ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် အခြေခံဥပ ဒေပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် တင်ပြထားမှု အောင်မြင်ပါက တပ်မတော်နှင့် တိုင်းရင်းသားပါတီများ၏ သဘောတူညီချက်ယူ၍ ဥပဒေကြမ်းများ ဆက်လက်တင်ပြသွားရန် ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ကျောင်းကုန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ပြောကြားသည်။
နေပြည်တော်၌ မတ် ၆ ရက်က ပြုလုပ် သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မီဒီယာများအား အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“နောက်ထပ်လည်း တင်ဖို့ရှိတယ်။ တင် ဖို့ အချက်တွေကို ၂၀ ရာခိုင်နှုန်းကနေ ဆက်စပ်ပြီးတော့ ကျွန်တော်တို့နဲ့အတူ တပ်မတော် လည်းပါမယ်။ ကျန်တဲ့ တိုင်းရင်းသားပါတီတွေ လည်းပါမယ်။ အဲဒါ ၂၀ ရာခိုင်နှုန်းပြည့်မီတယ် ဆိုရင် သဘောတူညီချက်ယူပြီးတော့ နောက် ထပ်ဥပဒေကြမ်းတွေကို ဆက်တင်ဖို့အနေ အထားရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒါမျိုး ၁၅ ခု၊ ၁၈ ခုလောက်ရှိတယ်။ ဒါက ကျွန်တော့်ဘက်က ဆောင်ရွက်ထားတဲ့ အနေအထားဖြစ််တယ်။ ဘယ်ဟာတွေ ဘယ်လိုဆို တာတော့ ပြောလို့မရသေးဘူး။ ဆက်ပြီး တော့ တင်သွားဖို့တော့ရှိတယ်။ ဒီပုဒ်မတွေ တင်မယ်ဆိုတာကလည်း ပြည်ခိုင်ဖြိုးက လွှတ် တော်ကိုယ်စားလှယ်ကလည်း ၄၀ လောက်ပဲ ရှိမယ်။ ပြည်သူ့လွှတ်တော်ရော၊ အမျိုးသား လွှတ်တော်ရော၊ ကျန်တဲ့တိုင်းရင်းသားပါတီ တွေလည်း ရှိတယ်။ တပ်မတော်သားကိုယ် စားလှယ်တွေလည်း ရှိတယ်။ အခြားလွှတ် တော်ကိုယ်စားလှယ်တွေလည်းရှိတဲ့အတွက် ကြောင့် ပြည်ထောင်စုလွှတ်တော်ကိုတင်တဲ့ အခါမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ ၂၀ ရာခိုင်နှုန်းကျော်သွားပြီး ၂၀ ရာခိုင်နှုန်းနဲ့ တင်ရမယ်ဆိုတဲ့ အတွက်ကြောင့် ကိုယ့်သဘောထားကတော့ ၁၈ ခုလောက်ရှိမယ်။ အဲဒါတွေကို သဘောထားရယူ ဆောင်ရွက်ပြီး တော့ ညီမယ်ဆိုရင် တင်လို့ရမယ် မညီဘူး ဆိုရင်တော့ တင်လို့မရဘူး။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့တော့ ဆက်လက်ပြီး တင်ဖို့ရှိပါတယ်။ ဘယ်လိုအကြောင်းအရာတွေ ဖြစ်မလဲဆိုတာကတော့ တင်မှပေါ်လာပါလိမ့်မယ်။ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ဥပမာ ခုံရုံးကိစ္စတွေရှိမယ်၊ ကော်မရှင်ကိစ္စတွေ ရှိလာမယ် အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ပေါ့။ အသေးစိတ်ကတော့ ထွက်လာမှပဲ ပြောလို့ရမယ်” ဟု ဦးသိန်းထွန်းက ပြောကြားသည်။
ဦးသိန်းထွန်းအနေဖြင့် လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပြင် ဆင်ရေးမူကြမ်းကို လွှတ်တော်သို့ တင်ပြထားပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို မတ် ၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖတ်ကြားတင်ပြခဲ့သည်။
အဆိုပါ အစီရင်ခံစာတွင် ပြည်ခိုင်ဖြိုးပါတီ၏ အခြေခံဥပဒေမူကြမ်းအား အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်သင့်ကြောင်း၊ ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက သဘောထားမှတ်ချက် ပေးထားခြင်းကြောင့် ယင်းရလဒ်အပေါ်တွင် မူတည်၍ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးသိန်းထွန်းက ပြောကြားသည်။
“အခု တင်ခဲ့တဲ့ ၂၆၁ ရလဒ်အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က တင်သင့်၊ မတင်သင့် စဉ်းစားသွားမှာ ဖြစ်ပါတယ်။ ရလဒ်က ဒီဥစ္စာ အောင်မြင်သွားပြီဆိုရင် တောက်လျှောက် ဆက်တင်သွားမှာ ဖြစ်ပါတယ်။ မအောင်မြင်ရင်တော့ စဉ်းစားစရာဖြစ်သွားပြီ။ မအောင်မြင်ရင်တော့ မထူးတော့ဘူးလေ။ ဘာလို့လဲဆိုတော့ ၄၅ ဦး ကော်မတီထဲမှာလည်း ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ပါထားပြီးပြီ။ ကျွန်တော်တို့ တင်မယ့်ဟာတွေရှိတယ်။ ဒီကိစ္စ လုံးဝမအောင်မြင်ဘူး ဆိုရင်တော့ ဟိုဘက်နှစ်ဦးနဲ့ပဲ သွားမယ်။ ဒါကိုအောင်မြင်သွားပြီ ဆိုရင်တော့ ကျွန်တော်တို့က တောက်လျှောက်လိုက်ပြီးတော့ တင်သွားမှာပါ” ဟု ဦးသိန်းထွန်းက ပြောကြားသည်။
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ဒေါ်လာ ၄ ထရီလျံအထိ ဆုံးရှုံးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်သတိပေး
-
နိုင်ငံသားများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုပြုလုပ်ရန် အိန္ဒိယဝန်ကြီးချုပ် ကြိုးပမ်း
-
ရောဂါခြေချုပ်ဖြင့် နေထိုင်ပြီးနောက် ဂျာမနီဝန်ကြီးချုပ် မာကယ် ရုံးပြန်တက်
-
အသက်ရှူရာမှတစ်ဆင့် ဗိုင်းရပ်စ်ပျ့ံနှံ့မည်ကို စိုးရိမ်ရသောကြောင့် အမေရိကန်ပြည်သူများ နှာခေါင်းစည်း ဝတ်ဆင်ကြရန် အစိုးရက အကြံပြု
-
ပဋိပက္ခဖြစ်နေသောနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သတိပေး