Top News

မန္တလေးမြို့ရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား COVID-19 ကာကွယ်ဆေးထိုးနှံရန် ကာကွယ်ဆေးများကို AIR KBZ လေကြောင်းလိုင်းဖြင့်ပို့ဆောင်
24htopnews | November 25, 2024 10:13 PM CST

မန္တလေးမြို့ရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား COVID-19 ကာကွယ်ဆေးထိုးနှံရန် ကာကွယ်ဆေးများအား AIR KBZ လေကြောင်းလိုင်းဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်က AIR KBZ လေကြောင်းလိုင်းဖြင့် အဆိုပါ COVID-19 ကာကွယ်ဆေးများအား မန္တလေးမြို့သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ဘဏ္ဍာငွေဖြင့် COVISHIELD/AstraZeneca ကာကွယ်ဆေးအကြိမ် (Dose) အရေအတွက်သန်း ၃၀ ကို ဝယ်ယူထားပြီးဖြစ်ကာ ဖေဖော်ဝါရီလပထမပတ်အတွင်း ကာကွယ်ဆေးအကြိမ်ရေ နှစ်သန်းခန့် ကနဦး ရောက်ရှိလာမည်ဖြစ်ပြီး COVAX Facility မှ ကာကွယ်ဆေးများသည် မတ်လတွင်စတင်၍ လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ကာကွယ်ဆေးများသည် ဧပြီလတွင်လည်းကောင်း လစဉ် အသုတ်လိုက် ဆက်လက်ရရှိသွားမည်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေးထိုးနှံရာတွင် မိမိအိမ်တွင် နေထိုင်ရေးအစီအစဉ် (Stay at Home) တွင် အကျုံးဝင်သော မြို့နယ်များ၌ နေထိုင်ပြီး အသက်ကြီးသူများ၊ အခြားရောဂါအခံရှိသူများနှင့် ရောဂါရရှိမှု လွယ်သော လူအုပ်စုများကို ဦးစားပေးကာထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆက်လက်၍ ကာကွယ်ဆေးရရှိမှု အရေအတွက်အပေါ် မူတည်၍ Stay at Home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များအနက် ကူးစက်ဖြစ်ပွားမှုများပြားသော မြို့နယ်များ၊ နေရာဒေသများကို ဦးစားပေး ရွေးချယ်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က AIR KBZ လေကြောင်း လိုင်းဖြင့် အကျိုးတူပူးပေါင်းကာ Embraer E190 လေယာဉ်ဖြင့် ပြည်တွင်းခရီးစဉ်များ ပျံသန်းနေပြီဖြစ်သည်။

MAI လေကြောင်းလိုင်းသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ၂၁ ရက်မှစ၍ Embraer E190 လေယာဉ်ဖြင့် ရန်ကုန်မြို့မှ မြိတ်၊ စစ် တွေနှင့် မြစ်ကြီးနား ခရီးစဉ်များကို ပျံသန်း သွားမည်ဖြစ်သည်။ MAI Embraer’s Business Class ဖြင့် ခရီးသွားမည့် ဧည့်သည်များအတွက် extra baggage သယ်ဆောင်ခွင့်၊ ဦးစားပေး check-in နှင့် boarding ဝန်ဆောင်မှုများအစရှိသည့် VIP ဝန်ဆောင်မှုများအပြင် extra mileage ခံစားခွင့်များ ပါရရှိမည်ဟု သိရသည်။

ပြည်ပခရီးစဉ်များသာ ပျံသန်းနေသည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ကပထမဆုံး ပြည်တွင်းခရီးစဉ် ပျံသန်းရန်မှာယူထားသည့် Embraer E190-100LR လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၆ ရက်က ရောက်ရှိခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အနေဖြင့် ပြည်တွင်းခရီးစဉ်များကို ပျံသန်းရန် Embraer E190 လေယာဉ်လေးစီးအား မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုမရှိခင်ကပင် စီစဉ်မှာယူထားခဲ့ရာ ယခုအခါ ပထမအဆင့်အနေဖြင့် Embraer E190-100LR XY-ALO လေယာဉ်သည် MAI လေကြောင်းလိုင်း၏ Logo နှင့် လေယာဉ်ကိုယ်ထည် ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။


READ NEXT
Cancel OK