်သစ်၊ အက်စ်တိုးနီးယား၊ ဂျာမနီနှင့် ဘယ်လ်ဂျီယမ်တို့က ပူးတွဲကြေညာချက်ထုတ်ပြန်၍ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထိုကြေညာချက်တွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံဟောင်းနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်သည့် ပိုလန်ကလည်း လက်မှတ်ထိုးခဲ့သည်။ ယင်းသည် ဇန်နဝါရီ ၃၁ တွင် ဥရောပသမဂ္ဂမှ တရားဝင် နုတ်ထွက်ခဲ့သော ဗြိတိန် မပါဝင်ဘဲ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လုံခြုံရေးကောင်စီတွင် ပူးတွဲကြေညာချက်ကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သို့သော် မြန်မာအရေး ဆွေးနွေးပွဲပြုလုပ်ရန် တောင်းဆိုခဲ့သောနိုင်ငံများတွင် ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်နှင့် အမေရိကန်နှင့်အတူ ဗြိတိန်လည်း ပါဝင်ခဲ့သည်။ မြန်မာအတွက် အလွန်အမင်း လိုအပ်သောမဟာမိတ်ဖြစ်သည့် တရုတ်က ကုလသမဂ္ဂလုံခြုံရေး ကောင်စီတစ်ခုလုံး၏ ပူးတွဲကြေညာချက် ထုတ်ပြန်မှုအား ကန့်ကွက်ခဲ့ကြောင်း သံတမန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာသည် ၎င်း၏ပဋိပက္ခများ၏ အရင်းခံများအား ဖြေရှင်းသင့်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများအား တရားခွင်တင်နိုင်ရန် အများလက်ခံလောက်နိုင်သော လုပ်ရပ်များ လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ထိုပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။ မြန်မာသည် ဘင်္ဂါလီမွတ်စလင်များ မြန်မာသို့ ၎င်းတို့၏ဆန္ဒအလျောက်နှင့် ဘေးကင်းစွာ ပြန်လာနိုင်ရေးအတွက် အခြေအနေများ ဖန်တီးသင့်ပြီး ပံ့ပိုးပေးသင့်ကြောင်းလည်း ထိုပူးတွဲကြေညာချက်တွင် တိုက်တွန်းခဲ့သည်။
-
စနေတစ်ရက်တွင် ခွဲစိတ်ဆရာဝန် လုပ်သည့် ဘူတန်ဝန်ကြီးချုပ်
-
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဝင်ရောက်ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိ
-
အမေရိကန်သံတမန် တောင်ကိုရီးယားသို့ လာရောက်စဉ်အတွင်း မြောက်ကိုရီးယားက ဒုံးပစ်လွှတ်မှုထပ်မံပြုလုပ်
-
အိန္ဒိယဝန်ကြီးချုပ် မိုဒီက နယူးဒေလီတွင် ရွေးကောက်ပွဲ မတိုင်မီ ဧရာမ လူထုစုဝေးပွဲ ပြုလုပ်
-
အိန္ဒိယနှင့်ပြင်သစ်တို့က အကြီးမားဆုံး ရေတပ် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ပြုလုပ်