၂၀၂၂ ခုနှစ်သည် ဘောလိဝုဒ်မင်းသမီး အလီယာဘတ်အတွက် အလွန်ထူးခြားသည့် နှစ်တစ်နှစ်ဟု ဆိုရမည်။
ငယ်ချစ် သရုပ်ဆောင် ရန်ဘီကပူးရ်နှင့် အိမ်ထောင်ကျပြီး နိုဝင်ဘာ ၆ ရက်က ရင်သွေးလေးတစ်ဦး အလီယာ ဘတ်ဘဝထဲသို့ရောက်လာသည့်အပြင် ပျော် စရာများဆက်တိုက်ဆိုသလို ၎င်းတို့စုံတွဲ ပါ ဝင်ရိုက်ကူးထားသည့် bahmastra ရုပ်ရှင် ဇာတ်ကားကြီးကလည်း ၂၀၂၂ ခုနှစ်၏ဝင် ငွေအကောင်းဆုံး ဘောလိဝုဒ်ဇာတ်ကား ဖြစ် လာသည်။
ထိုဇာတ်ကားရိုက်ကူးစဉ်ကအကြောင်းများကို (အထူးသဖြင့် ရန်ဘီကပူးရ်နှင့် တွဲရိုက် ရသည့်ခံစားချက်ကို) Marie Claire ပြင်သစ် မဂ္ဂဇင်းနှင့်အင်တာဗျူးတွင် အလီယာကဖြေ ပေးထားသည်။
ရန်ဘီသည် အလွန်စည်းစနစ်ကျသည့် မင်းသား၊ အလုပ်တွဲလုပ်ရ အဆင်ပြေဆုံးမင်း သားများထဲမှ တစ်ဦးဖြစ်ပြီး အမြဲအချိန်မှန်၊ အခြားသရုပ်ဆောင်များကိုလည်း ဂရုစိုက် တတ်ပြီး ထိုအချက်များကြောင့် ၎င်းင်းကိုလေး စားရကြောင်း အလီယာက ပြောသည်။
လူသိများသူတစ်ဦးအနေဖြင့် ပရိသတ်များ၏စောင့်ကြည့်မှုအောက်တွင် ကလေးတစ်ဦးကို ပျိုးထောင်ရမည့်အပေါ် အလီယာက အနည်းငယ်စိတ်ပူမိသည်ဟု ဆိုသည်။မိသား စုမိတ်ဆွေများနှင့်လည်း ထိုအကြောင်းကိုပြော ဖြစ်လေ့ရှိသည်။ကလေးကို သရုပ်ဆောင်ပေး လုပ်မည်လားဆိုလျှင် ထိုကိစ္စက ကြိုစီစဉ်ပြင် ဆင်ထားနိုင်သည့်ကိစ္စမျိုးမဟုတ်၊ မည်သို့မည် ပုံဖြစ်ရမည်ဆိုသည့် ပုံသေအတွေးမျိုး မထား ချင်ဟု အသက် ၂၉ နှစ်အရွယ်အလီယာက ဖြေခဲ့သည်။
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ဒေါ်လာ ၄ ထရီလျံအထိ ဆုံးရှုံးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်သတိပေး
-
နိုင်ငံသားများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုပြုလုပ်ရန် အိန္ဒိယဝန်ကြီးချုပ် ကြိုးပမ်း
-
ရောဂါခြေချုပ်ဖြင့် နေထိုင်ပြီးနောက် ဂျာမနီဝန်ကြီးချုပ် မာကယ် ရုံးပြန်တက်
-
အသက်ရှူရာမှတစ်ဆင့် ဗိုင်းရပ်စ်ပျ့ံနှံ့မည်ကို စိုးရိမ်ရသောကြောင့် အမေရိကန်ပြည်သူများ နှာခေါင်းစည်း ဝတ်ဆင်ကြရန် အစိုးရက အကြံပြု
-
ပဋိပက္ခဖြစ်နေသောနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သတိပေး