Top News

BLACKPINKအဖွဲ့ဝင် ဂျန်းနီ၏ ကိုယ်ရေးကိုယ်တာဓာတ်ပုံများ အွန်လိုင်းပေါ်ပေါက်ကြားမှုအတွက် YG Entertainment ကုမ္ပဏီက ဥပဒေအရအရေးယူခြင်းများ ပြုလုပ်မည်
24htopnews | April 6, 2024 12:13 AM CST

BLACKPINK အဖွဲ့ဝင်ဂျန်းနီ၏ ကိုယ်ရေးကိုယ်တာဓာတ်ပုံများ အွန်လိုင်းပေါ်ပျံ့နှံ့ လာမှုများကြောင့် ၎င်းင်းအဖွဲ့၏အေဂျင်စီဖြစ် သည့် YG Entertainment ကုမ္ပဏီက အရေးယူမှုများပြုလုပ်တော့မည်ဟု ကြေညာလိုက်သည်။

ဂျန်းနီ၏ဓာတ်ပုံများကို အွန်လိုင်းပေါ်တင်သူနှင့် ဂျန်းနီအကြောင်း ကောလာဟလ ဖြန့်ဝေသူများကို ပစ်မှတ်ထားအရေးယူမည် ဖြစ်ကြောင်း YG Entertainment က ဆိုသည်။

ယခုနှစ်၊ သြဂုတ်တွင် ဂျန်းနီကိုယ်တိုင် ဆိုရှယ်မီဒီယာပေါ် မတင်ထားသည့် ဓာတ်ပုံများ အွန်လိုင်းပေါ်ရောက်လာပြီး ထိုဓာတ်ပုံ များကြောင့် ဂျန်းနီနှင့် BTS အဖွဲ့ဝင်ဗွီတို့ ဒိတ်နေပြီဆိုသည့် ထင်ကြေးများ၊ ဂျန်းနီ၏ဖုန်းထဲမှ ဓာတ်ပုံများ အဟက်ခံရပြီဆိုသည့် ကောလာဟလများ ထွက်လာခဲ့သည်။

YG ဘက်က အဟက်ခံရသည့်ကိစ္စကို တိုက်ရိုက်မရည်ညွှန်းသော်လည်း၊ ဆိုရှယ်မီဒီယာပေါ် ဓာတ်ပုံများပျံ့နေသည့်ကိစ္စကို တားမြစ်ပေးရန် စက်တင်ဘာတွင် တောင်ကိုရီးယားရဲတပ်ဖွဲဲ့ထံ အကြောင်းကြားပြီးပြီဟု ဆိုသည်။

တောင်ကိုရီးယားတွင် ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ပစ်မှတ်ကိုထိခိုက်စေကြောင်း သက်သေပြနိုင်သည့် မည်သည့်ပြောဆိုဖော်ပြချက်မဆို အသရေဖျက်မှုမြောက်သည်။ YG နည်းတူ BTS ၏အေဂျင်စီ Big Hit Music ကလည်း BTS နှင့်ပတ်သက်လာလျှင် ဥပဒေနည်းနှင့်ဖြေရှင်းမည်ဆိုသည့် အလားတူသတိပေးကြေညာချက်မျိုး စက်တင်ဘာ ၂၉ ရက်က ထုတ်ထားသည်။


READ NEXT
Cancel OK