သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် သက်တမ်းတိုးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ ကော်မရှင် သက်တမ်းတိုးခြင်းအား လွှတ်တော်၏ သဘောထား ရယူရာတွင် လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်သဖြင့် မဲခွဲဆုံးဖြတ်ရာ မဲပေးခွင့်ရှိသူ ၆၀၈ ဦးအနက် ထောက်ခံမဲ ၂၀ ၊ ကန့်ကွက် ၅၅၅ မဲ ၊ ကြားနေ ၁၀ မဲ ရရှိသဖြင့် ကန့်ကွက်မဲ များသောကြောင့် ကော်မရှင် သက်တမ်းတိုးခြင်းအား ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် မရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သူရဦးရွှေမန်း အပါအဝင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်အချို့ပါဝင်သည့် နိုင်ငံရေးပါတီတစ်ရပ်အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီမှတ်ပုံတင် လျှောက်ထားဆဲ အခြေအနေလဲ ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အစည်းအဝေး ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်နေစဉ် (ဓာတ်ပုံ - အထူးကော်မရှင်)