အမေရိကန်အစိုးရ အေဂျင်စီများမှ Huawei ၏ ကိရိယာများ ဝယ်ယူရန် တားမြစ်ထားခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်သဖြင့် အမေရိကန်၏ တားမြစ်မှုကို ဖယ်ရှားပေးရန် တရုတ် ဆက်သွယ်ရေး လုပ်ငန်းကြီး Huawei က မေ ၂၉ ရက် တွင် ပြောကြားခဲ့ပြီး တရားရေး တိုက်ပွဲကို အရှိန်မြှင့်ခဲ့သည်။
Huawei သည် စီးပွားရေးလုပ်ငန်း လျှို့ဝှက်ချက်များကို ခိုးယူနေကြောင်းနှင့် အီရန်ကို အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများအား ချိုးဖောက်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့က စွပ်စွဲထားသည်။ ထို့ပြင် Huawei ၏ ကိရိယာများအား အစိုးရ အေဂျင်စီများက မဝယ်ယူရန် တားမြစ်ထားသည်။ Huawei ၏ ထုတ်ကုန်များကို တားမြစ်မှုနှင့် ပတ်သက်ပြီး သက်သေပြရန် အမေရိကန် ကွန်ဂရက်သည် ပျက်ကွက်ခဲ့ကြောင်း Huawei က ပြောကြားခဲဲ့သည်။ မတ်လတွင် တိုင်ကြားခဲ့သော ထိုအမှုကို ရှေ့ဆက် ဆောင်ရွက်ရန်အတွက် တရားရုံးများက အလျင်အမြန် ဆုံးဖြတ်ပေးရန် Huawei က မေ ၂၉ တွင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
Huawei ၏ ရုံးချုပ်ရှိသော တရုတ် တောင်ပိုင်း ရှင်းကျန်မြို့တွင် ကုမ္ပဏီ၏ တရားရေး အမှုဆောင်ချုပ် ဆုန်လျူဖင်က အမေရိကန် နိုင်ငံရေးသမားများသည် ၎င်းတို့အား စီးပွားရေးနယ်ပယ်မှ ဖယ်ထုတ် လိုနေကြကြောင်း ပြောကြားခဲ့သည်။ Huawei သည် ဆက်သွယ်ရေး ကိရိယာများ ထုတ်လုပ်သည့် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်ပြီး 5G မိုဘိုင်းနည်းပညာတွင် ရှေ့ဆောင်နေသည်။ သို့သော်လည်း အမေရိကန် အပါအဝင် နိုင်ငံရပ်ခြားမှ ကုမ္ပဏီများ၏ ပစ္စည်းထောက်ပံ့မှုများကို မှီခိုရသည်။
အမေရိကန်က တားမြစ် ပိတ်ပင်မှုတွင် Huawei ၏ ကိရိယာနှင့် ဝန်ဆောင်မှုများကို အမေရိကန် အစိုးရအေဂျင်စီများက ဝယ်ယူမှုအား တားမြစ်ရုံသာမက Huawei ၏ ကိရိယာများကို ဝယ်ယူလိုသော ကုမ္ပဏီများအားလည်း တားမြစ်ထားသည်။
Huawei သည် ယခုသီတင်းပတ်တွင် တက္ကဆက်ပြည်နယ် ပလာနိုမြို့ရှိ အမေရိကန် ခရိုင်တရားရုံးတွင် အမေရိကန်၏ ပိတ်ပင်မှုအား ဥပဒေကြောင်းအရ တိုင်ကြားခဲ့ပြီး အမျိုးသား ကာကွယ်ရေး အာဏာပိုင်ဥပဒေ NDAA အရ ပိတ်ပင်ထားခြင်းကို စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ယင်းဥပဒေသည် Huawei ကုမ္ပဏီ တစ်ခုတည်းကို ကွက်၍ အပြစ်ပေးခြင်းဖြင့် အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်နေကြောင်း တရုတ်ကုမ္ပဏီက စွဲချက် တင်ထားသည်။ Huawei ကို အမေရိကန်၏ ပိတ်ပင်မှုသည် စျေးကွက်စံနှုန်းများကို ချိုးဖောက်ပြီး အမေရိကန် စားသုံးသူများ နှင့် ကမ္ဘာတစ်ဝန်းမှ Huawei ၏ သုံးစွဲသူ ၃.၁ ဘီလျံကိုလည်း ထိခိုက်စေမည်ဟု Huawei ၏ ဥပဒေအရာရှိချုပ် ဆုန်က ပြောကြားခဲ့သည်။
သို့သော်လည်း အမေရိကန်လုပ် ပစ္စည်းအစိတ်အပိုင်းများကို ဝယ်ယူရန် Huawei အား တားမြစ်ခြင်းသည် ကုမ္ပဏီ၏ ရှင်သန်မှုကို အန္တရာယ်ရှိစေကြောင်း လေ့လာ သုံးသပ်သူများက သတိပေးမှုကို ဆုန်က ပယ်ချ ခဲ့သည်။ စျေးကွက်အတွင်းမှ မမြင်နိုင်သော အစွန်းရောက်မှုများအတွက် Huawei က နှစ်ပေါင်းများစွာ ပြင်ဆင် ထားကြောင်း ဆုန် က ပြောကြားခဲ့သည်။
တရုတ် ဆက်သွယ်ရေးကုမ္ပဏီ ZTE သည်လည်း ယမန်နှစ်က အလားတူ ပိတ်ပင်မှုမျိုး ကြုံခဲ့ရသည်။ အီရန်နှင့် မြောက်ကိုရီးယားကို ပစ္စည်းကိရိယာများ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ZTE သည် အမေရိကန်တွင် စီးပွားရေး လုပ်ကိုင်ခွင့် ခုနစ်နှစ် ပိတ်ပင်ခံခဲ့ရသည်။
-
ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်အချို့ တိုက်ခိုက်ခံရမှုမှ စွပ်စွဲခံရသူ သုံးဦးအား သာကေတမြို့နယ် တရားရုံး၌ ရုံးထုတ်၍ သက်သေခံပစ္စည်း သိမ်းဆည်းရာတွင် ပါဝင်သူ တစ်ဦးကို တရားလိုပြသက်သေအဖြစ် စစ်ဆေး
-
ဧပရယ် ပြီးတော့ မေ...
-
မြန်မာ့ပန်းပု အနုလက်ရာ
-
မြောက်ဥက္ကလာပမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် ကျောင်းသူသုံးဦး ကျူရှင်သွားရာမှ ပျောက်ဆုံးနေဟု သိရ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာရှရှိ တရုတ်စီမံကိန်းအများအပြား နှောင့်နှေး