Top News

ရောဂါခြေချုပ်ဖြင့် နေထိုင်ပြီးနောက် ဂျာမနီဝန်ကြီးချုပ် မာကယ် ရုံးပြန်တက်
24htopnews | November 20, 2024 3:12 PM CST

 

COVID-19 ကူးစက်ခံထားရသည့် ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီးနောက် ရောဂါခြေချုပ်ဖြင့် နေထိုင်ခဲ့ရသည့် ဂျာမနီ ဝန်ကြီးချုပ် အင်ဂျလာမာကယ်သည် သီတင်း နှစ်ပတ်နီးပါးအကြာတွင် ပထမဆုံးအကြိမ် အဖြစ် ဘာလင်ရှိ နေအိမ်မှ ထွက်ခွာခဲ့သည်။

မာကယ်သည် ရုံးပြန်တက်ပြီဖြစ်သော်လည်း social distancing စည်းမျဉ်းများကို လိုက်နာမည်ဖြစ်ပြီး ဗီဒီယိုနှင့် အသံ ညှိနှိုင်း ဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံကို ဦးဆောင်မည် ဖြစ်ကြောင်း ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ် f Steffen Seibert က ပြောကြားခဲ့သည်။

အသက် ၆၅ နှစ် ရှိပြီဖြစ်သော မာကယ်သည် မြို့တော် ဘာလင်၏ ပြတိုက်အရပ်ရှိ ၎င်း၏ နေအိမ်တွင် သီးခြားခွဲနေရန် နေထိုင်ခဲ့သည်။ ၎င်းကို ကာကွယ်ဆေးထိုးပေးခဲ့သည့် ဆရာဝန်သည် ဆေးမထိုးမီ နှစ်ရက်အ လိုတွင် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း မာကယ်က မတ် ၂၂ ရက်တွင် သိရှိခဲ့သည်။ မာကယ်သည် အကြိမ်ကြိမ် စစ်ဆေးခံခဲ့ရပြီး စစ်ဆေးမှုရလဒ်အားလုံးတွင် ဗိုင်းရပ်စ်ကူး စက်ခံရခြင်းမရှိဟု ဖော်ပြခဲ့သည်။

COVID-19 ကူးစက်ခံရသူများနှင့် တွေ့ဆုံထိတွေ့ခဲ့သူများကို ၁၄ ရက်ကြာ သီးခြားခွဲနေရန် ယေဘုယျအားဖြင့် တိုက်တွန်းထားသည်။ သီးခြားခွဲနေသည့် ကာလအတွင်း မာကယ်သည် အလုပ်များဆက်လက်လုပ်ဆောင်ခဲ့ပြီး ဗီဒီယို link မှတစ်ဆင့်အစိုးရ အဖွဲ့အစည်းဝေးများပြုလုပ်ခဲ့သည်။

ဂျာမနီနိုင်ငံ၏ မကြုံစဖူး ကန့်သတ်ပိတ်ဆို့မှု စီမံချက်များနှင့် မလိုအပ်ဘဲ လူမှုရေး ထိတွေ့ဆက်ဆံမှုများပြုလုပ်ခြင်းကို ရှောင် ရန် ချမှတ်ခဲ့မှုများကို နိုင်ငံသားများက ဂရုပြု လိုက်နာခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည့် အသံဖိုင်တစ်ခုကို မာကယ် က ပြီးခဲ့သည့် သီတင်းပတ်အကုန်တွင် ထုတ် ပြန်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း ကာလအတွင်း မာကယ်အပေါ် လူထု ထောက်ခံမှုနှုန်းသည် မြင့်တက်လာခဲ့ပြီး ၎င်း၏ တည်ငြိမ်မှုနှင့် သတိဖြင့် တုံ့ပြန်မှုကို ဂျာမန်များက အထင်ကြီးခဲ့သည်။

ဧပြီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစိုးရ အသံလွှင့်ဌာန ARD အတွက် စစ်တမ်းတွင် စစ်တမ်းဖြေဆိုသူ ၆၄ ရာခိုင်နှုန်းက မာကယ် ၏ လုပ်ဆောင်ချက်ကို အလွန်အမင်း ကျေနပ် ကြောင်း( သို့မဟုတ်) ကျေနပ်မှုရှိကြောင်း ဖြေဆိုခဲ့သည်။ မာကယ်၏ လူထု ထောက်ခံမှု နှုန်းသည်လည်း ၂၀၁၇ ခုနှစ် ဖက်ဒရယ် ရွေး ကောက်ပွဲ နောက်ပိုင်းတွင် အမြင့်ဆုံးရောက် ရှိခဲ့သည်။

ဂျာမနီတွင် ဧပြီ ၃ ရက်အထိ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုသည် ၈၀,၀၀၀ နီးပါးအထိ ရှိခဲ့ပြီး ၁,၀၁၇ ဦး သေဆုံးခဲ့ကြောင်း ရောဂါ ထိန်းချုပ်မှုဆိုင်ရာအဖွဲ့အစည်း Robert Koch ၏ ထုတ်ပြန်ချက်အရ သိရသည်။ social distancing စီမံချက်များသည် ထိရောက်မှု ရှိသည်ကို ပြသခဲ့ကြောင်း RKI အကြီးအကဲ

Lothar Wieler က ပြောကြားခဲ့သည်။

“ဗိုင်းရပ်စ်ပျံ့နှံ့မှုဟာ ပိုပြီး လျော့နည်း လာတယ်။ social distancingက အလုပ် ဖြစ်ခဲ့တယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ လူထုဘဝနှင့်ပတ်သက် ပြီး ကန့်သတ်ချက်များကို ဆက်လက်ထား ရှိရန် လိုအပ်ကြောင်း၊ အောင်ပွဲခံရန်အတွက် အလွန်ပင် စောသေးကြောင်း ၎င်းက အလေးအနက်ထား ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK