Top News

ပရီးမီးယားလိဂ် နှင့် စီးရီးအေ ပွဲကြိုသုံးသပ်ချက်
24htopnews | November 25, 2024 8:12 PM CST

နယူးကာဆယ် နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

နယူးကာဆယ်အသင်းက ချယ်လ်ဆီးကို ရှုံးပြီးတဲ့နောက် အာဆင်နယ်နဲ့ နော်တင်ဟမ်တို့လို ပုံစံကောင်းပြနေပြီး အမှတ်ပေးဇယားထိပ်ပို်င်းမှာ ရောက်နေတဲ့အသင်းတွေကို  အနိုင်ကစားပြခဲ့တယ်။ ခံစစ်မှာ လူမစုံသေးပေမဲ့ တိုက်စစ်မှာ လူစုံနေပြီး အီဆက်ခ်၊ ဂေါ်ဒွန်တို့က အသင်းတိုင်းကို ဒုက္ခပေးနိုင်တာ တွေ့ရတယ်။ ဝက်စ်ဟမ်းနဲ့ ခြေကွာပါတယ်။ နယူးကာဆယ်ကိုပဲ ကြိုက်တယ်။ 

အမ်ပိုလီ နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် တနင်္လာည ၁၂းဝ၀ နာရီ)

ဒီ(၂)သင်းတွေ့တဲ့ စီးရီးအေနောက်ဆုံး (၄)ပွဲမှာ (၃)ပွဲက သရေကျခဲ့တယ်။ အူဒီးနီးစ်က ဒီရာသီမှာ သိသိသာသာကျဆင်းလာတဲ့အသင်းပါ။ အမ်ပိုလီ အနိမ့်ဆုံးသရေရမယ်။ ဂိုးနည်းနိုင်တယ်။

ဗင်နီဇီယာ နှင့် လက်ချီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

တန်းဆင်းဇုန်ထဲက အသင်းတွေထိပ်တိုက်တွေ့ဆုံတဲ့ပွဲ ဖြစ်ပြီး(၂)သင်းအကြား ကွာဟချက်လည်း သိပ်မရှိပါဘူး။ ဒါပေမဲ့ အိမ်ရှင် အားသာချက်ရှိတဲ့ ဗင်နီဇီယာဘက်က ရပ်တည်သင့်တယ်။


READ NEXT
Cancel OK