Top News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ဒေါ်လာ ၄ ထရီလျံအထိ ဆုံးရှုံးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်သတိပေး
24htopnews | November 20, 2024 3:12 PM CST

အမေရိကန်၊ ဥရောပနှင့်အခြားအင်အားကြီး စီးပွားရေးများကို ထိခိုက်စေခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့စီးပွားရေးကို ဒေါ်လာ ၄.၁ ထရီလျံအထိ ဆုံးရှုံးစေနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က ဧပြီ ၃ တွင် ပြောကြားခဲ့သည်။

အလားအလာ အမျိုးမျိုးကို အခြေခံ တွက်ချက်ထားသော ထိုခန့်မှန်းချက်အရ ကမ္ဘာ့စီးပွားရေး ဆုံးရှုံးမှုသည် ကမ္ဘာ့ကုန်ထုတ်လုပ်မှု၏ ငါးရာခိုင်နှုန်း နီးပါးရှိမည်ဖြစ်သည်။ ရာစုနှစ်တစ်ခုအတွင်း အဆိုးဆုံးကပ်ဘေး ဖြစ်သည့် ဗိုင်းရပ်စ်ဘေး၏ဆုံးရှုံးမှုသည် ထိုထက်ပို၍ ကြီးမားနိုင်ကြောင်း အေဒီဘီက ပြောကြားခဲ့သည်။

စီးပွားရေးကို သက်ရောက်မှုအား ခန့်မှန်းထားမှုသည် လျှော့တွက်ထားမှု ဖြစ်နိုင်ကြောင်း ဖြစ်လာနိုင်ဖွယ်ရှိသော လူမှုရေး၊ ဘဏ္ဍာရေးအကျပ်အတည်းကဲ့သို့ ထပ်တိုး အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက် မှုနှင့်ပညာရေးကို ရေရှည်သက်ရောက်မှုများကို ယခုလေ့လာမှုမှ ဖယ်ထုတ်ထားခဲ့ကြောင်း အေဒီဘီက ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကို ထိန်းသိမ်းရန် ဆောင်ရွက် ရသည့် ကာလတိုတောင်းပါက စီးပွားရေး ဆုံးရှုံးမှု ၂ ဘီလျံခန့် သက်သာနိုင်ကြောင်း မနီလာအခြေစိုက် အေဒီဘီက ပြောကြားခဲ့ သည်။ ကမ္ဘာ့စီးပွားရေးကို ရေရှည်သက် ရောက်မှုနှင့်ပတ်သက်ပြီး ကုန်သည်များက စိုးရိမ်နေသောကြောင့် စတော့စျေးကွက်များ ထိခိုက်ကျဆင်းခဲ့ပြီး အစိုးရများ၊ ဗဟိုဘဏ် များက ထိခိုက်မှု သက်သာရာ ရစေရန် စီး ပွားရေး အကူအညီ အစီအစဉ် ဒေါ်လာ ၅ ထရီလျံကျော် ကတိပြုထားကြသည်။ ထို့ပြင် ငွေကြေးမူဝါဒများကိုလည်း တင်းကျပ်မှု လျှော့ပေးထားကြသည်။

အာရှသည် ယခုနှစ်တွင် စီးပွားရေး ၂.၂ ရာခိုင်နှုန်းတိုးတက်မည်ဖြစ်ပြီး ၁.၇ ရာ ခိုင်နှုန်းတိုးတက်ခဲ့သော ၁၉၉၈ အာရှ ဘဏ္ဍာ ရေးအကျပ်အတည်းကာလ နောက်ပိုင်း အ နှေးကွေးဆုံး စီးပွားရေးတိုးတက်မှု ဖြစ်မည် ဟု အေဒီဘီက ခန့်မှန်းခဲ့သည်။ အာရှ စီးပွား ရေး ၅.၅ ရာခိုင်နှုန်း တိုးတက်မည်ဟု ယမန် နှစ်စက်တင်ဘာ၌ အေဒီဘီက ခန့်မှန်းခဲ့ သည်။

ကိုဗစ်-၁၉ ၏အလားအလာကို ခန့် မှန်းရန် မဖြစ်နိုင်သေးကြောင်း ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် ကြာချိန်သည် လက်ရှိခန့်မှန်း ထားသည်ထက် ရှည်ကြာနိုင်ကြောင်း အေဒီ ဘီ၏ဦးဆောင်စီးပွားရေးပညာရှင် ယာဆူ ယူကီဆာဝါဒါက ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွား ရေး ဒေါ်လာ ၃၄၇ ဘီလျံ ဆုံးရှုံးနိုင်ကြောင်း မတ် ၆ တွင် အေဒီဘီက ခန့်မှန်းပြောကြား ခဲ့သည်။

ရလဒ်များသည် ခန့်မှန်းထားသည်ထက် ဆိုးနိုင်ကြောင်း စီးပွားရေးတိုးတက်မှုသည် အလျင်အမြန် နာလန်ထူနိုင်ဖွယ် မရှိကြောင်း အေဒီဘီက ပြောကြားခဲ့သည်။

အာရှအကြီးဆုံး စီးပွားရေး ဖြစ်သော တရုတ်တွင် တိုးတက်မှုသည် ၂၀၁၉ ခုနှစ်က ၆.၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၂.၃ ရာခိုင်နှုန်းသို့ တိုးတက်မှုနှေးကွေးမည်ဟု အေဒီဘီက ခန့်မှန်းခဲ့သည်။ ၂၀၂၁ ခုနှစ်၌ တရုတ်စီးပွားရေး ပြန်လည်ဦးမော့မည်ဟု လည်း အေဒီဘီက ဆိုသည်။ တရုတ်၌ ဂျီဒီပီ ၏ ၅ ရာခိုင်နှုန်း နီးပါး၊ ဒေါ်လာ ၆၂၈ ဘီလျံ ဆုံးရှုံးနိုင်ကြောင်း အေဒီဘီက ပြောကြားခဲ့ သည်။

ဗိုင်းရပ်စ်ကြောင့် လူအများအပြား နေ အိမ်တွင် နေနေ ကြသောကြောင့် ဝယ်လို အား ရှော့ခ် ဖြစ်လာပြီး လုပ်ငန်းများတွင် လုပ်အား မလုံလောက်မှုကြောင့် ရောင်းလို အားရှော့ခ်လည်း ဖြစ်လာကြောင်း ကုန်ထုတ် လုပ် ဖြန့်ဖြူးမှု လုပ်ငန်းစဉ်လည်း ကမောက် ကမဖြစ်ခဲ့ကြောင်း အေဒီဘီက ပြောကြားခဲ့ သည်။                                       

 


READ NEXT
Cancel OK