သိပ္ပံအက်ရှင်ဇာတ်ကား ဖြစ်သည့်Teenge Mutant Ninja Turtles: Out Of The Shadows ရုပ်ရှင်ကို ဇွန် ၃ ရက်မှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ ပြည်နှင့် လားရှိုးမြို့ များရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသသွားမည်ဟု သိရသည်။ Teenge Mutant Ninja Turtles: Out Of The Shadows ရုပ်ရှင်ဇာတ်ကားသည် ကမ္ဘာတစ်လွှား ကျော်ကြားအောင်မြင်ခဲ့သည့် လိပ်နင်ဂျာ ဇာတ်ကောင်များ၏ ဇာတ်ကားသစ်ဖြစ်သည်။ ယင်းဇာတ်ကားကို အမေရိကန်နိုင်ငံတွင်လည်း ဇွန် ၃ ရက်၌ စတင် ပြသမည်ဟု သိရသည်။လူသားများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးလေ့ရှိသည့် လိပ်နင်ဂျာများသည် လူဆိုးကြီး Shredder အတွက်မူ သူ၏ ဒုစရိုက်မှုများ၌ အနှောင့်အယှက် ပေးနေသူများသာဖြစ်သည်။ သို့အတွက် လိပ်နင်ဂျာများကို ချေမှုန်းလိုသည့် Shredder က လိပ်နင်ဂျာများနှင့်ပတ်သက်၍ သုတေသနပြုနေသူ သိပ္ပံပညာရှင်အကြီး အကဲတစ်ဦးဖြစ်သည့် Dr. Baxter Stockman ကို စည်းရုံး သိမ်းသွင်းခဲ့သည်။ထို့နောက်တွင် Dr. Baxter Stockman ၏ သုတေသန ပြုချက်များနှင့်အတူ လိပ်နင်ဂျာများကဲ့သို့ အခြားတိရိစ္ဆာန် မျိုးစိတ်သစ်များကို ဖန်တီးခဲ့တော့သည်။ ထိုအစွမ်းရှိသည့် တိရိစ္ဆာန်မျိုးစိတ်သစ်များကို အသုံးပြုကာ လူဆိုးကြီး Shredder က နယူးယောက်မြို့ကြီးအား ဖျက်ဆီးရန်ကြိုးစားတော့သည်။ လူဆိုးကြီး Shredder ၏ အကြံအစည်ကို ဖျက်ဆီးရန်အတွက် လိပ်နင်ဂျာများနှင့် လူသားမိတ်ဆွေများဖြစ်သည့် April O'Neil ESihf Vern Fenwick နှင့် Vern Fenwick တို့၏ အကူအညီကိုရယူကာ တိရိစ္ဆာန်မျိုးစိတ်သစ် နင်ဂျာများအား လိုက်လံ ချေမှုန်းရာမှဖြစ်ပေါ်လာသည်များကို ဟာသနှောကာ ရိုက်ကူးတင်ပြထားသည့် သိပ္ပံအက်ရှင် ဇာတ်ကား ဖြစ်သည်။Teenge Mutant Ninja Turtles: Out Of The Shadows ဇာတ်ကားကို ဒါရိုက်တာ Dave Green က ရိုက်ကူးပြီး Alessandra Ambrosio, Megan Fox, Stephen Amell, Will Arnett, Brian Tee, Tyler Perry, Brittany Ishibashi တို့ ပါဝင် သရုပ်ဆောင်ထားသည်။ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ ရှေ့ဆောင်၊ မင်္ဂလာစံပြ ရုပ်ရှင်ရုံများ၊ မန္တလေးမြို့ရှိ Mingalar Diamond Cineplex၊ ပြည်မြို့ရှိ မင်္ဂလာ ထွန်းသီရိရုပ်ရှင်ရုံများနှင့် လားရှိုးမြို့ရှိ အောင်သီရိ ရုပ်ရှင်ရုံများတွင် ဇွန် ၃ ရက်မှ စတင်ကာ တစ်ပြိုင်နက် ရုံတင် ပြသသွားမည်ဟု သိရသည်။
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ဒေါ်လာ ၄ ထရီလျံအထိ ဆုံးရှုံးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်သတိပေး
-
နိုင်ငံသားများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုပြုလုပ်ရန် အိန္ဒိယဝန်ကြီးချုပ် ကြိုးပမ်း
-
ရောဂါခြေချုပ်ဖြင့် နေထိုင်ပြီးနောက် ဂျာမနီဝန်ကြီးချုပ် မာကယ် ရုံးပြန်တက်
-
အသက်ရှူရာမှတစ်ဆင့် ဗိုင်းရပ်စ်ပျ့ံနှံ့မည်ကို စိုးရိမ်ရသောကြောင့် အမေရိကန်ပြည်သူများ နှာခေါင်းစည်း ဝတ်ဆင်ကြရန် အစိုးရက အကြံပြု
-
ပဋိပက္ခဖြစ်နေသောနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သတိပေး